[Zawgyi]

တမူထူးျခားစြာ ဖန္တီးထုတ္လုပ္ထားသည့္ Vivo V17 Pro စမတ္ဖုန္းကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၅ ရက္ေန႔တြင္ ျမန္မာႏိုင္ငံတစ္ဝန္း စတင္ေရာင္းခ်ေပးသြားမည္ျဖစ္သည္။

ကမာၻ႔ထိပ္တန္းစမတ္ဖုန္း အမွတ္တံဆိပ္တစ္ခု ျဖစ္ေသာ Vivo မွ ျမင့္မားေသာ နည္းပညာမ်ားျဖင့္ ထုတ္လုပ္လ်က္ရွိသည့္ V Series ၏ ေနာက္ဆုံးမ်ိဳးဆက္ V17Pro စမတ္ဖုန္းသစ္ ျမန္မာႏိုင္ငံ ေဈးကြက္အတြင္း မိတ္ဆက္ပြဲ အခမ္းအနားကို (ေအာက္တိုဘာလ ၂ ရက္ေန႔) တြင္ ရန္ကုန္ၿမိဳ႕ Wyndham Grand Hotel ၌ အႏုပညာရွင္မ်ား၊ သတင္းမီဒီယာမ်ား၊ အထူး ဧည့္သည္ေတာ္မ်ားႏွင့္ သုံးစြဲသူမ်ား စုံလင္စြာျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ခဲ့ပါသည္။

မိတ္ဆက္ပြဲ အခမ္းအနားသို႔ Vivo ၏ Brand Ambassador မ်ားျဖစ္ၾကသည့္ ေနျခည္ဦးႏွင့္ ဝိုင္းစုခိုင္သိန္း၊ အႏုပညာရွင္မ်ား ျဖစ္ၾကသည့္ နန္းစႏၵာလွထြန္း၊ ေမလသံစဥ္၊ Alice Ong၊ အုပ္စိုးခန႔္တို႔မွ တက္ေရာက္ခ်ီးျမႇင့္ခဲ့ၿပီး နာမည္ေက်ာ္အဆိုေတာ္မ်ားျဖစ္သည့္ ဟန္ေနတာ (Eternal Gosh) ႏွင့္ ျဖဴျဖဴေက်ာ္သိန္းတို႔က သီဆိုေဖ်ာ္ေျဖခဲ့ၾကသည္။

အခမ္းအနားတြင္ Vivo Myanmar ႏွင့္ Facebook တို႔မွ ပူးေပါင္းၿပီး “Internet 1O1” ကို မိတ္ဆက္ေပးခဲ့သည္။ “Internet 1O1” ဆိုသည္မွာ လူအမ်ားကို အင္တာနက္ ေကာင္းမြန္စြာ အသုံးျပဳႏိုင္ေစရန္ ဒစ္ဂ်စ္တယ္ဆိုင္ရာ အသိပညာေပး အစီအစဥ္တစ္ခုျဖစ္ၿပီးအင္တာနက္ႏွင့္ ပတ္သက္၍ သိလိုသည့္ ေမးခြန္းမ်ားႏွင့္ အသုံးျပဳပုံမ်ား ကိုလည္း ကြၽမ္းက်င္ကိုယ္စားလွယ္မ်ားကို ေမးျမန္းႏိုင္သည့္ အစီအစဥ္ျဖစ္ပါသည္။ အခမ္းအနားတြင္ Facebook မွ Head of Connectivity and Access Policy (APAC) ျဖစ္သူ Tenzin Norbhu မွလည္း ျမန္မာလူထုအတြင္း ဒစ္ဂ်စ္တယ္ဆိုင္ရာ အသိပညာ ဗဟုသုတမ်ား တိုးတက္လာေစရန္ “Internet 1O1” အေၾကာင္း ရွင္းလင္းေျပာၾကားခဲ့သည္။

