Zawgyi

Vivo ဟာ သူတုိ႔ရဲ႕ Vivo V17 Pro စမတ္ဖုန္းသစ္ကို ဥေရာပေစ်းကြက္ကေန စတင္ၿပီး မိတ္ဆက္ဖို႔ အသင့္ျပင္ေနေၾကာင္း သတင္းေတြက ဆုိပါတယ္။ ဒါ့အျပင္ ဒီဖုန္းရဲ႕ Render ပုံရိပ္ေတြနဲ႔ အဓိက Specs အခ်ဳိ႕ကိုလည္း အြန္လိုင္းမွာ စတင္ေတြ႕ရွိလာရပါၿပီ။

V17 Pro ရဲ႕ပုံရိပ္ထဲမွာေတာ့ Notch-less Display ကို ေနာက္ေက်ာမွာ ေဒါင္လိုက္ကင္မရာေလးလုံးတြဲနဲ႔ ေတြ႕ရပါတယ္။ ဒါ့အျပင္ ေရွ႕ဘက္ Pop-up Selfie ကင္မရာကလည္း Dual-camera ထည့္သြင္းထားတာကို ထူးထူးဆန္းဆန္း ေတြ႕ရမွာပါ။

Vivo V17 Pro ဖုန္းမွာ 6.44” လက္မအရြယ္ Super AMOLED Display တစ္ခုပါဝင္မွာျဖစ္ၿပီး Full HD+ Resolution ရရွိမွာပါ။ Snapdragon 675 ခ်စ္ပ္ဆက္ကို 8GB RAM မန္မုိရီနဲ႔တြဲဖက္ထားၿပီး 128GB Storage ပါဝင္မွာျဖစ္ပါတယ္။ ဒါနဲ႔မွမေလာက္ေသးရင္လည္း MicroSD ကတ္ ထပ္ျဖည့္လို႔ရဦးမွာပါ။

ေရွ႕ဘက္ Dual Pop-up ကင္မရာမွာေတာ့ အဓိက 32MP Lens တစ္ခုနဲ႔ 2MP Depth Sensor တုိ႔ ပါဝင္ပါတယ္။ ေနာက္ဘက္က Quad-camera မွာေတာ့ 48MP အဓိက Lens တစ္ခုကို 8MP Ultrawide ကင္မရာ၊ 2MP Depth Sensor ၊ ေနာက္ထပ္ 2MP Sensor ေတြနဲ႔ တြဲဖက္ထားပါတယ္။

ဒီဟန္းဆက္အသစ္ဟာ 4,100 mAh ဘကၳရီ အသုံးျပဳထားကာ USB Type-C နဲ႔ အားအျမန္သြင္းစနစ္ တစ္ခုလည္း ပါဝင္မယ္လို႔ ဆုိထားပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ Vivo V17 Pro ရဲ႕ေစ်းႏႈန္းကို မသိရေသးပါဘူး။ စက္တင္ဘာ တတိယပတ္ထဲေလာက္မွာေတာ့ အိႏၵိယေစ်းကြက္မွာ မိတ္ဆက္လာမယ္လို႔လည္း ခန္႔မွန္းရတာေၾကာင့္ ပထမဆုံးဝင္ေရာက္လာတဲ့ေစ်းကြက္က အိႏၵိယလည္း ျဖစ္ႏုိင္ပါတယ္။

Ref – PlayfulDroid

Unicode

Vivo ဟာ သူတို့ရဲ့ Vivo V17 Pro စမတ်ဖုန်းသစ်ကို ဥရောပဈေးကွက်ကနေ စတင်ပြီး မိတ်ဆက်ဖို့ အသင့်ပြင်နေကြောင်း သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် ဒီဖုန်းရဲ့ Render ပုံရိပ်တွေနဲ့ အဓိက Specs အချို့ကိုလည်း အွန်လိုင်းမှာ စတင်တွေ့ရှိလာရပါပြီ။

V17 Pro ရဲ့ပုံရိပ်ထဲမှာတော့ Notch-less Display ကို နောက်ကျောမှာ ဒေါင်လိုက်ကင်မရာလေးလုံးတွဲနဲ့ တွေ့ရပါတယ်။ ဒါ့အပြင် ရှေ့ဘက် Pop-up Selfie ကင်မရာကလည်း Dual-camera ထည့်သွင်းထားတာကို ထူးထူးဆန်းဆန်း တွေ့ရမှာပါ။

Vivo V17 Pro ဖုန်းမှာ 6.44” လက်မအရွယ် Super AMOLED Display တစ်ခုပါဝင်မှာဖြစ်ပြီး Full HD+ Resolution ရရှိမှာပါ။ Snapdragon 675 ချစ်ပ်ဆက်ကို 8GB RAM မန်မိုရီနဲ့တွဲဖက်ထားပြီး 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ ဒါနဲ့မှမလောက်သေးရင်လည်း MicroSD ကတ် ထပ်ဖြည့်လို့ရဦးမှာပါ။

ရှေ့ဘက် Dual Pop-up ကင်မရာမှာတော့ အဓိက 32MP Lens တစ်ခုနဲ့ 2MP Depth Sensor တို့ ပါဝင်ပါတယ်။ နောက်ဘက်က Quad-camera မှာတော့ 48MP အဓိက Lens တစ်ခုကို 8MP Ultrawide ကင်မရာ၊ 2MP Depth Sensor ၊ နောက်ထပ် 2MP Sensor တွေနဲ့ တွဲဖက်ထားပါတယ်။

ဒီဟန်းဆက်အသစ်ဟာ 4,100 mAh ဘက္ထရီ အသုံးပြုထားကာ USB Type-C နဲ့ အားအမြန်သွင်းစနစ် တစ်ခုလည်း ပါဝင်မယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်ထိတော့ Vivo V17 Pro ရဲ့ဈေးနှုန်းကို မသိရသေးပါဘူး။ စက်တင်ဘာ တတိယပတ်ထဲလောက်မှာတော့ အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လာမယ်လို့လည်း ခန့်မှန်းရတာကြောင့် ပထမဆုံးဝင်ရောက်လာတဲ့ဈေးကွက်က အိန္ဒိယလည်း ဖြစ်နိုင်ပါတယ်။

Ref – PlayfulDroid