[Zawgyi]

Vivo V17 Pro မွာ ဘယ္လိုကင္မရာေတြပါဝင္လာမလဲဆိုတာကို အႀကိဳမိတ္ဆက္တဲ့ ဗီဒီယို အြန္လိုင္းမွာ စက္တင္ဘာလအေစာပိုင္းက ေနာက္ထပ္ထြက္ရွိလာပါတယ္။ အဲဒီ promo video ထဲမွာ ဖုန္းေထာင့္ မ်က္ႏွာျပင္အစုံကို ျပသသြားတယ္။ Vivo V17 Pro ရဲ႕ ကင္မရာ features အခ်ိဳ႕ကိုလည္း ျပသြားတာေၾကာင့္ ေနာက္ေက်ာဘက္မွာ ကင္မရာေလးလုံး အနည္းဆုံးပါဝင္လာမယ္ဆိုတာေတာ့ ေသခ်ာသြားပါၿပီ။ ေရွ႕ဘက္က wide angle sensor ပါဝင္တဲ့ dual pop-up ကင္မရာကိုလည္း ႐ိုက္ျပသြားတယ္။ ဒါေၾကာင့္ဒီတစ္ပတ္ထဲမွာ Vivo V17 Pro ဟာ smartphone ေလာကရဲ႕ dual-pop-up ကင္မရာ ပါဝင္လာတဲ့ ပထမဆုံးဖုန္း ျဖစ္တယ္ လို႔အခိုင္အမာေျပာခဲ့တာပါ။

ဗီဒီယိုထဲမွာျပသြားတာကေတာ့ Vivo V17 Pro က အျပာနဲ႔အျဖဴ အေရာင္ေျပးလိုမ်ိဳးရယ္ အနက္ေရာင္ရယ္ ၂ ေရာင္ရွိႏိုင္တယ္။ Vivo V17Pro ရဲ႕ tagline ကေတာ့ ‘Wider Selfie, Clearer Night’ လို႔ဆိုတယ္။

အသစ္ထြက္လာမယ့္ ဖုန္းရဲ႕ dual-pop-up (32-megapixel) ultra-wide unit နဲ႔ selfie ကင္မရာက ဖုန္းအလယ္တည့္တည့္ ထိပ္ကေနေပၚထြက္လာတယ္လို႔ ဗီဒီယိုမွာျမင္ရတယ္။ ေနာက္ဘက္ Artificial Intelligence (AI) နည္းပညာအေထာက္အပံ့နဲ႔ 48-megapixel camera လည္းပါတယ္။ ဗီဒီယိုထဲမွာ ေတာ့ အေနာက္ ကင္မရာအျပင္ အေရွ႕ selfie ကင္မရာနဲ႔ပါ Super Night Mode feature နဲ႔႐ိုက္သြားတာေၾကာင့္ Dual pop up selfie မွာ ကင္မရာတစ္လုံးက night mode selfie ကင္မရာ ျဖစ္မယ္ဆိုတာ အေသအခ်ာပါပဲ။

အိႏၵိယက Traveler NatGeo နဲ႔ ပူးေပါင္းတင္ဆက္ထားတဲ့ Vivo V17Pro ရဲ႕ နမူနာဓာတ္ပုံ ေတြမွာလည္း #ClearAsReal ဆိုတဲ့ hashtag ပါဝင္တယ္။ ဒီဓာတ္ပုံေတြၾကည့္ရတာေတာ့ V17 Pro ရဲ႕ quad ကင္မရာက တကယ့္ကို ေကာင္းမြန္တဲ့ဓာတ္ပုံေတြကို ႐ိုက္ကူးႏိုင္မွာပါ။ ဒါဆို မၾကာခင္ ျမန္မာႏိုင္ငံမွာ ထြက္ရွိလာေတာ့မယ့္ V17 Pro ရဲ႕ ေဈးႏႈန္း၊ Type C ပါဝင္လာႏိုင္ေျခ ရွိမရွိ၊ ဒါေတြက အရမ္းကို စိတ္ဝင္စားစရာ ေကာင္းေနပါၿပီ။ ဒါေပမယ့္ Vivo ကုမၸဏီ ဘက္ကေတာ့ တရားဝင္ ဘာမွ မေၾကညာေသးပါဘူး။