Vivo ၏ အသစ္ထြက္ရွိလာေသာ V17 Pro စမတ္ဖုန္းသစ္သည္ ျမန္မာႏိုင္ငံတြင္ တရားဝင္ မိတ္ဆက္ျခင္း မျပဳလုပ္ခင္တည္းက လူအမ်ားၾကားတြင္ ေရပန္းစားေနခဲ့ၿပီး စိတ္ဝင္စားေနသည့္ စမတ္ဖုန္း ျဖစ္သည္။ ယေန႔ မိတ္ဆက္ခဲ့သည့္ Vivo V17 Pro စမတ္ဖုန္းသစ္သည္ ကမာၻ႔ပထမဆုံးေသာ (အသြင္း၊ အထုတ္ ျပဳလုပ္ႏိုင္သည့္) 32MP Dual Pop-Up Selfie ေရွ႕ကင္မရာ ၂ လုံး၊ ေက်ာဖက္ ကင္မရာ (၄) လုံးပါ AI သုံး Quad Camera စနစ္ စသည့္ ထူးျခားခ်က္မ်ားျဖင့္ ထိပ္တန္းအဆင့္ျမင့္ စမတ္ဖုန္းတစ္ခု ျဖစ္ေသာေၾကာင့္ ယေန႔ေခတ္လူငယ္မ်ားႏွင့္ စြမ္းေဆာင္ရည္ ျမင့္မားၿပီး စတိုင္လ္က်လွပေသာ စမတ္ဖုန္းကို သုံးစြဲလိုသူမ်ား အႀကိဳက္ေတြ႕မည့္ စမတ္ဖုန္း တစ္ခုပင္ျဖစ္သည္။

Vivo V17 Pro စမတ္ဖုန္းသစ္၏ အဆင့္ျမင့္ 6.44 လက္မအ႐ြယ္ Full HD+ Super AMOLED Ultra FullviewTM မ်က္ႏွာျပင္သည္ 1080×2400 px ပုံထြက္ႏႈန္းရွိၿပီး ဖုန္းကိုယ္ထည္ႏွင့္ မ်က္ႏွာျပင္ အခ်ိဳးအစားမွာ ၉၁.၆၅ ရာခိုင္ႏႈန္း ရွိသျဖင့္ အေရာင္ကာလာ ေသသပ္ၿပီး ရင္သပ္ရႈေမာဖြယ္ ႐ုပ္ပုံမ်ားကို ျမင္ေတြ႕ ႏိုင္မည္ျဖစ္သည္။ ဖုန္း၏ ေရွ႕ဖက္ မ်က္ႏွာျပင္သည္ အဆင့္ျမင့္ Schott Xensation UP အကာအကြယ္ နည္းပညာ အသုံးျပဳ ဖန္တီးထားၿပီး ေနာက္ဖက္မ်က္ႏွာျပင္သည္ 3D Curved Corning Gorilla Glass 6 ဖန္သားကို အသုံးျပဳ ဖုံးအုပ္ထားသျဖင့္ မေတာ္တဆ ထိခိုက္ပြန္းပဲ့မႈ ဒဏ္ဒံကို အထူးခံႏိုင္စြမ္း ရွိသည္။

Vivo V17 Pro ၏ ထူးျခားခ်က္ျဖစ္သည့္ ကမာၻ႔ပထမဆုံးေသာ (အသြင္း၊ အထုတ္ ျပဳလုပ္ႏိုင္သည့္) Dual Pop-Up Selfie Camera စနစ္တြင္ 32MP ပုံထြက္ႏႈန္းရွိသည့္ ပင္မကင္မရာႏွင့္ 8MP ပုံထြက္ႏႈန္းရွိသည့္ Ultrawide Angle ျမင္ကြင္းက်ယ္ ကင္မရာ ၂ လုံး တပ္ဆင္ေပးထားသည္။ ေနာက္ေက်ာဖက္၌ ကင္မရာ ၄ လုံးကို ေဒါင္လိုက္တပ္ဆင္ထားသည့္ AI သုံး Quad Camera စနစ္ကို ေတြ႕ျမင္ရမွာျဖစ္ၿပီး 48MP ပုံထြက္ႏႈန္းရွိ Sony IMX582 ပင္မကင္မရာ၊ 2x Optical Zoom ႏွင့္ 10x Digital Zoom ပါရွိသည့္ 13MP Telephoto ကင္မရာ၊ 8MP Ultra-Wide Angle ျမင္ကြင္းက်ယ္ ကင္မရာႏွင့္ 2MP Depth Sensor ကင္မရာတို႔ ထည့္သြင္း တပ္ဆင္ေပးထားသည္။

