Vivo မှ ယနေ့တွင် V15 နှင့် V15Pro စမတ်ဖုန်း အမျိုးအစားသစ်နှစ်မျိုးအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ V15 နှင့် V15Pro တို့သည် Vivo NEX ဖုန်းအမျိုးအစားအပြီး စမတ်ဖုန်းလောက၏ ပထမဦးဆုံးသော မြင့်တက်ပွင့်ထွက် လာသည့် အရှေ့ကင်မရာ ပါရှိသည့်အပြင် AI နည်းပညာကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။ သုံးစွဲသူများ၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး သုံးစွဲသူအထောက်အကူပြု အသိဥာဏ်ရှိနည်းပညာ (Intelligent Personal Assistant) နှင့် ဆွဲဆောင်မှုရှိသော မျက်နှာပြင်ပြည့်စမတ်ဖုန်းကိုလည်း ယခုဖုန်းအမျိုးအစားသစ်နှစ်ခုတွင် ထည့်သွင်းဖန်တီး ယူဆောင်လာပေးပါပြီ။ Vivo မှ နောက်ထပ် တစ်ကြိမ် သတ်မှတ်ချက်များကို ကျော်လွန်ထိုးဖောက်ကာ ဈေးနှုန်းသင့်တင့်သည့်အပြင် အရည်အသွေး အကောင်းဆုံးဖုန်းများတွင်သာပါရှိသည့် အဆင့်မြင့်နည်းပညာများ ထည့်သွင်းထားသော နောက်ဆုံးပေါ် V-Series ဖုန်းအမျိုးအစားသစ်နှင့်အတူ မိုဘိုင်းလ်သုံးစွဲမှုအတွေ့အကြုံကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။

မြင့်တက်ပွင့်ထွက်လာသော အရှေ့မျက်နှာပြင်ကင်မရာအပြင် V15 နှင့် V15Pro တို့တွင် နောက်ဆုံးပေါ် နည်းပညာဖြစ်သော AI စနစ် ကျောဘက်ကင်မရာသုံးလုံးကိုလည်း ထည့်သွင်းထားခြင်းကြောင့် စမတ်ဖုန်းအသုံးပြု၍ အရည်အသွေးမြင့် ဓာတ်ပုံများကို ရိုက်ယူနိုင်မှာဖြစ်သလို မျက်နှာပြင်အောက် လက်ဗွေစနစ်လည်းပါရှိပါတယ်။

“တီထွင်ဆန်းသစ်မှုရှိခြင်းက Vivo အမှတ်တံဆိပ်ရဲ့ ယုံကြည်တန်ဖိုးထားတဲ့ အဓိကအချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ စမတ်ဖုန်းလောကရဲ့ ပထမဦးဆုံး မြင့်တက်ပွင့်ထွက်လာတဲ့ အရှေ့ကင်မရာလုပ်ဆောင်ချက် ကြောင့် ဘေးဘောင်မပါတဲ့ Bezel-Less မျက်နှာပြင်အပြည့်ကို ပေးစွမ်းနိုင်တာလည်းဖြစ်ပါတယ်။ ကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံသစ်တွေကို ယူဆောင်လာပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ အရည်အသွေးမြင့်ကင်မရာ၊ အသိဥာဏ်မြင့် AI ဝန်ဆောင်မှုတို့ကြောင့် မိုဘိုင်းလ်သုံးစွဲမှုကို နောက်တစ်ဆင့်မြှင့်တင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု Vivo ၏ Digital နှင့် PR Manager ဖြစ်သူ ကိုထွန်းထွန်းဝင်းမှ ပြောကြားခဲ့သည်။ ၎င်းကဆက်လက်ပြီး “သုံးစွဲသူအားလုံး သဘောကျစေမယ့် အရည်အသွေးမြင့် ထုတ်ကုန်တွေကို ယူဆောင်လာပေးမယ်ဆိုတဲ့ Vivo ရဲ့ ရည်မှန်းချက်ကို V15Pro စမတ်ဖုန်းက အကောင်းဆုံး ဖော်ညွှန်းနေတာလည်း ဖြစ်ပါတယ်။”

မြင့်တက်ပွင့်ထွက်လာမည့် အရှေ့ကင်မရာကြောင့် ပိုမိုကြီးမားကျယ်ပြန့်သော ဖုန်းမျက်နှာပြင်ကို ဖန်တီးနိုင်ခြင်း

