Vivo က အရင်နှစ် ဒီဇင်ဘာလတုန်းက အိန္ဒိယမှာ ကြေညာခဲ့တဲ့ V17 ကို အင်ဒိုနီးရှားမှာ V19 နာမည်နဲ့ မိတ်ဆက်လိုက်ပါတယ်။ Vivo V19 မှာ ၆.၄၄ လက်မ Super AMOLED Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်ရဲ့ အထက်ညာဘက်က Punch Hole မှာ တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို L ပုံစံ ထည့်သွင်းထားပြီး 48MP Main, 8MP Ultrawide , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ Super Night Selfie နဲ့ Posture Guidance လုပ်ဆောင်ချက်တွေက အရမ်းလန်းတဲ့ ဓါတ်ပုံတွေ ဖန်တီးပေးနိုင်ပါတယ်။
Snapdragon 675 SoC မောင်းနှင်ထားပြီး 8GB RAM ပါပါတယ်။ Android 10 အခြေပြု Funtouch OS 10 မောင်းနှင်ထားပြီး 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ microSD Card စိုက်နိုင်ပြီး Arctic Blue နဲ့ Crystal White အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 18W Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပြီး USB-C Port ပါလာပါတယ်။
Vivo V19 ရဲ့ 8/128GB ကို ၄,၂၉၉,၀၀၀ IDR သတ်မှတ်ထားပြီး 8/256GB ကိုလိုချင်ရင် ၇၀၀,၀၀၀ IDR ပိုပေးရမှာပါ။ မြန်မာငွေ ၄ သိန်းနဲ့ ၄ သိန်း ၇ သောင်းလောက် ရှိပါတယ်။ အင်ဒိုနီးရှားမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့မှာ ရောင်းမှာပါ။
Ref : gsmarena