[Zawgyi]

Vivo မွ ကမာၻ႔ပထမဆုံး 32MP Dual Pop-up ေရွ႕ကင္မရာႏွင့္ စုစုေပါင္းကင္မရာ (၆) လုံးပါ၀င္ေသာ V17 Pro ကို ေငြက်ပ္ (၆၂၉,၈၀၀) က်ပ္ျဖင့္ ေအာက္တိုဘာ (၅) ရက္ေန႔မွ စတင္ကာ ျမန္မာတစ္ႏိုင္ငံလုံးရွိ ဖုန္းဆိုင္မ်ားတြင္ ၀ယ္ယူႏိုင္ၿပီျဖစ္သည္။ First sale ကာလတြင္ ၀ယ္ယူအားေပးသည့္ သုံးစြဲသူပရိသတ္မ်ားကို Vivo မွ Gift Box မ်ားျပန္လည္ေပးအပ္သြားမည္။

Vivo V17Pro ျမန္မာႏိုင္ငံတြင္ တရားဝင္မိတ္ဆက္ပြဲအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂ ရက္ေန႔ တြင္ က်င္းပျပဳလုပ္ခဲ့ၿပီး Vivo ၏ Brand Ambassadors မ်ားျဖစ္ၾကေသာ ဝိုင္းစုခိုင္သိန္းႏွင့္ ေနျခည္ဦးတို႔အျပင္ အျခားအႏုပညာရွင္မ်ားစြာ တက္ေရာက္ခ်ီးျမႇင့္ခဲ့ၾကသည္။

Vivo V17 Pro စမတ္ဖုန္းသစ္၏ အဆင့္ျမင့္ 6.44 လက္မအ႐ြယ္ Full HD+ Super AMOLED Ultra Fullview မ်က္ႏွာျပင္သည္ 1080×2400 px ပုံထြက္ႏႈန္းရွိၿပီး ဖုန္းကိုယ္ထည္ႏွင့္ မ်က္ႏွာျပင္အခ်ိဳးအစားမွာ ၉၁.၆၅ ရာခိုင္ႏႈန္းရွိကာ အ႐ြယ္အစားႀကီးေသာ္လည္း ေပါ့ေပါ့ပါးပါးကိုင္ေဆာင္ႏိုင္သည့္ ဖုန္းအမ်ိဳးအစားျဖစ္သည္။ Vivo ဖုန္းအမ်ိဳးအစားအားလုံးမွာ လူငယ္မ်ားႏွင့္ကိုက္ညီသည့္ဒီဇိုင္း၊ ေနာက္ဆုံးေပၚနည္းပညာေတြကို အသုံးျပဳ ဖန္တီးထားျခင္းျဖစ္သည္။ ဖုန္း၏ ေရွ႕ဖက္မ်က္ႏွာျပင္သည္ အဆင့္ျမင့္ Schott Xensation UP အကာအကြယ္ နည္းပညာအသုံးျပဳ ဖန္တီးထားၿပီး ေနာက္ဖက္မ်က္ႏွာျပင္သည္ 3D Curved Corning Gorilla Glass 6 ဖန္သားဖုံးအုပ္ထားသျဖင့္ မေတာ္တဆ ထိခိုက္ပြန္းပဲ့မႈဒဏ္ကို အထူးခံႏိုင္စြမ္းရွိသည္။

Vivo V17 Pro တြင္ တုန႔္ျပန္မႈႏႈန္းႏွင့္ မွတ္ဉာဏ္စြမ္းျမင့္မားသည့္ Vivo ၏ မူပိုင္နည္းပညာသုံး မ်က္ႏွာျပင္ေအာက္လက္ေဗြစနစ္ (In-Display Finger Print) တပ္ဆင္ေပးထားသည္။ အတြင္းပိုင္းမွာေတာ့ Qualcomm Snapdragon 675 AIE Processor ႏွင့္ RAM 8GB တို႔ တပ္ဆင္ေပးထားေသာေၾကာင့္ စြမ္းေဆာင္ရည္ပိုင္းမွာ အထူးေကာင္းမြန္ၿပီး Stroage ပမာဏ 128 GB ထိ သိမ္းဆည္းႏိုင္ပါမည္။

ဘက္ထရီကေတာ့ 4100mAh အားရွိၿပီး Vivo ရဲ႕ မူပိုင္နည္းပညာသုံး အျမန္အားသြင္းစနစ္ (18W Dual Engine Fast Charging) ႏွင့္ USB Type C ကို အသုံးျပဳထားပါသည္။ ဂိမ္းခ်စ္သူေတြအတြက္လည္း V17 Pro တြင္ သီးသန႔္ထုတ္လုပ္ထားေသာ Multi-Turbo နည္းပညာပါ၀င္ေသာေၾကာင့္ ဂိမ္းကစားခ်ိန္ ဘယ္ေလာက္ၾကာၾကာ အဆင္ေျပေစမည္ျဖစ္သည္။ ထို႔ေၾကာင့္ အရည္အေသြးျမင့္ ေနာက္ဆုံးေပၚ စမတ္ဖုန္း V17 Pro ကို မယုံႏိုင္ ေလာက္စရာေစ်းႏႈန္းျဖင့္ Vivo ခ်စ္သူမ်ား ျမန္မာႏိုင္ငံတစ္ဝွမ္း စတင္ဝယ္ယူႏိုင္ပါၿပီ။