ထို႔ေၾကာင့္ V 17 Pro တြင္ ကင္မရာစုစု ေပါင္း ၆ လုံးပါဝင္လာၿပီး Night Mode ကို အေရွ႕ ကင္မရာႏွင့္ ေက်ာဖက္ ကင္မရာတို႔တြင္ ထည့္သြင္းေပးထားသည့္အတြက္ ႐ုပ္ထြက္ ၾကည္လင္ျပတ္သားသည့္ ပုံရိပ္မ်ားကို ႐ိုက္ကူး ႏိုင္႐ုံမက ညအခ်ိန္တြင္လည္း အလင္းေရာင္ေကာင္းမြန္ ျပတ္သားသည့္ ပုံရိပ္မ်ားကို ႐ိုက္ကူးႏိုင္မည္ ျဖစ္သည္။ ထို႔အျပင္ ကင္မရာ လုပ္ေဆာင္ခ်က္အတြင္း Pose Master ဟုေခၚသည့္ Pose မ်ားကို အႀကံေပးသည့္ feature ထည့္သြင္းေပးထားသည့္အတြက္ ၿပီးျပည့္စုံေသာ ဓာတ္ပုံ႐ိုက္ ဝါသနာပါသည့္ လူငယ္၊ လူႀကီးမ်ား အတြက္ အသင့္ေတာ္ဆုံး စမတ္ဖုန္းတစ္လုံးျဖစ္သည္။

Vivo Myanmar ၏ Product Manager ျဖစ္သူ Mr. Kelvin က “ကြၽန္ေတာ္တို႔ရဲ႕ သုံးစြဲသူ ပရိသတ္ေတြအတြက္ ကမာၻ႔ပထမဆုံးေသာ 48M Dual Pop-Up Selfie Camera ပါဝင္လာတဲ့ Vivo V17 Pro ကို ျမန္မာႏိုင္ငံမွာ အခုလို ေအာင္ျမင္စြာ မိတ္ဆက္ႏိုင္ခဲ့တဲ့အတြက္ အထူးကို ဝမ္းသာဂုဏ္ယူမိပါတယ္။ ‘Clear As Real’ ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ျပတ္သားၾကည္လင္တဲ့ ဓာတ္ပုံမ်ားကို ေပးစြမ္းႏိုင္ၿပီး ကိုယ္ထည္ကိုလည္း ဖန္သားနဲ႔ 3D ဒီဇိုင္း ျဖစ္ေအာင္ အႏုစိတ္ ပုံေဖာ္ဖန္တီးထားတဲ့အတြက္ Vivo ခ်စ္သူမ်ားကို ကမာၻ႔အဆင့္မီ မိုဘိုင္းလ္ဖုန္း သုံးစြဲမႈ အေတြ႕အႀကဳံေတြဆီ ေခၚေဆာင္သြားႏိုင္ခဲ့တဲ့ V17 Pro ဟာ Vivo ရဲ႕ဂုဏ္ယူစရာ အေကာင္းဆုံး လက္ရာတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ Vivo အေနနဲ႔ ေခတ္ေရစီးေၾကာင္းနဲ႔ လိုက္ေလ်ာညီေထြမႈရွိတဲ့ စမတ္ဖုန္းမ်ားကို ထုတ္လုပ္လ်က္ ရွိေနၿပီး ေနာက္ဆုံးေပၚ ေျပာင္းလဲမႈနဲ႔အတူ သုံးစြဲသူမ်ားအတြက္ တမူထူးျခားတဲ့ စမတ္ဖုန္း သုံးစြဲျခင္းဆိုင္ရာ အေတြ႕အႀကဳံေတြကို ေပးအပ္ႏိုင္ဖို႔ အၿမဲႀကိဳးစားေနပါတယ္။” ဟု ေျပာၾကား ခဲ့သည္။