NEX စမတ်ဖုန်းတွင် ပြုလုပ်ခဲ့သော တီထွင်ဆန်းသစ်မှုကို အခြေခံပြီး V15 နှင့် V15Pro စမတ်ဖုန်းများ၌ နည်းပညာတူသော်လည်း အရည်အသွေးပိုမိုကောင်းမွန်သော မြင့်တက်ပွင့်ထွက်လာသည့် အရှေ့ကင်မရာ ကို ထည့်သွင်းထားပါတယ်။ V15 နှင့် V15Pro တွင် အံ့သြဖွယ်ရာ 32MP ရှိအရှေ့ကင်မရာ ပါရှိခြင်းကြောင့် ပြိုင်ဘက်မရှိ ကြည်လင်ပြတ်သားသော အရည်အသွေးမြင့် Selfie ဓာတ်ပုံများကို ရိုက်ယူနိုင်မည်ဖြစ်ပါတယ်။ Vivo သည် V15 နှင့် V15Pro တို့၏ အရှေ့ကင်မရာကို ပိုမိုအဆင့်မြင့်စွာ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဒီဇိုင်းပိုင်းတွင်လည်း ပိုမိုသာလွန်အောင် ဖန်တီးထားခြင်းကြောင့် မြင့်တက်ပွင့်ထွက်လာမည့် ကင်မရာသည် နေ့စဉ်အသုံးပြုမှုကို ကောင်းမွန်စွာ ခံနိုင်ရည်ရှိမှာပါ။

တီထွင်ဆန်းသစ်မှုအပြည့်နှင့်အရှေ့ကင်မရာအား MWC 2018 တွင် စိတ်ကူးစိတ်သန်းတစ်ခုအဖြစ်သာ စတင်တင်ပြခဲ့ခြင်းဖြစ်ပြီး ဓာတ်ပုံအရည်အသွေးလည်း ကျသွားခြင်းမရှိ၊ ကင်မရာနေရာ ထားသိုမှုကိုလည်း သက်ရောက်မှုမရှိစေပဲ မျက်နှာပြင်အပြည့်ဖြင့် စမတ်ဖုန်းကို ပထမဆုံးသော NEX ဖုန်းအမျိုးအစားတွင် အကောင်အထည်ဖော် မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဖုန်းမျက်နှာပြင်ရှိ Notch ကို ဖယ်ရှားလိုက်နိုင် ခြင်းကြောင့် V15Pro တွင် ဖုန်းမျက်နှာပြင် နှင့် ဖုန်းအရွယ်တို့မှာ အချိုးအစားအားဖြင့် ၉၁.၆၄ ရာခိုင်နှုန်း၊ V15 တွင် ၉၀.၉၅ ရာခိုင်နှုန်း စသဖြင့် သိသိသာသာ ပြောင်းလဲသွားပြီး ဂိမ်းကစားခြင်း နှင့် ဗီဒီယို ကြည့်ရှုခြင်းများအတွက် အကောင်းမွန်ဆုံး အတွေ့အကြုံကိုရရှိနိုင်မှာပါ။ V15Pro တွင် Super AMOLED Ultra FullViewTM မျက်နှာပြင်ရှိသည့်အတွက် အချိုးအစားမှာ ၁၉.၅:၉ နှင့် ၆.၃၉ လက်မရှိပြီး ဖုန်း၏ ဘေးဘက် နှင့် အပေါ် ဘက်ဘောင်အရွယ်အစားအားလည်း ၁.၇၅မီလီမီတာ နှင့် ၂.၂မီလီမီတာ စသဖြင့် လျှော့ချနိုင်ခဲ့ပါတယ်။

အကောင်းဆုံး နှင့် အလှပဆုံးသော ဓာတ်ပုံများကို AI စနစ် ကျောဘက်ကင်မရာသုံးလုံးဖြင့် ရယူနိုင်ခြင်း