[Unicode]

အောက်တိုဘာ ၅ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ဖြန့်ဖြူးရောင်းချလိုက်သည့် ကင်မရာခြောက်လုံးပါ Vivo V17 Pro

Vivo မှ ကမ္ဘာ့ပထမဆုံး 32MP Dual Pop-up ရှေ့ကင်မရာနှင့် စုစုပေါင်းကင်မရာ (၆) လုံးပါ၀င်သော V17 Pro ကို ငွေကျပ် (၆၂၉,၈၀၀) ကျပ်ဖြင့် အောက်တိုဘာ (၅) ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ဖုန်းဆိုင်များတွင် ၀ယ်ယူနိုင်ပြီဖြစ်သည်။ First sale ကာလတွင် ၀ယ်ယူအားပေးသည့် သုံးစွဲသူပရိသတ်များကို Vivo မှ Gift Box များပြန်လည်ပေးအပ်သွားမည်။

Vivo V17Pro မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး Vivo ၏ Brand Ambassadors များဖြစ်ကြသော ဝိုင်းစုခိုင်သိန်းနှင့် နေခြည်ဦးတို့အပြင် အခြားအနုပညာရှင်များစွာ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

Vivo V17 Pro စမတ်ဖုန်းသစ်၏ အဆင့်မြင့် 6.44 လက်မအရွယ် Full HD+ Super AMOLED Ultra Fullview မျက်နှာပြင်သည် 1080×2400 px ပုံထွက်နှုန်းရှိပြီး ဖုန်းကိုယ်ထည်နှင့် မျက်နှာပြင်အချိုးအစားမှာ ၉၁.၆၅ ရာခိုင်နှုန်းရှိကာ အရွယ်အစားကြီးသော်လည်း ပေါ့ပေါ့ပါးပါးကိုင်ဆောင်နိုင်သည့် ဖုန်းအမျိုးအစားဖြစ်သည်။ Vivo ဖုန်းအမျိုးအစားအားလုံးမှာ လူငယ်များနှင့်ကိုက်ညီသည့်ဒီဇိုင်း၊ နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြု ဖန်တီးထားခြင်းဖြစ်သည်။ ဖုန်း၏ ရှေ့ဖက်မျက်နှာပြင်သည် အဆင့်မြင့် Schott Xensation UP အကာအကွယ် နည်းပညာအသုံးပြု ဖန်တီးထားပြီး နောက်ဖက်မျက်နှာပြင်သည် 3D Curved Corning Gorilla Glass 6 ဖန်သားဖုံးအုပ်ထားသဖြင့် မတော်တဆ ထိခိုက်ပွန်းပဲ့မှုဒဏ်ကို အထူးခံနိုင်စွမ်းရှိသည်။

Vivo V17 Pro တွင် တုန့်ပြန်မှုနှုန်းနှင့် မှတ်ဉာဏ်စွမ်းမြင့်မားသည့် Vivo ၏ မူပိုင်နည်းပညာသုံး မျက်နှာပြင်အောက်လက်ဗွေစနစ် (In-Display Finger Print) တပ်ဆင်ပေးထားသည်။ အတွင်းပိုင်းမှာတော့ Qualcomm Snapdragon 675 AIE Processor နှင့် RAM 8GB တို့ တပ်ဆင်ပေးထားသောကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အထူးကောင်းမွန်ပြီး Stroage ပမာဏ 128 GB ထိ သိမ်းဆည်းနိုင်ပါမည်။

ဘက်ထရီကတော့ 4100mAh အားရှိပြီး Vivo ရဲ့ မူပိုင်နည်းပညာသုံး အမြန်အားသွင်းစနစ် (18W Dual Engine Fast Charging) နှင့် USB Type C ကို အသုံးပြုထားပါသည်။ ဂိမ်းချစ်သူတွေအတွက်လည်း V17 Pro တွင် သီးသန့်ထုတ်လုပ်ထားသော Multi-Turbo နည်းပညာပါ၀င်သောကြောင့် ဂိမ်းကစားချိန် ဘယ်လောက်ကြာကြာ အဆင်ပြေစေမည်ဖြစ်သည်။ ထို့ကြောင့် အရည်အသွေးမြင့် နောက်ဆုံးပေါ် စမတ်ဖုန်း V17 Pro ကို မယုံနိုင် လောက်စရာစျေးနှုန်းဖြင့် Vivo ချစ်သူများ မြန်မာနိုင်ငံတစ်ဝှမ်း စတင်ဝယ်ယူနိုင်ပါပြီ။