Zawgyi

Vivo V11 နဲ႔ V11i တို႔ဟာ မၾကာေသးခင္ကမွ ျမန္မာႏိုင္ငံကို ဝင္ေရာက္ခဲ့တဲ့ စမတ္ဖုန္းမ်ား ျဖစ္ပါတယ္။ Vivo Myanmar မွ V11 နဲ႔ V11i စမတ္ဖုန္းေတြကို တၿပိဳင္တည္း မိတ္ဆက္ေပးခဲ့တယ္ဆိုေပမယ့္ V11 က In-display Fingerprint နည္းပညာ အသုံးျပဳ စမတ္ဖုန္း တစ္လုံး ျဖစ္တာေၾကာင့္ လူအမ်ားရဲ႕ စိတ္ဝင္စားမႈကို ခံခဲ့ရၿပီး၊ V11i ကေတာ့ မ်က္ႏွာငယ္ေလးနဲ႔ ပြဲထြက္ခဲ့ရတာပါ။ အလားတူ ေစ်းႏႈန္းမွာလည္း V11 က ၅၅၉,၀၀၀ က်ပ္ တန္ဖိုးရွိၿပီး V11i ကေတာ့ ၄၁၉,၀၀၀ က်ပ္ပဲ ရွိပါတယ္။

Vivo V11 နဲ႔ V11i တို႔ရဲ႕ ေစ်းႏႈန္းကြာျခားရျခင္း အဓိက အေၾကာင္းအရင္းကေတာ့ In-display Fingerprint Scanner ပါ။ V11 မွာ In-display Fingerprint နည္းပညာကို ထည့္သြင္းထားၿပီး V11i မွာေတာ့ သာမန္ Fingerprint Sensor ကိုသာ တပ္ဆင္ထားပါတယ္။ ဒါ့အျပင္ V11 ရဲ႕ Display အပိုင္းအတြက္ 6.41” Super AMOLED Display ( Resolution 1080 x 2340 pixels ) ကို အသုံးျပဳထားၿပီး V11i ရဲ႕ Display မွာေတာ့ 6.3” LCD Display (Resolution 1080 x 2280 pixels) ကို အသုံးျပဳထားပါတယ္။ ဒီေတာ့ V11 ရဲ႕ Display က မဆိုစေလာက္ေလးႀကီးၿပီး Quality အနည္းငယ္ ပိုေကာင္းပါလိမ့္မယ္။

V11i ကို မ်က္ႏွာငယ္ေစရတဲ့ အဓိက တရားခံေတြထဲမွာ Processor လည္း ပါဝင္ပါတယ္။ V11i ရဲ႕ Processor အပိုင္းအတြက္ MediaTek ရဲ႕ MT6771 Helio P60 SoC ကိုသာ အသုံးျပဳထားၿပီး V11 မွာေတာ့ Qualcomm ရဲ႕ Snapdragon 660 SoC ကို အသုံးျပဳထားပါတယ္။ တကယ့္ တကယ္မွာေတာ့ အဆိုပါ SoC ၂မ်ိဴးစလုံးရဲ႕ စြမ္းေဆာင္ရည္ေတြက အမ်ားႀကီး ကြာျခားမသြားေပမယ့္ “MediaTek ဆိုရင္ ႀကိဳက္ကို မႀကိဳက္ဘူး” ဆိုတဲ့ အယူစြဲေတြေၾကာင့္ V11i ရဲ႕ Processor ကို Octa-core Processor အျဖစ္ ကင္ပြန္းတပ္ခဲ့ရတာ ျဖစ္ပါတယ္။

V11 မွာ RAM 6GB + Storage 128GB ကို ထည့္သြင္းေပးထားၿပီး V11i မွာေတာ့ RAM 4GB + Storage 128GB ကိုသာ ထည့္သြင္းေပးထားပါတယ္။ ေမာ္ဒယ္ ၂မ်ိဴးစလုံးအတြက္ Selfie Camera ကို 25MP Sensor ေတြ အသုံးျပဳထားေပမယ့္ V11 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 12MP+5MP Camera ေတြကို တပ္ဆင္ထားၿပီး V11i မွာေတာ့ 16MP+5MP Camera ကို တပ္ဆင္ထားပါတယ္။ V11 မွာ Dual Engine Fast Charging လို႔ေခၚတဲ့ အျမန္အားသြင္းစနစ္နဲ႔အတူ 3400mAh ဘက္ထရီ ပါဝင္ၿပီး V11i မွာေတာ့ 9V2A အျမန္အားသြင္းစနစ္နဲ႔ 3315mAh ဘက္ထရီသာ ပါဝင္ပါတယ္။ ဒီေတာ့ V11i က ဘက္ထရီ ပမာဏပိုနည္းၿပီး အျမန္အားသြင္းစနစ္ကလည္း Dual Engine ထက္ အနည္းငယ္ ပိုၾကာႏိုင္ပါတယ္။