V15 နှင့် V15Pro တို့တွင် AI စနစ်ထည့်သွင်းထားခြင်းကြောင့် ဓာတ်ပုံရိုက်ယူခြင်း အတွေ့အကြုံကို နောက်တစ်ဆင့်မြှင့်တင်ပေးသွားနိုင်မှာပါ။ AI စနစ် ကျောဘက်ကင်မရာသုံးလုံး၏ စွမ်းဆောင်မှု ဖြင့် သုံးစွဲသူများသည် V15Pro ကို အသုံးပြုကာ ကြည်လင်တောက်ပပြီး ပိုမိုကျယ်ပြန့်သော ရှုထောင့်ရှိ ဓာတ်ပုံများကို ရိုက်ယူနိုင်ဦးမှာဖြစ်ပါတယ်။ 48 Million Quad Pixel Sensor1 ၊ 8MP AI စနစ်ရှိ အလွန်ကျယ်ပြန့်သော ကင်မရာရှုထောင့်၊ 5MP Depth ကင်မရာတို့၏ လုပ်ဆောင်ချက်များကြောင့် ဓာတ်ပုံပညာရှင်တစ်ဦးကဲ့သို့ အရည်အသွေးမြင့် ဓာတ်ပုံများကို လွယ်ကူစွာ ရိုက်ယူသွားနိုင် စမတ်ဖုန်း၏ ကျောဘက်အဓိကကင်မရာရှိ “Four-in-One Pixel” နည်းပညာတွင် Pixel လေးခုအား Pixel အကြီးတစ်ခု ပေါင်းစပ်လိုက်ခြင်းဖြစ်သည့်အတွက် အမှောင်ထဲမှာပင် 12MP အရည်အသွေးရှိ ဓာတ်ပုံများကို ပေးစွမ်းနိုင်ပါတယ်။ AI စနစ်ရှိ အလွန်ကျယ်ပြန့်သော ကင်မရာရှုထောင့်သည် ၁၂၀ ဒီဂရီအထိ ချဲ့ကားနိုင်ခြင်းကြောင့် လူအများအပြား နှင့် ရှုခင်းပုံအပြည့်အဝရိုက်ယူရာတွင် အဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။

ခိုင်ခံ့အားကောင်းသောဖုန်းကိုယ်ထည်အား AI စနစ် ထည့်သွင်းပေါင်းစပ်လိုက်ခြင်းကြောင့် ဓာတ်ပုံများကို လွယ်ကူစွာ ရယူနိုင်မည်ဖြစ်သလို AI စနစ်ဓာတ်ပုံ လုပ်ဆောင်ချက်ပါရှိခြင်းကြောင့် မျက်နှာအလှအပ၊ Portrait Framing တို့ကို AI စနစ်ဖြင့် ပြုပြင် အသုံးပြုနိုင်ပါတယ်။ အချို့သောဖုန်းများတွင် ကောင်းမွန်သောကင်မရာလုပ်ဆောင်ချက်မရှိသဖြင့် ညဘက် ဓာတ်ပုံများမှာ ဝါးတားပြီး ကြည်လင်ပြတ်သားမှုမရှိသော်လည်း ယခုအခါတွင် AI Super Night Mode ကြောင့် Tripod သို့မဟုတ် DSLR ကင်မရာမလိုအပ်ပဲ ညအလှများကို အကောင်းဆုံးရိုက်ယူနိုင်ပါပြီ။ AI Super Night Mode ကြောင့် ဓာတ်ပုံအများအပြားကို အလင်းအမှောင်အနေအထားမျိုးစုံတွင် ရိုက်ယူနိုင်မှာပါ။ အဆိုပါ လုပ်ဆောင်ချက်ဖြင့် အလင်းအား နှင့် ကြည်လင်မှုကို ပိုမိုကောင်းမွန်စေပြီး ညဘက်ပုံရိပ်များကိုလည်း အရည်အသွေး တိကျပြတ်သားကောင်းမွန်စွာ ရရှိနိုင်ပါတယ်။

သုံးစွဲသူများသည် AI Body Shaping လုပ်ဆောင်ချက်ဖြင့် သဘာဝအတိုင်း ပြည့်စုံလှပသော ခန္ဓာကိုယ် အနေအထားကိုလည်း ပြောင်းလဲရယူနိုင်မည်ဖြစ်သည့်အတွက် သုံးစွဲသူများအနေဖြင့် ဓာတ်ပုံရိုက်ပြီး နောက် အလှပဆုံးအသွင်ပုံစံရရှိရန် ၎င်းတို့ဓာတ်ပုံအား ပြုပြင်ခြင်းများ လုပ်ဆောင်ရန် မလိုအပ်တော့ပါဘူး။

