Vivo ဟာ သူတုိ႔ရဲ႕ Mid-range တန္းဝင္ V11 Family ဟန္းဆက္ေတြကို ပါကစၥတန္၊ မေလးနဲ႔ တရုတ္ အပါအဝင္ ႏုိင္ငံတကာေစ်းကြက္ေတြကို ျဖန္႔ခ်လိုက္ပါျပီ။ ေရာင္းခ်တဲ့ ႏုိင္ငံကိုလိုက္ျပီး ကြဲျပားတဲ့ အစိတ္အပုိင္း၊ နာမည္ေျပာင္းလဲမႈ စတာေတြ ရွိႏုိင္ပါတယ္။

Vivo V11 Pro ကစေျပာရရင္ အဆုိပါဟန္းဆက္မွာ 6GB RAM မန္မုိရီ၊ 128GB Storage နဲ႔ Snapdragon 660 ခ်စ္ပ္ဆက္တုိ႔အျပင္ In-display လက္ေဗြဖတ္ဆင္ဆာတုိ႔လည္း ပါဝင္ပါတယ္။ V11 Pro ကို မေလးရွား ေစ်းကြက္မွာေတာ့ ယူရုိ 352 နဲ႔ညီမွ်တဲ့ 1699 RM နဲ႔ စက္တင္ဘာ ၁၅ ရက္မွ စျပီး ေရာင္းခ်သြားမွာပါ။ ပါကစၥတန္ ေစ်းကြက္မွာေတာ့ ယူရုိ 350 ေစ်းႏႈန္းသတ္မွတ္ထားျပီး စက္တင္ဘာ ၁၃ ရက္မွာ စတင္ေရာင္းခ်သြားမွာပါ။

Vivo V11 ဖုန္းကို မေလးေစ်းကြက္အတြင္းမွာ V11i ဆုိတဲ့ နာမည္နဲ႔ ေရာင္းခ်သြားမွာျဖစ္ျပီး In-display Fingerprint အစား ေက်ာဘက္မွာ လက္ေဗြဖတ္ဆင္ဆာ ထည့္ထားပါတယ္။ V11 Pro နဲ႔ ေနာက္ထပ္ကြာျခားမႈ ကေတာ့ သူဟာ MediaTek Helio P60 ခ်စ္ပ္ဆက္ကို အသုံးျပဳထားျပီး 4GB RAM မန္မုိရီသာ ျဖစ္ပါတယ္။ ကင္မရာလည္း ေလွ်ာ့ထားျပီး V11i ရဲ႕ ေက်ာဘက္ကင္မရာက 16MP + 5MP ျဖစ္ကာ ဆယ္လ္ဖီကင္မရာ ကေတာ့ V11 Pro လုိပဲ 25MP ပါ။

Vivo V11i ကေတာ့ မေလးရွားေစ်းကြက္ကို ယူရုိ 270 ေစ်းႏႈန္းနဲ႔ ဝင္လာမွာျဖစ္ျပီး စက္တင္ဘာ ၂၁ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာပါ။ ပါကစၥတန္ေစ်းကြက္မွာလည္း ပုံမွန္ V11 ကို ယူရုိ 280 နဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

တရုတ္ေစ်းကြက္အတြက္ကိုေတာ့ Vivo က Y97 စမတ္ဖုန္းကို မိတ္ဆက္ခဲ့ျပီး အစိတ္အပုိင္းအမ်ားစုက Vivo V11 နဲ႔ တူညီေပမယ့္ Fingerprint ဆင္ဆာေတာ့ တစ္ခုမွ မပါပါဘူး။ မ်က္ႏွာျပင္ကလည္း ပိုေသးငယ္တဲ့ 6.3” လက္မ IPS Display နဲ႔ အနည္းငယ္ေသးတဲ့ 3,315 mAh ဘတၳရီတုိ႔ ပါဝင္ပါတယ္။ Vivo Y97 မွာေတာ့ Helio P60 ကိုပဲ သုံးစြဲထားျပီး 4GB RAM ပမာဏျဖစ္ပါတယ္။ Y97 ကုိေတာ့ တရုတ္ေစ်းကြက္မွာ ယူရုိ 250 နဲ႔ ညီမွ်တဲ့ တရုတ္ယြမ္ေငြ ႏွစ္ေထာင္ျဖင့္ ေရာင္းခ်သြားမွာပါ။

