[Zawgyi]

Vivo V17 Pro ကို အိႏၵိယမွာ ေရာင္းေပးလိုက္ၿပီး အလန္းစား Dual Pop-up Selfie Camera ပါပါတယ္။ Snapdragon 675 SoC ပါတဲ့ V17 Pro ကို ရူပီး ၂၉,၉၉၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၆၄၀,၀၀၀ ေလာက္ရွိႏိုင္ပါတယ္။ Xiaomi က Snapdragon 855 ပါတဲ့ Redmi K20 Pro ကို ရူပီး ၂၇,၉၉၉ (ျမန္မာေငြ ၆၀၀,၀၀၀) နဲ႔ ေရာင္းေပးေနတာက V17 Pro ေရာင္းအားကို ထိခိုက္ႏိုင္ပါတယ္။

Vivo V17 Pro ရဲ႕ Specs ေတြကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ သူ႔ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး 48MP Main (Sony IMX582), 13MP Telephoto (2x Zoom), 8MP Ultrawide Angle နဲ႔ 2MP Depth Sensor ေတြ ျဖစ္ပါတယ္။ 8MP Camera က ၂.၅ စင္တီမီတာေလာက္က အရာ၀တၳဳေတြကို ဓါတ္ပံုရိုက္ေပးႏိုင္ပါတယ္။

Notch မပါဘဲ Dual Pop-up Camera တပ္ဆင္ထားၿပီး 32MP Main နဲ႔ 8MP Ultrawide Angle Camera ေတြျဖစ္ပါတယ္။ Pop-up Module မွာ Earpiece ၁ ခု နဲ႔ Flash ၁ ခု တပ္ဆင္ထားၿပီး Low Light မွာ ဆဲလ္ဖီး ဓါတ္ပံုေကာင္းေတြ ဖမ္းယူေပးမယ့္ Selfie Softlight လို႔ Vivo က နာမည္ေပးထားပါတယ္။ ဒါ့အျပင္ ညဘက္မွာ အလန္းစား ဓါတ္ပံုေတြ ဖမ္းယူေပးဖို႔ ဖရိမ္မ်ားစြာကို ေပါင္းစပ္ ေပးတဲ့ Night Selfie လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။

၆.၄၄ လက္မ FHD+ 20:9 Super AMOLED Display ထည့္သြင္းထားၿပီး Vivo က Ultra FullView Display လို႔ ေခၚပါတယ္။ Display ေအာက္မွာ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Snapdragon 675 SoC, 8GB RAM , 128GB Storage , Android Pie အေျချပဳ Funtouch OS 9.1 , Multi Turbo , Game Mode နဲ႔ Dual-Engine Fast Charging (18W) ပါတဲ့ 4,100mAh Battery ေတြ ပါပါတယ္။

Ref : gizmochina

[Unicode]

အလန်းစား Dual Pop-up Selfie Camera ပါတဲ့ Vivo V17 Pro ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပြီ

Vivo V17 Pro ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပြီး အလန်းစား Dual Pop-up Selfie Camera ပါပါတယ်။ Snapdragon 675 SoC ပါတဲ့ V17 Pro ကို ရူပီး ၂၉,၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၆၄၀,၀၀၀ လောက်ရှိနိုင်ပါတယ်။ Xiaomi က Snapdragon 855 ပါတဲ့ Redmi K20 Pro ကို ရူပီး ၂၇,၉၉၉ (မြန်မာငွေ ၆၀၀,၀၀၀) နဲ့ ရောင်းပေးနေတာက V17 Pro ရောင်းအားကို ထိခိုက်နိုင်ပါတယ်။

Vivo V17 Pro ရဲ့ Specs တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 48MP Main (Sony IMX582), 13MP Telephoto (2x Zoom), 8MP Ultrawide Angle နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။ 8MP Camera က ၂.၅ စင်တီမီတာလောက်က အရာဝတ္ထုတွေကို ဓါတ်ပုံရိုက်ပေးနိုင်ပါတယ်။

Notch မပါဘဲ Dual Pop-up Camera တပ်ဆင်ထားပြီး 32MP Main နဲ့ 8MP Ultrawide Angle Camera တွေဖြစ်ပါတယ်။ Pop-up Module မှာ Earpiece ၁ ခု နဲ့ Flash ၁ ခု တပ်ဆင်ထားပြီး Low Light မှာ ဆဲလ်ဖီး ဓါတ်ပုံကောင်းတွေ ဖမ်းယူပေးမယ့် Selfie Softlight လို့ Vivo က နာမည်ပေးထားပါတယ်။ ဒါ့အပြင် ညဘက်မှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးဖို့ ဖရိမ်များစွာကို ပေါင်းစပ် ပေးတဲ့ Night Selfie လုပ်ဆောင်ချက်လည်း ပါပါတယ်။

၆.၄၄ လက်မ FHD+ 20:9 Super AMOLED Display ထည့်သွင်းထားပြီး Vivo က Ultra FullView Display လို့ ခေါ်ပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Snapdragon 675 SoC, 8GB RAM , 128GB Storage , Android Pie အခြေပြု Funtouch OS 9.1 , Multi Turbo , Game Mode နဲ့ Dual-Engine Fast Charging (18W) ပါတဲ့ 4,100mAh Battery တွေ ပါပါတယ်။

Ref : gizmochina