မျက်နှာပြင်အောက် လက်ဗွေစနစ်ကြောင့် အလှပဆုံးဒီဇိုင်းအသွင်ကို ဖန်တီးနိုင်ခြင်း

V15Pro စမတ်ဖုန်းတွင်လည်း 5th Generation လက်ဗွေစနစ် နည်းပညာကို ထည့်သွင်းထားပါသေးတယ်။ မြင့်မားသော Pixel Density လက်ဗွေစနစ် နှင့် အဆင့်မြင့်မားသော Algorithm ကြောင့် သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ ဖုန်းများကို ပိုမိုလွယ်ကူအဆင်ပြေပြီး စိတ်ချရစွာ အသုံးပြုနိုင်မည်ဖြစ်ပါတယ်။

Physical Fingerprint Pad မပါရှိသောကြောင့် ဖုန်း၏အနောက်ဘက်မျက်နှာပြင်အား ထူးခြားဆန်းပြားသော ရောင်စဉ်ဖြာလှိုင်းဂယက်ဒီဇိုင်းဖြင့် ဖန်တီးထားပြီး အရောင်အားဖြင့် Topaz Blue ရရှိနိုင်မှာပါ ဆန်းပြားသောကာလာဒီဇိုင်းကြောင့် ဖုန်းကို မတူညီသောအလင်းရောက်အောက်တွင် ကြည့်ရှုပါက ရောင်ပြေးလေးများဖြစ်နေပြီး V15Pro ၏ ခေတ်ရှေ့ပြေးသော တီထွင်ဆန်းသစ်မှုကို ပိုမိုပေါ်လွင်စေပါတယ်။

AI စနစ်ဖြင့် ဖုန်း၏ စွမ်းဆောင်ရည်အား ပိုမိုအားကောင်းစေပြီး သုံးစွဲမှုအတွေ့အကြုံကိုလည်း ပိုမိုချောမွေ့ စေခြင်း

Vivo သည် ၎င်း၏ AI စနစ်အား ပိုမိုတိုးတက်ကောင်းမွန်အောင် ဖန်တီးထားပြီး သုံးစွဲသူ၏ ဆန္ဒကို နားလည်ကာ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် အဆင့်မြင့် Jovi (သုံးစွဲသူ အထောက်အကူပြုစနစ်) ကိုလည်း ထည့်သွင်းထားပါတယ်။

အဆိုပါ စွမ်းဆောင်ရည်မြင့်မားသော ပုံရိပ်ကိုမှတ်သားနိုင်သည့် Jovi Image Recognizer သည် Shopee နှင့် Zalora ကဲ့သို့ နာမည်ကျော် အွန်လိုင်းအရောင်းအဝယ် Platforms ၁၀၀ နီးပါးကို သိရှိမှတ်သား နိုင်သောကြောင့် အွန်လိုင်းပေါ်ရှိ ပစ္စည်းအမျိုးအစားပေါင်း သန်း ၅၀ ကျော်ထဲမှ သုံးစွဲသူတို့ လိုအပ်သော ပစ္စည်းများကို အလွယ်တကူ ကူညီရှာဖွေပေးနိုင်မှာပါ။ ရိုးရိုးသာမန် scan လုပ်ရုံဖြင့် လိုချင်သောကုန်ပစ္စည်းကို လွယ်ကူလျင်မြန်စွာ တွေ့ရှိနိုင်ပြီး ခေတ်ရှေ့ပြေး AI စနစ် ဈေးဝယ်ထွက်ခြင်း ကိုလည်း တွေ့ကြုံခံစားနိုင်ပါဦးမယ်။