Ref – https://www.gsmarena.com/vivo_v11_and_v11_pro_go_on_sale_globally_today-news-33192.php

Unicode

Vivo ဟာ သူတို့ရဲ့ Mid-range တန်းဝင် V11 Family ဟန်းဆက်တွေကို ပါကစ္စတန်၊ မလေးနဲ့ တရုတ် အပါအဝင် နိုင်ငံတကာဈေးကွက်တွေကို ဖြန့်ချလိုက်ပါပြီ။ ရောင်းချတဲ့ နိုင်ငံကိုလိုက်ပြီး ကွဲပြားတဲ့ အစိတ်အပိုင်း၊ နာမည်ပြောင်းလဲမှု စတာတွေ ရှိနိုင်ပါတယ်။

Vivo V11 Pro ကစပြောရရင် အဆိုပါဟန်းဆက်မှာ 6GB RAM မန်မိုရီ၊ 128GB Storage နဲ့ Snapdragon 660 ချစ်ပ်ဆက်တို့အပြင် In-display လက်ဗွေဖတ်ဆင်ဆာတို့လည်း ပါဝင်ပါတယ်။ V11 Pro ကို မလေးရှား ဈေးကွက်မှာတော့ ယူရို 352 နဲ့ညီမျှတဲ့ 1699 RM နဲ့ စက်တင်ဘာ ၁၅ ရက်မှ စပြီး ရောင်းချသွားမှာပါ။ ပါကစ္စတန် ဈေးကွက်မှာတော့ ယူရို 350 ဈေးနှုန်းသတ်မှတ်ထားပြီး စက်တင်ဘာ ၁၃ ရက်မှာ စတင်ရောင်းချသွားမှာပါ။

Vivo V11 ဖုန်းကို မလေးဈေးကွက်အတွင်းမှာ V11i ဆိုတဲ့ နာမည်နဲ့ ရောင်းချသွားမှာဖြစ်ပြီး In-display Fingerprint အစား ကျောဘက်မှာ လက်ဗွေဖတ်ဆင်ဆာ ထည့်ထားပါတယ်။ V11 Pro နဲ့ နောက်ထပ်ကွာခြားမှု ကတော့ သူဟာ MediaTek Helio P60 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 4GB RAM မန်မိုရီသာ ဖြစ်ပါတယ်။ ကင်မရာလည်း လျှော့ထားပြီး V11i ရဲ့ ကျောဘက်ကင်မရာက 16MP + 5MP ဖြစ်ကာ ဆယ်လ်ဖီကင်မရာ ကတော့ V11 Pro လိုပဲ 25MP ပါ။

Vivo V11i ကတော့ မလေးရှားဈေးကွက်ကို ယူရို 270 ဈေးနှုန်းနဲ့ ဝင်လာမှာဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ ပါကစ္စတန်ဈေးကွက်မှာလည်း ပုံမှန် V11 ကို ယူရို 280 နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

တရုတ်ဈေးကွက်အတွက်ကိုတော့ Vivo က Y97 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး အစိတ်အပိုင်းအများစုက Vivo V11 နဲ့ တူညီပေမယ့် Fingerprint ဆင်ဆာတော့ တစ်ခုမှ မပါပါဘူး။ မျက်နှာပြင်ကလည်း ပိုသေးငယ်တဲ့ 6.3” လက်မ IPS Display နဲ့ အနည်းငယ်သေးတဲ့ 3,315 mAh ဘတ္ထရီတို့ ပါဝင်ပါတယ်။ Vivo Y97 မှာတော့ Helio P60 ကိုပဲ သုံးစွဲထားပြီး 4GB RAM ပမာဏဖြစ်ပါတယ်။ Y97 ကိုတော့ တရုတ်ဈေးကွက်မှာ ယူရို 250 နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ နှစ်ထောင်ဖြင့် ရောင်းချသွားမှာပါ။