ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်သော Vivo က ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့ Vivo Myanmar Facebook Page တွင် Live Streaming Event ဖြင့် V19 အား ပရိသတ်များထံ မိတ်ဆက်ပေးခဲ့ပါသည်။ ထို Live Streaming Event တွင် Product Manager မှ နောက်ဆုံးပေါ် Flagship စီးရီးဖြစ်သော V19 ပါဝင်သည့်အစိတ်အပိုင်းများ နှင့် လုပ်ဆောင်ချက် Feature များအကြောင်းကို အသေးစိတ်ရှင်းပြပေးခဲ့ပြီး Vivo ၏ Brand Ambassador များ ဖြစ်ကြသော ဝိုင်းစုခိုင်သိန်းနှင့် နေခြည်ဦးတို့ကလည်း V19 နှင့် ပတ်သက်၍ မိမိတို့၏ အတွေ့အကြုံများ နှင့် V19 အပေါ် ထားရှိသည့် မျှော်လင့်မှုများကို အသီးသီး Live Stream မှတဆင့် Product Manager နှင့်အတူဝေမျှခဲ့ကြသည်။ V19 Launch Event သည် ပရိသတ် များထံမှ အလွန်ကျေနပ်ဖွယ်ကောင်းသော တုံ့ပြန်ချက်များရရှိခဲ့ပါသည်။

ယခုအခါ စမတ်ဖုန်းကျွမ်းကျင်ဝါသနာရှင်များ၊မီဒီယာများနှင့် ထိပ်တန်းအနုပညာရှင်များကလည်း ကင်မရာ အသားပေး စမတ်ဖုန်း ဖြစ်သော V19 ၏ကောင်းသတင်းများကို ပြည်သူလူထုထံ ဝေမျှပေးလျက်ရှိသည်။ ပရိသတ် အယောက် ၄၀၀၀ နီးပါးက V19 ၏ Live Streaming Event ကိုစိတ်ဝင်တစား ပါဝင်ကြည့်ရှုခဲ့ကြပြီး V19 ၏ အရည်အသွေး၊စွမ်းဆောင်နိုင်မှုတို့အပြင် မိမိတို့ ကြိုက်နှစ်သက်သော အနုပညာရှင်များ၏အတွေ့အကြုံ ဖလှယ်မှုတို့ကို စောင့်မျှော်နားဆင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏နာမည်ကြီးအနုပညာရှင်များဖြစ်ကြသော သရုပ်ဆောင် Alice Ong၊ နန်းစန္ဒာလှထွန်း၊ အဆိုတော် မေလသံစဉ်၊ အုပ်စိုးခန့် နှင့် ဟန်နေတာတို့အပြင် နာမည်ကြီးဘောလုံးအားကစားသမား ကျော်မင်းဦး တို့မှလည်း မိမိတို့၏ ဆိုရှယ်မီဒီယာများတွင် V19 အသုံးပြုခြင်းနှင့် ပတ်သက်၍ ကိုယ်ပိုင်အတွေ့အကြုံများကို ပရိသတ်တို့ ထံဝေမျှ ပေးခဲ့ကြသည်။

စမတ်ဖုန်းနှင့် နည်းပညာချစ်သူများက V19 သည် ကင်မရာ အသားပေးစမတ်ဖုန်း ဟုကောက်ချက်ချခဲ့ကြသည်။ အနောက်ဘက်တွင် Quad ကင်မရာတပ်ဆင်ထားပြီး ပင်မ Sensor သည် 48 Megapixel ရှိကာ ရှေ့ကင်မရာနှစ်ခု တွင် 32 Megapixel Sensor ပါရှိသည့် အတွက် အလွန်ကောင်းမွန်ပြီး အနုစိတ်သော ဓာတ်ပုံ များ ကို ရိုက်ယူ နိုင်သည်။ ပါဝင်သော Software များဖြင့် အသားအရေအရောင်ကို ပြောင်းလဲခြင်းမှ နှာတံကဲ့သို့ မျက်နှာ Feature ပေါ်လွင်စေရန် အထိပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။ ရှေ့ဖက်ကင်မရာတွင် ပါရှိသော Super Wide Sensor က ကလူ သို့အရာဝတ္ထုအများအပြားကို တစ်ပုံတည်းတွင်အပြည့်အဝဖမ်းယူနိုင်စေသည်။ Art portrait mode က ရိုက်ကူးလိုသော အရာဝတ္ထုမှလွဲ၍ နောက်ခံကို အရောင်လျှော့ချခြင်း ဝေဝါးစေခြင်းများပြုလုပ်နိုင်သည်။