Vivo V17 Pro တြင္ တုန႔္ျပန္မႈႏႈန္းႏွင့္ မွတ္ဉာဏ္စြမ္းျမင့္မားသည့္ Vivo ၏ မူပိုင္နည္းပညာသုံး မ်က္ႏွာျပင္ေအာက္ လက္ေဗြစနစ္ (In-Display Finger Print) တပ္ဆင္ေပးထားသည္။ အတြင္းပိုင္းမွာေတာ့ Qualcomm Snapdragon 675 AIE Processor ႏွင့္ RAM 8GB တို႔ တပ္ဆင္ေပးထားတာေၾကာင့္ စြမ္းေဆာင္ရည္ပိုင္းမွာ အထူးေကာင္းမြန္ၿပီး 128 GB သိုမွီးမႈပမာဏ ထည့္သြင္းေပးထားသည္။

ထို႔ျပင္ အေခ်ာေမြ႕ဆုံး ဂိမ္းကစားမႈ အေတြ႕အႀကဳံမ်ားကို ရရွိေစမည့္ Ultra Game Mode ႏွင့္ Multi-Turbo မ်ား ထည့္သြင္းထားၿပီး Operation System ကို Android Pie အေျခခံ Funtouch OS 9.1 ကို ထည့္သြင္းေပးထားပါတယ္။ V17 Pro တြင္ အသစ္ထပ္မံပါဝင္လာသည့္ လုပ္ေဆာင္ခ်က္ကေတာ့ PUBG ဂိမ္းကစား ရာတြင္ အသင္းေဖာ္မ်ားႏွင့္ ဆက္သြယ္ေျပာဆိုသည့္ ဇာတ္ေကာင္စကားသံ (Voice Changer) အမ်ိဳးမ်ိဳးကိုလည္း ေ႐ြးခ်ယ္ႏိုင္ျခင္း ပင္ျဖစ္သည္။

ဘက္ထရီကေတာ့ 4100mAh အားရွိၿပီး Vivo ရဲ႕ မူပိုင္နည္းပညာသုံး အျမန္အားသြင္းစနစ္ (18W Dual Engine Fast Charging) ႏွင့္ Vivo စမတ္ဖုန္း ခ်စ္သူမ်ား ေမွ်ာ္လင့္ေစာင့္စားေနသည့္ USB Type C ပါဝင္လာမည္ျဖစ္သည္။

Vivo V17 Pro စမတ္ဖုန္းကို Crystal Black (အနက္ေရာင္) ႏွင့္ Crystal Sky (အျဖဴႏွင့္အျပာ အေရာင္ေျပး) အေရာင္ ၂ မ်ိဳးျဖင့္ လာမည့္ ေအာက္တိုဘာလ ၅ ရက္ေန႔မွ စတင္ၿပီး ၆၂၉,၈၀၀ က်ပ္ျဖင့္ ျမန္မာႏိုင္ငံတစ္ဝွမ္း ေရာင္းခ်ေပးသြားမည္ျဖစ္သည္။ ႀကိဳတင္ေအာ္ဒါ (Pre-Order) မ်ားကိုလည္း စက္တင္ဘာလ ၂၉ ရက္ေန႔မွ ေအာက္တိုဘာလ ၄ ရက္ေန႔ အထိ ျပဳလုပ္ႏိုင္သည္။ ကမာၻ႔ပထမဆုံးေသာ 48MP Dual Pop-Up Selfie ကင္မရာ အပါအဝင္ ကင္မရာအသားေပး အထူးလုပ္ေဆာင္ခ်က္မ်ား၊ ျမင့္မားေသာ စြမ္းေဆာ္ရည္တို႔ႏွင့္ V17 Pro သည္ “Clear As Real” ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ဓာတ္ပုံဆရာမ်ား၊ လူငယ္မ်ားႏွင့္ စမတ္ဖုန္းခ်စ္သူ ပရိသတ္မ်ားအတြက္ ၿပီးျပည့္စုံေသာ စမတ္ဖုန္းသစ္ျဖစ္လာမည္မွာ အေသအခ်ာပင္ျဖစ္ပါသည္။

[Unicode]

Vivo ၏ ကမ္ဘာ့ပထမဆုံးသော 32MP Dual Pop-Up Selfie ရှေ့ကင်မရာပါ V17 Pro စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ပြသခဲ့

