Vivo ကုမ္ပဏီဟာ ယနေ့မှာတော့ သူတို့ရဲ့ V စီးရီး စမတ်ဖုန်းလိုင်းအတွက် အဖွဲ့ဝင်သစ် V19 Neo ကို မိတ်ဆက်လာခဲ့ပါပြီ။ V19 Neo မှာ Android 10 အခြေခံ Funtouch OS 10 ပါဝင်လာပြီး အတွင်းမှာ Snapdragon 675 ချစ်ပ်ဆက်ကို 8GB RAM / 128GB Storage တို့နဲ့တွဲဖက်ထားပါတယ်။

Vivo V19 Neo မှာ 6.44” Super AMOLED Ultra O Display သုံးစွဲထားပြီး Fingerprint ကိုလည်း In-Display ပဲ သုံးလာတယ်။ မျက်နှာပြင်ရဲ့ အပေါ်ညာဘက်မှာ 32MP ဆဲလ်ဖီးကင်မရာပါရှိပြီး Super Night Mode နဲ့ Super Night Selfie Feature တွေ အသုံးပြုနိုင်မှာပါ။

နောက်ဘက်မှာ “L” ပုံသဏ္ဍာန် ကင်မရာအတွဲကိုမြင်ရပြီး 48MP + 8MP Ultrawide + 2MP Macro + 2MP Depth Sensor အတွဲဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို အားဖြည်ပေးမှာကတော့ 4,500 mAh ဘက္ထရီကြီးဖြစ်ပြီး 18W အားသွင်းစနစ်နဲ့တွဲဖက်ထားတယ်။

Vivo V19 Neo စမတ်ဖုန်းဟာ Admiral Blue နဲ့ Crystal White ကာလာနှစ်မျိုးနဲ့ ရရှိနိုင်ပြီး ဖိလစ်ပိုင်ဈေးကွက်မှာ ပီဆို ၁၇,၉၉၉ (မြန်မာငွေ ငါးသိန်း) သတ်မှတ်ထားပါတယ်။

Ref – GSMArena