[Zawgyi]
[Unicode]
သုံးစွဲသူတွေကြိုက်နှစ်သက်စေမယ့် Vivo V17 Pro ရဲ့ အသေးစိတ်အချက်အလက်များကို လေ့လာခြင်း
ကမ္ဘာ့ပထမဆုံး Dual Pop-up Selfie camera ကို Vivo က Vivo V17 Pro မှာ စတင်ထည့်သွင်းအသုံးပြုထားတာက စမတ်ဖုန်းလောကရဲ့ ဂုဏ်ယူစရာတစ်ခုပါပဲ။ Vivo V17 Pro က Selfie camera ပိုင်းကောင်းမွန်တာတစ်ခုထဲမဟုတ်ပါဘူး ။ ကျောဘက်မှာလည်း 48 MP ပါ ကင်မရာလေးလုံး ထည့်သွင်းအသုံးပြုထားပါသေးတယ်။ ဒါကြောင့် အခု first sale ကာလမှာ လူငယ်အများစု ၀ယ်ယူကြတယ်လို့ သိရပါတယ်။
V17 Pro ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုက ဖုန်းကင်မရာရဲ့ Portrait Mode မှာဆိုရင် Posture နဲ့ Slim Function ၂ မျိုး ထည့်ပေးထားပါတယ်။ ဒီ Function ၂ မျိုးလုံးက မိန်းကလေးတယောက်ရဲ့ အလှအပကို ပိုပြီးတော့ ပေါ်လွင်အောင် ဖန်တီးပေးနိုင်ပါတယ်။ လူတကိုယ်လုံးပေါ်အောင် ဗီဒီယိုရိုက်မယ်ဆိုရင်တောင် Category အမျိုးမျိုးနဲ့ ရိုက်နိုင်ပါတယ်။ Super AMOLED FHD+ Ultra FullView ရုပ်ထွက်သုံးထားကာ Pixel Density က 409 ppi ရှိပါတယ်။ အလင်းပေးမှု ကောင်းမွန်သလို အရောင်ပေးမှုလည်း ကောင်းမွန်ပါတယ်။ ရုပ်ထွက်ကောင်းမွန်မှုကလည်း ဖုန်းသုံးစွဲသူတွေ အဓိကသဘောကျတဲ့ အချက်တစ်ချက်ပဲဖြစ်တယ်။
Vivo V17 Pro ရဲ့ဒီဇိုင်း မျက်နှာပြင်ဟာ 20:9 Aspect Ratio သုံးထားတာကြောင့် ကိုင်ရလွယ်တဲ့အနေအထားပါပဲ။ Vivo V17Pro မှာ USB Type C သုံးထားပြီး ဖုန်းအပေါ်ပိုင်းမှာ Pop-Up Camera ၊ နားကြပ်ပေါက်၊ မိုက်ခရိုဖုန်းတို့ ပါဝင်ပါတယ်။ Vivo V17Pro မှာ အရောင်အလိုက် ဗူးအတွင်းမှာ ကာဗာလေးတွေတစ်ခုစီ ထည့်သွင်းပေးထားပါတယ်။
Hardware specs တွေအနေနဲ့ပြောမယ်ဆိုရင် RAM 8GB နဲ့ build-in storage က 128GB ပါတဲ့အတွက် အတော်လေး မြင့်ပါတယ်။ Processor က Snapdragon 675 SoC ဖြစ်တဲ့အတွက် မဆိုးတဲ့ အနေအထားပါ။ Storage ပိုင်းများလာပြီး SD Card ထပ်စိုက်စရာ မလိုတဲ့အတွက် V17 Pro ဝယ်ယူသူတွေက အကြိုက် တွေ့နေကြပါတယ်။
Gamer တွေအတွက်ဆိုရင်လည်း ဂိမ်း performance မြှင့်ပေးမယ့် Multi-Turbo Tech တို့၊ ဂိမ်းကစားရင်း ဖုန်းအပူချိန်အနေအထားတွေကြည့်လို့ရမယ့် Game Center တို့လည်း ထည့်ပေးထားတယ်။ ဘက်ထရီအပိုင်းကို ကြည့်မယ်ဆိုရင်လည်း 4100 mAh ပါဝင်ကာ 18W Fast Charging ထောက်ပံ့ထားပါတယ်။ ဘက်ထရီပမာဏရော အားသွင်းမှုအပိုင်းပါ ကျေနပ်စရာပါ။ တစ်နေ့တာ အသုံးပြုဖို့ လုံလောက်တဲ့ ပမာဏဖြစ်ပြီး ဖုန်းအားအပြည့်သွင်းဖို့တော့ တစ်နာရီခွဲ အချိန်ယူရပါမယ်။
စျေးနှုန်းအနေနဲ့က ၆၂၉၈၀၀ ကျပ် ရှိပြီး upper mid-range အမျိုးအစားဖြစ်ပါတယ်။ Vivo V17 Pro က ဒီဇိုင်းပိုင်း၊ ရုပ်ထွက်ပိုင်း၊ ကင်မရာပိုင်း၊ ဘက်ထရီပိုင်း ကောင်းမွန်တဲ့အတွက် သုံးစွဲသူတွေကြားမှာ အပြောများတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။