တမူထူးခြားစွာ ဖန်တီးထုတ်လုပ်ထားသည့် Vivo V17 Pro စမတ်ဖုန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း စတင်ရောင်းချပေးသွားမည်ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သော Vivo မှ မြင့်မားသော နည်းပညာများဖြင့် ထုတ်လုပ်လျက်ရှိသည့် V Series ၏ နောက်ဆုံးမျိုးဆက် V17Pro စမတ်ဖုန်းသစ် မြန်မာနိုင်ငံ ဈေးကွက်အတွင်း မိတ်ဆက်ပွဲ အခမ်းအနားကို (အောက်တိုဘာလ ၂ ရက်နေ့) တွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ အနုပညာရှင်များ၊ သတင်းမီဒီယာများ၊ အထူး ဧည့်သည်တော်များနှင့် သုံးစွဲသူများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မိတ်ဆက်ပွဲ အခမ်းအနားသို့ Vivo ၏ Brand Ambassador များဖြစ်ကြသည့် နေခြည်ဦးနှင့် ဝိုင်းစုခိုင်သိန်း၊ အနုပညာရှင်များ ဖြစ်ကြသည့် နန်းစန္ဒာလှထွန်း၊ မေလသံစဉ်၊ Alice Ong၊ အုပ်စိုးခန့်တို့မှ တက်ရောက်ချီးမြှင့်ခဲ့ပြီး နာမည်ကျော်အဆိုတော်များဖြစ်သည့် ဟန်နေတာ (Eternal Gosh) နှင့် ဖြူဖြူကျော်သိန်းတို့က သီဆိုဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားတွင် Vivo Myanmar နှင့် Facebook တို့မှ ပူးပေါင်းပြီး “Internet 1O1” ကို မိတ်ဆက်ပေးခဲ့သည်။ “Internet 1O1” ဆိုသည်မှာ လူအများကို အင်တာနက် ကောင်းမွန်စွာ အသုံးပြုနိုင်စေရန် ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာပေး အစီအစဉ်တစ်ခုဖြစ်ပြီးအင်တာနက်နှင့် ပတ်သက်၍ သိလိုသည့် မေးခွန်းများနှင့် အသုံးပြုပုံများ ကိုလည်း ကျွမ်းကျင်ကိုယ်စားလှယ်များကို မေးမြန်းနိုင်သည့် အစီအစဉ်ဖြစ်ပါသည်။ အခမ်းအနားတွင် Facebook မှ Head of Connectivity and Access Policy (APAC) ဖြစ်သူ Tenzin Norbhu မှလည်း မြန်မာလူထုအတွင်း ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးတက်လာစေရန် “Internet 1O1” အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Vivo ၏ အသစ်ထွက်ရှိလာသော V17 Pro စမတ်ဖုန်းသစ်သည် မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်ခြင်း မပြုလုပ်ခင်တည်းက လူအများကြားတွင် ရေပန်းစားနေခဲ့ပြီး စိတ်ဝင်စားနေသည့် စမတ်ဖုန်း ဖြစ်သည်။ ယနေ့ မိတ်ဆက်ခဲ့သည့် Vivo V17 Pro စမတ်ဖုန်းသစ်သည် ကမ္ဘာ့ပထမဆုံးသော (အသွင်း၊ အထုတ် ပြုလုပ်နိုင်သည့်) 32MP Dual Pop-Up Selfie ရှေ့ကင်မရာ ၂ လုံး၊ ကျောဖက် ကင်မရာ (၄) လုံးပါ AI သုံး Quad Camera စနစ် စသည့် ထူးခြားချက်များဖြင့် ထိပ်တန်းအဆင့်မြင့် စမတ်ဖုန်းတစ်ခု ဖြစ်သောကြောင့် ယနေ့ခေတ်လူငယ်များနှင့် စွမ်းဆောင်ရည် မြင့်မားပြီး စတိုင်လ်ကျလှပသော စမတ်ဖုန်းကို သုံးစွဲလိုသူများ အကြိုက်တွေ့မည့် စမတ်ဖုန်း တစ်ခုပင်ဖြစ်သည်။