“Vivo က သုံးစွဲသူတွေကို ရှေးရှုပြီး ဆန်းသစ်တီထွင်မှု တွေလုပ်နေပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို အပြည့်အဝနားလည်ပြီး ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ Vivo V19 မှာ ပေါ်လွင်ပါတယ်။ ထိပ်တန်း Selfie နည်းပညာ၊ လှပခန့်ညားတဲ့ ဒီဇိုင်း ၊ ခိုင်မာတဲ့ စွမ်းဆောင်ရည်နဲ့အတူ V19 ဟာ ကင်မရာ နဲ့ ဖျော်ဖြေရေး ကဏ္ဍတွေကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပြီးပြည့်စုံပါတယ်။ အခု V19မှာ Dual-font Camera Set Up အပြင် Sensor လေးခုပါရှိတဲ့ Back Camera အစရှိသဖြင့် စုစုပေါင်းကင်မရာ ခြောက်ခု တိတိပါရှိပါတယ်။ ယခုလို Pandemic အခြေအနေမျိုးမှာ မိတ်ဆွေ မိသားစုတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့နောက်ဆုံးပေါ် သတင်းတွေကိုသိနိုင်ဖို့ အတွက် စမတ်ဖုန်း တွေက အရေးကြီးတဲ့ အရာတစ်ခု ဖြစ်လာနေပါပြီ” ဟု Vivo Myanmar မှ Chief Operating Officer ဖြစ်သော Mr.Nelson Ni မှ ပြောကြားခဲ့ပါသည်။

ဤ Launch Event သည် မီဒီယာများထံမှ စိတ်ဝင်စားမှုများကိုလည်းရရှိခဲ့သည်။ မီဒီယာ Platform အသီးသီးမှ သတင်း များလည်း ယနေ့တိုင်ထိ တွေ့ရှိနေရဆဲ ဖြစ်ပြီး လက်ရှိအနေအထား အရ သတင်းစာတွင် ၁.၉၅% နှင့် အွန်လိုင်း Platform များတွင် ၉၈.၀၅% ထိ V19 နှင့် ပတ်သက်၍ အသီးသီးဖော်ပြ ထားရှိကြသည်။ Vivo Myanmar Facebook Page မှ V19 Live Streaming ပြသနေချိန်တွင် ကြည့်ရှုသူအရေအတွက် ၂၀၀၀ ကျော်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပါသည်။

ထို့အပြင် Vivo Myanmar မှ “ Light Up Your Night Campaign” ပြုလုပ်သွားရန် အစီအစဉ်ရှိပြီး ပါဝင်ယှဉ်ပြိုင်ရန် အသေးစိတ်အချက်အလက်ကို Vivo Myanmar Official Page ၌ မေလ ၂၃ ရက်နေ့ တွင် စတင် တရားဝင် ကြေညာသွားမည် ဖြစ်ပါသည်။ Campaign ကာလသည် မေလ ၂၄ ရက်မှ ဇွန် ၆ ရက်အထိ ကြာမြင့်မည့် အပြင် Vivo မှ Campaign တွင်ပထမဆု ရရှိသူကို (V19 စမတ်ဖုန်း + Bluetooth Speaker + Power Bank) ပါရှိသော Gift Set၊ ဒုတိယဆုကို V19 စမတ်ဖုန်း နှင့် တတိယဆု အနေဖြင့် Y19 စမတ်ဖုန်းတစ်လုံး ချီးမြှင့်သွားမည် ဖြစ်ပါသည်။ ထို့အပြင် အပိုဆုများအဖြစ် စတုတ္ထဆု Bluetooth Speaker ခြောက်ဆု၊ ပဉ္စမဆု Power Bank ၁၀ ဆုနှင် သတ္တမဆုအဖြစ် Earphones ၁၀ ဆု စသည့် ဆုများကိုလည်း အသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ Campaign တွင်ဝင်ရောက် ပါဝင်ယှဉ်ပြိုင်သူများ မဟုတ်သည့်တိုင် ယှဉ်ပြိုင်သူများအား မဲပေးသူများကို Vivo မှဆုများ မဲဖောက်ပေးမည့် အစီအစဉ်များ လည်းရှိသည်။

Vivo သည် သုံးစွဲသူများအား အမြဲတမ်း ဦးစားပေးသည့်အလျှောက် နည်းပညာအသစ်အဆန်း များကိုတီထွင် ပြီး customer များစိတ်ကျေနပ်မှု ရရှိစေမည့် productများကို ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပါသည်။ သုံးစွဲသူလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကြိုးပမ်းနေပြီး ၎င်းတို့၏တီထွင်မှုများက နောင်မျိုးဆက်သစ်များ၏ အတွေး အခေါ်များကို လှုံ့ဆော်ပေးနိုင်ပြီး အသစ်အသစ်သော ဘဝနေထိုင်မှုပုံစံများကို လမ်းပြပေးနိုင်ရန် မျှော်လင့်လျက်ရှိပါသည် ။

Source – Vivo