[Zawgyi]

Vivo က စြမ္းရည္သင့္ဖုန္းထက္ အနည္းငယ္ ပိုေကာင္းတဲ့ V17 Pro ကို ေၾကညာလိုက္ပါၿပီ။ ၆.၄၄ လက္မ FHD+ 20:9 Super AMOLED Display ထည့္သြင္းထားၿပီး Vivo က Ultra FullView Display လို႔ ေခၚပါတယ္။ Display ေအာက္မွာ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Notch မပါဘဲ Dual Pop-up Camera တပ္ဆင္ထားၿပီး 32MP Main နဲ႔ 8MP Ultrawide Angle Camera ေတြပါ။ Pop-up Module မွာ Earpiece ၁ ခု နဲ႔ Flash ၁ ခု တပ္ဆင္ထားၿပီး Low Light မွာ ဆဲလ္ဖီး ဓါတ္ပံုေကာင္းေတြ ဖမ္းယူေပးမယ့္ Selfie Softlight လို႔ Vivo က နာမည္ေပးထားပါတယ္။ ဒါ့အျပင္ ညဘက္မွာ အလန္းစား ဓါတ္ပံုေတြ ဖမ္းယူေပးဖို႔ ဖရိမ္မ်ားစြာကို ေပါင္းစပ္ ေပးတဲ့ Night Selfie လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၄ လံုးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး 48MP Main (Sony IMX582), 13MP Telephoto (2x Zoom), 8MP Ultrawide Angle နဲ႔ 2MP Depth Sensor ေတြ ျဖစ္ပါတယ္။ 8MP Camera က ၂.၅ စင္တီမီတာေလာက္က အရာ၀တၳဳေတြကို ဓါတ္ပံုရိုက္ေပးႏိုင္ပါတယ္။

V17 Pro မွာ Snapdragon 675 SoC, 8GB RAM , 128GB Storage , Android Pie အေျချပဳ Funtouch OS 9.1 , Multi Turbo , Game Mode နဲ႔ Dual-Engine Fast Charging (18W) ပါတဲ့ 4,100mAh Battery ေတြ ပါပါတယ္။ ရူပီး ၂၉,၉၉၀ သတ္မွတ္ထားၿပီး အိႏၵိယမွာ စက္တင္ဘာလ ၂၇ ရက္မွာ ေရာင္းမွာပါ။ ျမန္မာေငြ ၆၄၀,၀၀၀ ေလာက္ရွိႏိုင္ပါတယ္။

Ref : gsmarena

[Unicode]

Dual Pop-up Camera ပါတဲ့ Vivo V17 Pro ကို ကြေညာပြီ

Vivo က စွမ်းရည်သင့်ဖုန်းထက် အနည်းငယ် ပိုကောင်းတဲ့ V17 Pro ကို ကြေညာလိုက်ပါပြီ။ ၆.၄၄ လက်မ FHD+ 20:9 Super AMOLED Display ထည့်သွင်းထားပြီး Vivo က Ultra FullView Display လို့ ခေါ်ပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Notch မပါဘဲ Dual Pop-up Camera တပ်ဆင်ထားပြီး 32MP Main နဲ့ 8MP Ultrawide Angle Camera တွေပါ။ Pop-up Module မှာ Earpiece ၁ ခု နဲ့ Flash ၁ ခု တပ်ဆင်ထားပြီး Low Light မှာ ဆဲလ်ဖီး ဓါတ်ပုံကောင်းတွေ ဖမ်းယူပေးမယ့် Selfie Softlight လို့ Vivo က နာမည်ပေးထားပါတယ်။ ဒါ့အပြင် ညဘက်မှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးဖို့ ဖရိမ်များစွာကို ပေါင်းစပ် ပေးတဲ့ Night Selfie လုပ်ဆောင်ချက်လည်း ပါပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 48MP Main (Sony IMX582), 13MP Telephoto (2x Zoom), 8MP Ultrawide Angle နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။ 8MP Camera က ၂.၅ စင်တီမီတာလောက်က အရာဝတ္ထုတွေကို ဓါတ်ပုံရိုက်ပေးနိုင်ပါတယ်။

V17 Pro မှာ Snapdragon 675 SoC, 8GB RAM , 128GB Storage , Android Pie အခြေပြု Funtouch OS 9.1 , Multi Turbo , Game Mode နဲ့ Dual-Engine Fast Charging (18W) ပါတဲ့ 4,100mAh Battery တွေ ပါပါတယ်။ ရူပီး ၂၉,၉၉၀ သတ်မှတ်ထားပြီး အိန္ဒိယမှာ စက်တင်ဘာလ ၂၇ ရက်မှာ ရောင်းမှာပါ။ မြန်မာငွေ ၆၄၀,၀၀၀ လောက်ရှိနိုင်ပါတယ်။

Ref : gsmarena