Vivo V17 Pro စမတ်ဖုန်းသစ်၏ အဆင့်မြင့် 6.44 လက်မအရွယ် Full HD+ Super AMOLED Ultra FullviewTM မျက်နှာပြင်သည် 1080×2400 px ပုံထွက်နှုန်းရှိပြီး ဖုန်းကိုယ်ထည်နှင့် မျက်နှာပြင် အချိုးအစားမှာ ၉၁.၆၅ ရာခိုင်နှုန်း ရှိသဖြင့် အရောင်ကာလာ သေသပ်ပြီး ရင်သပ်ရှုမောဖွယ် ရုပ်ပုံများကို မြင်တွေ့ နိုင်မည်ဖြစ်သည်။ ဖုန်း၏ ရှေ့ဖက် မျက်နှာပြင်သည် အဆင့်မြင့် Schott Xensation UP အကာအကွယ် နည်းပညာ အသုံးပြု ဖန်တီးထားပြီး နောက်ဖက်မျက်နှာပြင်သည် 3D Curved Corning Gorilla Glass 6 ဖန်သားကို အသုံးပြု ဖုံးအုပ်ထားသဖြင့် မတော်တဆ ထိခိုက်ပွန်းပဲ့မှု ဒဏ်ဒံကို အထူးခံနိုင်စွမ်း ရှိသည်။

Vivo V17 Pro ၏ ထူးခြားချက်ဖြစ်သည့် ကမ္ဘာ့ပထမဆုံးသော (အသွင်း၊ အထုတ် ပြုလုပ်နိုင်သည့်) Dual Pop-Up Selfie Camera စနစ်တွင် 32MP ပုံထွက်နှုန်းရှိသည့် ပင်မကင်မရာနှင့် 8MP ပုံထွက်နှုန်းရှိသည့် Ultrawide Angle မြင်ကွင်းကျယ် ကင်မရာ ၂ လုံး တပ်ဆင်ပေးထားသည်။ နောက်ကျောဖက်၌ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားသည့် AI သုံး Quad Camera စနစ်ကို တွေ့မြင်ရမှာဖြစ်ပြီး 48MP ပုံထွက်နှုန်းရှိ Sony IMX582 ပင်မကင်မရာ၊ 2x Optical Zoom နှင့် 10x Digital Zoom ပါရှိသည့် 13MP Telephoto ကင်မရာ၊ 8MP Ultra-Wide Angle မြင်ကွင်းကျယ် ကင်မရာနှင့် 2MP Depth Sensor ကင်မရာတို့ ထည့်သွင်း တပ်ဆင်ပေးထားသည်။

ထို့ကြောင့် V 17 Pro တွင် ကင်မရာစုစု ပေါင်း ၆ လုံးပါဝင်လာပြီး Night Mode ကို အရှေ့ ကင်မရာနှင့် ကျောဖက် ကင်မရာတို့တွင် ထည့်သွင်းပေးထားသည့်အတွက် ရုပ်ထွက် ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ရိုက်ကူး နိုင်ရုံမက ညအချိန်တွင်လည်း အလင်းရောင်ကောင်းမွန် ပြတ်သားသည့် ပုံရိပ်များကို ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထို့အပြင် ကင်မရာ လုပ်ဆောင်ချက်အတွင်း Pose Master ဟုခေါ်သည့် Pose များကို အကြံပေးသည့် feature ထည့်သွင်းပေးထားသည့်အတွက် ပြီးပြည့်စုံသော ဓာတ်ပုံရိုက် ဝါသနာပါသည့် လူငယ်၊ လူကြီးများ အတွက် အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံးဖြစ်သည်။

Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin က “ကျွန်တော်တို့ရဲ့ သုံးစွဲသူ ပရိသတ်တွေအတွက် ကမ္ဘာ့ပထမဆုံးသော 48M Dual Pop-Up Selfie Camera ပါဝင်လာတဲ့ Vivo V17 Pro ကို မြန်မာနိုင်ငံမှာ အခုလို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့တဲ့အတွက် အထူးကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ‘Clear As Real’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြတ်သားကြည်လင်တဲ့ ဓာတ်ပုံများကို ပေးစွမ်းနိုင်ပြီး ကိုယ်ထည်ကိုလည်း ဖန်သားနဲ့ 3D ဒီဇိုင်း ဖြစ်အောင် အနုစိတ် ပုံဖော်ဖန်တီးထားတဲ့အတွက် Vivo ချစ်သူများကို ကမ္ဘာ့အဆင့်မီ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု အတွေ့အကြုံတွေဆီ ခေါ်ဆောင်သွားနိုင်ခဲ့တဲ့ V17 Pro ဟာ Vivo ရဲ့ဂုဏ်ယူစရာ အကောင်းဆုံး လက်ရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ Vivo အနေနဲ့ ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေမှုရှိတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်လျက် ရှိနေပြီး နောက်ဆုံးပေါ် ပြောင်းလဲမှုနဲ့အတူ သုံးစွဲသူများအတွက် တမူထူးခြားတဲ့ စမတ်ဖုန်း သုံးစွဲခြင်းဆိုင်ရာ အတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့ အမြဲကြိုးစားနေပါတယ်။” ဟု ပြောကြား ခဲ့သည်။

Vivo V17 Pro တွင် တုန့်ပြန်မှုနှုန်းနှင့် မှတ်ဉာဏ်စွမ်းမြင့်မားသည့် Vivo ၏ မူပိုင်နည်းပညာသုံး မျက်နှာပြင်အောက် လက်ဗွေစနစ် (In-Display Finger Print) တပ်ဆင်ပေးထားသည်။ အတွင်းပိုင်းမှာတော့ Qualcomm Snapdragon 675 AIE Processor နှင့် RAM 8GB တို့ တပ်ဆင်ပေးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အထူးကောင်းမွန်ပြီး 128 GB သိုမှီးမှုပမာဏ ထည့်သွင်းပေးထားသည်။

ထို့ပြင် အချောမွေ့ဆုံး ဂိမ်းကစားမှု အတွေ့အကြုံများကို ရရှိစေမည့် Ultra Game Mode နှင့် Multi-Turbo များ ထည့်သွင်းထားပြီး Operation System ကို Android Pie အခြေခံ Funtouch OS 9.1 ကို ထည့်သွင်းပေးထားပါတယ်။ V17 Pro တွင် အသစ်ထပ်မံပါဝင်လာသည့် လုပ်ဆောင်ချက်ကတော့ PUBG ဂိမ်းကစား ရာတွင် အသင်းဖော်များနှင့် ဆက်သွယ်ပြောဆိုသည့် ဇာတ်ကောင်စကားသံ (Voice Changer) အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်ခြင်း ပင်ဖြစ်သည်။

ဘက်ထရီကတော့ 4100mAh အားရှိပြီး Vivo ရဲ့ မူပိုင်နည်းပညာသုံး အမြန်အားသွင်းစနစ် (18W Dual Engine Fast Charging) နှင့် Vivo စမတ်ဖုန်း ချစ်သူများ မျှော်လင့်စောင့်စားနေသည့် USB Type C ပါဝင်လာမည်ဖြစ်သည်။

Vivo V17 Pro စမတ်ဖုန်းကို Crystal Black (အနက်ရောင်) နှင့် Crystal Sky (အဖြူနှင့်အပြာ အရောင်ပြေး) အရောင် ၂ မျိုးဖြင့် လာမည့် အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ပြီး ၆၂၉,၈၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ရောင်းချပေးသွားမည်ဖြစ်သည်။ ကြိုတင်အော်ဒါ (Pre-Order) များကိုလည်း စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ အထိ ပြုလုပ်နိုင်သည်။ ကမ္ဘာ့ပထမဆုံးသော 48MP Dual Pop-Up Selfie ကင်မရာ အပါအဝင် ကင်မရာအသားပေး အထူးလုပ်ဆောင်ချက်များ၊ မြင့်မားသော စွမ်းဆော်ရည်တို့နှင့် V17 Pro သည် “Clear As Real” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဓာတ်ပုံဆရာများ၊ လူငယ်များနှင့် စမတ်ဖုန်းချစ်သူ ပရိသတ်များအတွက် ပြီးပြည့်စုံသော စမတ်ဖုန်းသစ်ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်ပါသည်။