[Zawgyi]

မၾကာခင္ထြက္ရွိလာမယ့္ Vivo V15 နဲ႔ V15 Pro စမတ္ဖုန္းေတြအတြက္ Teaser ဗီဒီယုိအသစ္ ထြက္ေပၚလာၿပီး ဒီတစ္ခါေတာ့ ကုမၸဏီရဲ႕ တရားဝင္အေကာင့္ကေန တင္လာခဲ့တာပါ။ စကၠန္႔အနည္းငယ္မွ်သာ ရွိတဲ့ ဗီဒီယုိထဲမွာေတာ့ စမတ္ဖုန္းအသစ္ရဲ႕ AI Triple-Camera ကိုအသားေပးေဖာ္ျပသြားခဲ့တယ္။

1, 2, 3!Make every snap a great one, with the V15’s Triple Rear Camera.

Posted by Vivo on Wednesday, 13 February 2019

အဆုိပါ Triple ကင္မရာသုံးလုံးဟာ 48MP + 8MP + 5MP Sensor ေတြျဖစ္ၿပီး သူ႕ရဲ႕ေဘးမွာ Physical Button တစ္ခုကိုလည္း ေတြ႕ရမွာပါ။

Vivo V15 ဖုန္းသစ္ေတြရဲ႕ အဓိကဆြဲေဆာင္မႈျဖစ္တဲ့ Pop-up ဆယ္ဖီကင္မရာကေတာ့ ဒီတစ္ခါ ဗီဒီယုိမွာ မပါလာခဲ့ေပမယ့္ ယခင္ထြက္ရွိခဲ့တဲ့ ဗီဒီယုိမွာ အဓိကအသားေပးေဖာ္ျပခံခဲ့ရပါတယ္။ Pop-up ကင္မရာ အသုံးျပဳလာတဲ့အတြက္ ေရွ႕မ်က္ႏွာျပင္မွာ Notch ထည့္စရာမလိုေတာ့ဘဲ လြတ္လပ္က်ယ္ျပန္႔တဲ့ Screen ကို ရရွိႏုိင္မွာပါ။

ေနာက္ဘက္မွာ 48MP Sensor တစ္ခုပါသလို ေရွ႕ဆယ္ဖီကလည္း 32MP စြမ္းအားျမင့္ ကင္မရာပါပဲ။ Fingerprint ကိုလည္း In-display ပဲထည့္သြင္းလာမွာပါ။ Vivo V15 ဖုန္းႏွစ္လုံးဟာ ေဖေဖာ္ဝါရီ ၂၀ မွာ မိတ္ဆက္လာေတာ့မွာျဖစ္ၿပီး အေျခခံေစ်းႏႈန္းက ေဒၚလာ ၃၅၀ (ျမန္မာက်ပ္ေငြ ငါးသိန္းေလးေသာင္းေက်ာ္) က်သင့္မယ္လို႔ ခန္႔မွန္းရပါတယ္။

Ref – GSM Arena

[Unicode]

မကြာခင်ထွက်ရှိလာမယ့် Vivo V15 နဲ့ V15 Pro စမတ်ဖုန်းတွေအတွက် Teaser ဗီဒီယိုအသစ် ထွက်ပေါ်လာပြီး ဒီတစ်ခါတော့ ကုမ္ပဏီရဲ့ တရားဝင်အကောင့်ကနေ တင်လာခဲ့တာပါ။ စက္ကန့်အနည်းငယ်မျှသာ ရှိတဲ့ ဗီဒီယိုထဲမှာတော့ စမတ်ဖုန်းအသစ်ရဲ့ AI Triple-Camera ကိုအသားပေးဖော်ပြသွားခဲ့တယ်။

1, 2, 3!Make every snap a great one, with the V15’s Triple Rear Camera.

Posted by Vivo on Wednesday, 13 February 2019

အဆိုပါ Triple ကင်မရာသုံးလုံးဟာ 48MP + 8MP + 5MP Sensor တွေဖြစ်ပြီး သူ့ရဲ့ဘေးမှာ Physical Button တစ်ခုကိုလည်း တွေ့ရမှာပါ။

Vivo V15 ဖုန်းသစ်တွေရဲ့ အဓိကဆွဲဆောင်မှုဖြစ်တဲ့ Pop-up ဆယ်ဖီကင်မရာကတော့ ဒီတစ်ခါ ဗီဒီယိုမှာ မပါလာခဲ့ပေမယ့် ယခင်ထွက်ရှိခဲ့တဲ့ ဗီဒီယိုမှာ အဓိကအသားပေးဖော်ပြခံခဲ့ရပါတယ်။ Pop-up ကင်မရာ အသုံးပြုလာတဲ့အတွက် ရှေ့မျက်နှာပြင်မှာ Notch ထည့်စရာမလိုတော့ဘဲ လွတ်လပ်ကျယ်ပြန့်တဲ့ Screen ကို ရရှိနိုင်မှာပါ။

နောက်ဘက်မှာ 48MP Sensor တစ်ခုပါသလို ရှေ့ဆယ်ဖီကလည်း 32MP စွမ်းအားမြင့် ကင်မရာပါပဲ။ Fingerprint ကိုလည်း In-display ပဲထည့်သွင်းလာမှာပါ။ Vivo V15 ဖုန်းနှစ်လုံးဟာ ဖေဖော်ဝါရီ ၂၀ မှာ မိတ်ဆက်လာတော့မှာဖြစ်ပြီး အခြေခံဈေးနှုန်းက ဒေါ်လာ ၃၅၀ (မြန်မာကျပ်ငွေ ငါးသိန်းလေးသောင်းကျော်) ကျသင့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena