[Zawgyi]

Vivo ရဲ႕ မၾကာမီ အသစ္ထြက္ရွိလာမယ့္ V17Pro ကို တရားဝင္ ေၾကညာခ်က္မထုတ္ျပန္ေသးေပမယ့္ အခ်က္အလက္တစ္ခ်ိဳ႕ ေပါက္ၾကားလာပါတယ္။ ေနာက္ထပ္အသစ္ထြက္လာမယ့္ Vivo V17 pro စမတ္ဖုန္းသစ္ရဲ႕ဒီဇိုင္းကို 91 mobiles ဝက္ဆိုက္ဒ္မွာ ေၾကာ္ျငာဖို႔ လက္ခံရရွိထားၿပီးျဖစ္တယ္ဆိုတဲ့ သတင္းအရင္း အျမစ္ကို ရရွိထားပါတယ္။

V17 pro မွာဆိုရင္ (dual pop up) ဆဲလ္ဖီကင္မရာ ႏွစ္လုံးပါဝင္လာမွာ ျဖစ္တယ္ဆိုတဲ့ အေၾကာင္းကို ဇူလိုင္လမွာ ထုတ္ခဲ့တဲ့ Vivo ရဲ႕ ပထမ အစီရင္ခံစာမွာ ေဖာ္ျပခဲ့တယ္။ V17 pro ရဲ႕ ဒီဇိုင္း အသစ္မွာ မ်က္ႏွာျပင္ေအာက္လက္ေဗြစနစ္ က V15Pro အတိုင္းပဲ ဆက္ၿပီးပါလာမယ္။ ေရွ႕မ်က္ႏွာျပင္ ေဘာင္က ပုံရိပ္ေတြကို ရွင္းရွင္းလင္းလင္းျမင္ႏိုင္ေနေပမယ့္ စမတ္ဖုန္းရဲ႕ေနာက္ဘက္ဒီဇိုင္းက ဘယ္လိုပုံစံနဲ႔လာမယ္ဆိုတာေတာ့ အေသးစိတ္လြယ္လြယ္ကူကူမေျပာႏိုင္ေသးဘူး။ ဖုန္းအေရာင္က Vivo ရဲ႕ အရင္ထြက္ရွိၿပီးသား V15 Pro ဒီဇိုင္းေတြလိုပဲ ေက်ာဘက္မွာ အျပာေရာင္ေရာင္ေျပးေလးကို အသုံးျပဳထားမလား။ ဒါမွမဟုတ္ ဘာအေရာင္ ဆန္းေလးေတြ အသုံးျပဳထားမလဲဆိုတာလဲ စိတ္ဝင္စားစရာ အခ်က္တစ္ခုပါပဲ။ ထပ္ေျပာရရင္ အဲဒီဒီဇိုင္းနဲ႔တူတဲ့စမတ္ဖုန္းကို the Bigg Boss reality TV series အပိုင္း ၁၃ promo မွာ Salman Khan ကိုင္ထားတာကိုလည္း ေတြ႕လိုက္ပါတယ္။

Brand ambassador Aamir Khan ကိုင္ထားတဲ့ V 17 pro ကို ၾကည့္လိုက္မယ္ဆိုရင္ Vivo ရဲ႕ logo က ဖုန္းေနာက္ေက်ာဘက္ရဲ႕ ေအာက္ေျခနားေလးမွာ ရွိတာကိုေတြ႕တယ္။ V17 Pro ဟာ ဒီလအကုန္မွာ တရားဝင္ထြက္လာေတာ့မယ္လို႔ ေမွ်ာ္လင့္ရတဲ့အတြက္ အိႏၵိယႏိုင္ငံရဲ႕ ေဒဝါလီပြဲေတာ္မတိုင္မီ ေဈးကြက္ထဲမွာ ဝယ္လို႔ရႏိုင္မယ္လို႔ ခန႔္မွန္းမိတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာလည္း Vivo ကေန brand အသစ္ျဖစ္တဲ့ V 17 pro ကို တရားဝင္မိတ္ဆက္ဖို႔ စတင္လုပ္ေဆာင္ေနၿပီဆိုတဲ့ အေၾကာင္းေတြလည္း ၾကားေနရတယ္။ ဒါေပမယ့္ Vivo Myanmar ဘက္ကေနၿပီးေတာ့ ဘာမွေတာ့ တရားဝင္ မေၾကညာေသးပါဘူး။

Vivo V17Pro မွာ ကင္မရာဘယ္ႏွစ္လုံးပါဝင္လာမယ္ဆိုတာကိုေတာ့ ေသခ်ာမသိရေသးဘူး။ ဒါေပမယ့္ ထုတ္ျပန္ထားတဲ့ သတင္းေတြအရ ကင္မရာ ၆ လုံး ပါဝင္လာမယ္လို႔ေတာ့ သိရပါတယ္။ ေသခ်ာတာကေတာ့ Zooming လုပ္ေဆာင္ႏိုင္စြမ္းကို ပိုမိုတိုးျမႇင့္ထားမယ္ဆိုတာပါပဲ။ ဒါေၾကာင့္ OPPO Reno 10X Zoom တို႔ Redmi Note 8 Pro တို႔မွာ ေတြ႕ရတဲ့ Zooming Feature ေတြလိုမ်ိဳးပဲ V17 pro မွာလည္း ပါလာႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္လို႔ရတယ္။ Vivo ကေန Flagship series တစ္ခုျဖစ္တဲ့ V17 Pro စမတ္ဖုန္းကိုလည္း စမတ္ဖုန္းေလာကရဲ႕စံျပတစ္ခုအျဖစ္ မၾကာခင္မိတ္ဆက္လာႏိုင္မယ္လို႔ ထင္ပါ တယ္။

[Unicode]

ကင်မရာပိုင်း အထူးလုပ်ဆောင်ချက်တွေနဲ့ ပွဲထွက်လာနိုင်တဲ့ Vivo V17 Pro

Vivo ရဲ့ မကြာမီ အသစ်ထွက်ရှိလာမယ့် V17Pro ကို တရားဝင် ကြေညာချက်မထုတ်ပြန်သေးပေမယ့် အချက်အလက်တစ်ချို့ ပေါက်ကြားလာပါတယ်။ နောက်ထပ်အသစ်ထွက်လာမယ့် Vivo V17 pro စမတ်ဖုန်းသစ်ရဲ့ဒီဇိုင်းကို 91 mobiles ဝက်ဆိုက်ဒ်မှာ ကြော်ငြာဖို့ လက်ခံရရှိထားပြီးဖြစ်တယ်ဆိုတဲ့ သတင်းအရင်း အမြစ်ကို ရရှိထားပါတယ်။

V17 pro မှာဆိုရင် (dual pop up) ဆဲလ်ဖီကင်မရာ နှစ်လုံးပါဝင်လာမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ဇူလိုင်လမှာ ထုတ်ခဲ့တဲ့ Vivo ရဲ့ ပထမ အစီရင်ခံစာမှာ ဖော်ပြခဲ့တယ်။ V17 pro ရဲ့ ဒီဇိုင်း အသစ်မှာ မျက်နှာပြင်အောက်လက်ဗွေစနစ် က V15Pro အတိုင်းပဲ ဆက်ပြီးပါလာမယ်။ ရှေ့မျက်နှာပြင် ဘောင်က ပုံရိပ်တွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်နေပေမယ့် စမတ်ဖုန်းရဲ့နောက်ဘက်ဒီဇိုင်းက ဘယ်လိုပုံစံနဲ့လာမယ်ဆိုတာတော့ အသေးစိတ်လွယ်လွယ်ကူကူမပြောနိုင်သေးဘူး။ ဖုန်းအရောင်က Vivo ရဲ့ အရင်ထွက်ရှိပြီးသား V15 Pro ဒီဇိုင်းတွေလိုပဲ ကျောဘက်မှာ အပြာရောင်ရောင်ပြေးလေးကို အသုံးပြုထားမလား။ ဒါမှမဟုတ် ဘာအရောင် ဆန်းလေးတွေ အသုံးပြုထားမလဲဆိုတာလဲ စိတ်ဝင်စားစရာ အချက်တစ်ခုပါပဲ။ ထပ်ပြောရရင် အဲဒီဒီဇိုင်းနဲ့တူတဲ့စမတ်ဖုန်းကို the Bigg Boss reality TV series အပိုင်း ၁၃ promo မှာ Salman Khan ကိုင်ထားတာကိုလည်း တွေ့လိုက်ပါတယ်။

Brand ambassador Aamir Khan ကိုင်ထားတဲ့ V 17 pro ကို ကြည့်လိုက်မယ်ဆိုရင် Vivo ရဲ့ logo က ဖုန်းနောက်ကျောဘက်ရဲ့ အောက်ခြေနားလေးမှာ ရှိတာကိုတွေ့တယ်။ V17 Pro ဟာ ဒီလအကုန်မှာ တရားဝင်ထွက်လာတော့မယ်လို့ မျှော်လင့်ရတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ဒေဝါလီပွဲတော်မတိုင်မီ ဈေးကွက်ထဲမှာ ဝယ်လို့ရနိုင်မယ်လို့ ခန့်မှန်းမိတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း Vivo ကနေ brand အသစ်ဖြစ်တဲ့ V 17 pro ကို တရားဝင်မိတ်ဆက်ဖို့ စတင်လုပ်ဆောင်နေပြီဆိုတဲ့ အကြောင်းတွေလည်း ကြားနေရတယ်။ ဒါပေမယ့် Vivo Myanmar ဘက်ကနေပြီးတော့ ဘာမှတော့ တရားဝင် မကြေညာသေးပါဘူး။

Vivo V17Pro မှာ ကင်မရာဘယ်နှစ်လုံးပါဝင်လာမယ်ဆိုတာကိုတော့ သေချာမသိရသေးဘူး။ ဒါပေမယ့် ထုတ်ပြန်ထားတဲ့ သတင်းတွေအရ ကင်မရာ ၆ လုံး ပါဝင်လာမယ်လို့တော့ သိရပါတယ်။ သေချာတာကတော့ Zooming လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးမြှင့်ထားမယ်ဆိုတာပါပဲ။ ဒါကြောင့် OPPO Reno 10X Zoom တို့ Redmi Note 8 Pro တို့မှာ တွေ့ရတဲ့ Zooming Feature တွေလိုမျိုးပဲ V17 pro မှာလည်း ပါလာနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်လို့ရတယ်။ Vivo ကနေ Flagship series တစ်ခုဖြစ်တဲ့ V17 Pro စမတ်ဖုန်းကိုလည်း စမတ်ဖုန်းလောကရဲ့စံပြတစ်ခုအဖြစ် မကြာခင်မိတ်ဆက်လာနိုင်မယ်လို့ ထင်ပါ တယ်။