V15 နှင့် V15Pro စမတ်ဖုန်း၏ ဘေးဘက်တွင်ရှိသော စမတ်ခလုတ်ကို နှိပ်ပြီး စွမ်းဆောင်ရည်မြင့် AI စနစ်ကို အသုံးပြုနိုင်သလို ခလုတ်အားတစ်ချက်နှိပ်လျှင် Google Assistant ရရှိနိုင်ပြီး နှစ်ချက်နှိပ်ပါက Jovi Image Recognizer ၏ အကူအညီ ရရှိနိုင်ပါမယ်။ ၎င်းသည် လွယ်ကူမြန်ဆန်ပြီး သုံးစွဲသူအလိုကျ ပြုလုပ်နိုင်သော လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။ V15 နှင့် V15Pro တို့တွင် သုံးစွဲသူ၏ လိုအပ်ချက်ကို ပြန်လည်ဖြေကြားပေးနိုင်ရန် Google နှင့် လက်တွဲပူးပေါင်း ဖန်တီးထားသော အသံဖြင့်ညွန်ကြားမှုလုပ်ဆောင်ချက် (Voice Commands) လည်းပါရှိပါတယ်။ မျက်နှာအလှအပအတွက် AI စနစ်လိုသည်ဖြစ်စေ၊ ဖုန်း Memory ကို ရှင်းလင်းဖယ်ရှားလိုသည်ဖြစ်စေ၊ သို့မဟုတ် ဖုန်း Album ထဲမှ အစားအသောက်ပုံများကို ရှာဖွေလိုသည်ဖြစ်စေ Voice Commands စတင်လိုက်ခြင်းဖြင့် V15 နှင့် V15Pro မှ သုံးစွဲသူ အလိုရှိသည့်အတိုင်း လွယ်ကူလျင်မြန်စွာ လုပ်ဆောင်ပေးသွားမှာပါ။

ဂိမ်းဝါသနာရှင်များအနေဖြင့်လည်း အဆင့်မြှင့်တင်ထားသော Game Mode 5.0 ကို သဘောကျ နှစ်သက်လိမ့်မည်ဖြစ်သည်။ အဆိုပါ Game Mode တွင် ဂိမ်း၏ စွမ်းဆောင်ရည်ကို အဓိကထား မြှင့်တင်ပေးနိုင်သည့်စနစ် ထည့်သွင်းထားပြီး Dual-Turbo ပါရှိခြင်းကြောင့် ဂိမ်းကစားရာတွင် ဖြစ်ပေါ်တတ်သော ထစ်ငေါ့ခြင်းနှုန်းထားကို ၃၀၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး ပိုမိုချောမွေ့သော ဂိမ်းကစားခြင်း အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။

V15Pro တွင် Snapdragon 675AIE Octa-Core Processor ၊ 6GB RAM နှင့် 128 ROM ဖြင့် စွမ်းဆောင်ရည် အားကောင်းစေရန် ဖန်တီးထုတ်လုပ်ထားပြီး V15စမတ်ဖုန်းတွင် 2.1GHz Octa-Core CPU၊ 6GB RAM၊ 64GB ROM သိုလှောင်မှုတို့ဖြင့် ဖန်တီးထားသောကြောင့် အလွန်ကောင်းမွန်ချောမွေ့သည့် စွမ်းဆောင်ရည်ကို ပံ့ပိုးပေးပါတယ်။ ၁၅ မိနစ်အတွင်း ဖုန်းဘက်ထရီအား လေးပုံတစ်ပုံတက်စေသည့် Dual-Engine Fast Charging နည်းပညာကြောင့် သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ စမတ်ဖုန်းအား စိတ်ချလက်ချ နှင့် အချိန်မရွေး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဝယ်ယူရရှိနိုင်မှု

မြန်မာနိုင်ငံတွင် V15Pro အား ၂၇ ရက်နေ့၊ ၂ လ၊ ၂၀၁၉ ခုနှစ် မှ ၂ ရက်နေ့၊ ၃ လ ၊၂၀၁၉ ခုနှစ်အတွင်း ကြိုတင်မှာယူနိုင်ပြီး ၃ ရက်နေ့၊ ၃လ၊ ၂၀၁၉ ခုနှစ်တွင် ပထမဆုံး ရောင်းချမှု စတင်သွားမှာဖြစ်ပါတယ်။ V15 အား ၂၁ ရက်နေ့၊ ၃လ၊၂၀၁၉ ခုနှစ် မှ ၂၅ ရက်နေ့၊ ၃လ၊ ၂၀၁၉ ခုနှစ်တွင် ကြိုတင်မှာယူနိုင်ပြီး ၂၆ ရက်နေ့၊ ၃ လ၊၂၀၁၉ ခုနှစ်တွင် စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

ဝယ်ယူရရှိနိုင်သော အရောင်များ

V15Pro: Topaz Blue

V15: Topaz Blue, Glamour Red