အထက္ပါ အေၾကာင္းအရာေတြကေတာ့ Vivo V11 နဲ႔ V11i စမတ္ဖုန္းေတြရဲ႕ အဓိက ကြာျခားခ်က္မ်ား ျဖစ္ပါတယ္။

Spec Ref: vivo, gsmarena

Unicode

Vivo V11 နဲ့ V11i တို့ရဲ့ ကွာခြားချက်များ

Vivo V11 နဲ့ V11i တို့ဟာ မကြာသေးခင်ကမှ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ စမတ်ဖုန်းများ ဖြစ်ပါတယ်။ Vivo Myanmar မှ V11 နဲ့ V11i စမတ်ဖုန်းတွေကို တပြိုင်တည်း မိတ်ဆက်ပေးခဲ့တယ်ဆိုပေမယ့် V11 က In-display Fingerprint နည်းပညာ အသုံးပြု စမတ်ဖုန်း တစ်လုံး ဖြစ်တာကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး၊ V11i ကတော့ မျက်နှာငယ်လေးနဲ့ ပွဲထွက်ခဲ့ရတာပါ။ အလားတူ စျေးနှုန်းမှာလည်း V11 က ၅၅၉,၀၀၀ ကျပ် တန်ဖိုးရှိပြီး V11i ကတော့ ၄၁၉,၀၀၀ ကျပ်ပဲ ရှိပါတယ်။

Vivo V11 နဲ့ V11i တို့ရဲ့ စျေးနှုန်းကွာခြားရခြင်း အဓိက အကြောင်းအရင်းကတော့ In-display Fingerprint Scanner ပါ။ V11 မှာ In-display Fingerprint နည်းပညာကို ထည့်သွင်းထားပြီး V11i မှာတော့ သာမန် Fingerprint Sensor ကိုသာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် V11 ရဲ့ Display အပိုင်းအတွက် 6.41” Super AMOLED Display ( Resolution 1080 x 2340 pixels ) ကို အသုံးပြုထားပြီး V11i ရဲ့ Display မှာတော့ 6.3” LCD Display (Resolution 1080 x 2280 pixels) ကို အသုံးပြုထားပါတယ်။ ဒီတော့ V11 ရဲ့ Display က မဆိုစလောက်လေးကြီးပြီး Quality အနည်းငယ် ပိုကောင်းပါလိမ့်မယ်။

V11i ကို မျက်နှာငယ်စေရတဲ့ အဓိက တရားခံတွေထဲမှာ Processor လည်း ပါဝင်ပါတယ်။ V11i ရဲ့ Processor အပိုင်းအတွက် MediaTek ရဲ့ MT6771 Helio P60 SoC ကိုသာ အသုံးပြုထားပြီး V11 မှာတော့ Qualcomm ရဲ့ Snapdragon 660 SoC ကို အသုံးပြုထားပါတယ်။ တကယ့် တကယ်မှာတော့ အဆိုပါ SoC ၂မျိူးစလုံးရဲ့ စွမ်းဆောင်ရည်တွေက အများကြီး ကွာခြားမသွားပေမယ့် “MediaTek ဆိုရင် ကြိုက်ကို မကြိုက်ဘူး” ဆိုတဲ့ အယူစွဲတွေကြောင့် V11i ရဲ့ Processor ကို Octa-core Processor အဖြစ် ကင်ပွန်းတပ်ခဲ့ရတာ ဖြစ်ပါတယ်။

V11 မှာ RAM 6GB + Storage 128GB ကို ထည့်သွင်းပေးထားပြီး V11i မှာတော့ RAM 4GB + Storage 128GB ကိုသာ ထည့်သွင်းပေးထားပါတယ်။ မော်ဒယ် ၂မျိူးစလုံးအတွက် Selfie Camera ကို 25MP Sensor တွေ အသုံးပြုထားပေမယ့် V11 ရဲ့ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 12MP+5MP Camera တွေကို တပ်ဆင်ထားပြီး V11i မှာတော့ 16MP+5MP Camera ကို တပ်ဆင်ထားပါတယ်။ V11 မှာ Dual Engine Fast Charging လို့ခေါ်တဲ့ အမြန်အားသွင်းစနစ်နဲ့အတူ 3400mAh ဘက်ထရီ ပါဝင်ပြီး V11i မှာတော့ 9V2A အမြန်အားသွင်းစနစ်နဲ့ 3315mAh ဘက်ထရီသာ ပါဝင်ပါတယ်။ ဒီတော့ V11i က ဘက်ထရီ ပမာဏပိုနည်းပြီး အမြန်အားသွင်းစနစ်ကလည်း Dual Engine ထက် အနည်းငယ် ပိုကြာနိုင်ပါတယ်။

အထက်ပါ အကြောင်းအရာတွေကတော့ Vivo V11 နဲ့ V11i စမတ်ဖုန်းတွေရဲ့ အဓိက ကွာခြားချက်များ ဖြစ်ပါတယ်။

Spec Ref: vivo,gsmarena