[Unicode]

Vivo V17 Pro ရဲ့ ကင်မရာအကြောင်းအဓိကရိုက်ကူးထားတဲ့ဗီဒီယို အွန်လိုင်းမှာထွက်ပေါ်

Vivo V17 Pro မှာ ဘယ်လိုကင်မရာတွေပါဝင်လာမလဲဆိုတာကို အကြိုမိတ်ဆက်တဲ့ ဗီဒီယို အွန်လိုင်းမှာ စက်တင်ဘာလအစောပိုင်းက နောက်ထပ်ထွက်ရှိလာပါတယ်။ အဲဒီ promo video ထဲမှာ ဖုန်းထောင့် မျက်နှာပြင်အစုံကို ပြသသွားတယ်။ Vivo V17 Pro ရဲ့ ကင်မရာ features အချို့ကိုလည်း ပြသွားတာကြောင့် နောက်ကျောဘက်မှာ ကင်မရာလေးလုံး အနည်းဆုံးပါဝင်လာမယ်ဆိုတာတော့ သေချာသွားပါပြီ။ ရှေ့ဘက်က wide angle sensor ပါဝင်တဲ့ dual pop-up ကင်မရာကိုလည်း ရိုက်ပြသွားတယ်။ ဒါကြောင့်ဒီတစ်ပတ်ထဲမှာ Vivo V17 Pro ဟာ smartphone လောကရဲ့ dual-pop-up ကင်မရာ ပါဝင်လာတဲ့ ပထမဆုံးဖုန်း ဖြစ်တယ် လို့အခိုင်အမာပြောခဲ့တာပါ။

ဗီဒီယိုထဲမှာပြသွားတာကတော့ Vivo V17 Pro က အပြာနဲ့အဖြူ အရောင်ပြေးလိုမျိုးရယ် အနက်ရောင်ရယ် ၂ ရောင်ရှိနိုင်တယ်။ Vivo V17Pro ရဲ့ tagline ကတော့ ‘Wider Selfie, Clearer Night’ လို့ဆိုတယ်။

အသစ်ထွက်လာမယ့် ဖုန်းရဲ့ dual-pop-up (32-megapixel) ultra-wide unit နဲ့ selfie ကင်မရာက ဖုန်းအလယ်တည့်တည့် ထိပ်ကနေပေါ်ထွက်လာတယ်လို့ ဗီဒီယိုမှာမြင်ရတယ်။ နောက်ဘက် Artificial Intelligence (AI) နည်းပညာအထောက်အပံ့နဲ့ 48-megapixel camera လည်းပါတယ်။ ဗီဒီယိုထဲမှာ တော့ အနောက် ကင်မရာအပြင် အရှေ့ selfie ကင်မရာနဲ့ပါ Super Night Mode feature နဲ့ရိုက်သွားတာကြောင့် Dual pop up selfie မှာ ကင်မရာတစ်လုံးက night mode selfie ကင်မရာ ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။

အိန္ဒိယက Traveler NatGeo နဲ့ ပူးပေါင်းတင်ဆက်ထားတဲ့ Vivo V17Pro ရဲ့ နမူနာဓာတ်ပုံ တွေမှာလည်း #ClearAsReal ဆိုတဲ့ hashtag ပါဝင်တယ်။ ဒီဓာတ်ပုံတွေကြည့်ရတာတော့ V17 Pro ရဲ့ quad ကင်မရာက တကယ့်ကို ကောင်းမွန်တဲ့ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ ဒါဆို မကြာခင် မြန်မာနိုင်ငံမှာ ထွက်ရှိလာတော့မယ့် V17 Pro ရဲ့ ဈေးနှုန်း၊ Type C ပါဝင်လာနိုင်ခြေ ရှိမရှိ၊ ဒါတွေက အရမ်းကို စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒါပေမယ့် Vivo ကုမ္ပဏီ ဘက်ကတော့ တရားဝင် ဘာမှ မကြေညာသေးပါဘူး။