[Zawgyi]

ေမာ္ဒယ္နံပါတ္ Vivo V1901 အမည္ရွိ စမတ္ဖုန္းရဲ႕ အခ်က္အလက္ေတြဟာ TENAA ကေန တစ္ဆင့္ ထြက္ေပၚလာခဲ့ပါတယ္။ ေမာ္ဒယ္နံပါတ္ V1901 ကို V1901A နဲ႔ V1901T ဆိုၿပီး ေမာ္ဒယ္ ၂မ်ိဴး ထပ္မံ ခြဲျခားထားၿပီး ထူးျခားတာက အဆိုပါ စမတ္ဖုန္းေတြမွာ ဘက္ထရီ ပမာဏႀကီးႀကီးနဲ႔ Triple Camera Setup ေတြ ပါဝင္ေနတာပါ။

Vivo V1901A/T စမတ္ဖုန္းေတြနဲ႔ ပတ္သက္ၿပီး လက္ရွိၾကားသိခဲ့ရတဲ့ သတင္းေတြအရဆိုရင္ အဆိုပါ စမတ္ဖုန္းမွာ Resolution 720 x 1544 pixels ရွိတဲ့ 6.35” LCD Display ကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။ Processor အပိုင္းအတြက္ MediaTek Helio P35 SoC ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 4GB ပါဝင္လာႏိုင္ပါတယ္။ Memory Storage ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားႏိုင္ဖြယ္ ရွိပါတယ္။

ေရွ႕ဘက္ မ်က္ႏွာျပင္ Waterdrop Notch ထဲမွာ 16MP Camera Sensor ကို တပ္ဆင္ထားႏိုင္ၿပီး ေနာက္ေက်ာဘက္မွာ ရွိတဲ့ Triple Camera Setup ထဲမွာေတာ့ 13MP + 8MP + 2MP Camera Sensor ေတြကို ေပါင္းစပ္ တပ္ဆင္ထားႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏက 4880mAh လို႔ ေဖာ္ျပထားေပမယ့္ တရားဝင္ ထြက္ရွိလာရင္ 5000mAh အထိ ပါဝင္လာႏိုင္ေၾကာင္း သုံးသပ္ထားၾကပါတယ္။ ဒါ့အျပင္ အျမန္အားသြင္းစနစ္လည္း ပါဝင္ဦးမယ္လို႔ ဆိုပါတယ္။

Vivo V1901A/T မွာ ပါဝင္လာႏိုင္တဲ့ Specifications ေတြအရဆိုရင္ေတာ့ အဆိုပါ စမတ္ဖုန္းဟာ Budget စမတ္ဖုန္း အမ်ိဴးအစား ျဖစ္လာႏိုင္ပါတယ္။ ကြၽမ္းက်င္ပညာရွင္ တခ်ိဴ႕ကေတာ့ အဆိုပါ စမတ္ဖုန္းဟာ Vivo ရဲ႕ မ်ိဴးဆက္သစ္ Y စီးရီး ဒါမွမဟုတ္ U စီးရီးအျဖစ္ ပြဲထြက္လာႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref: Gizmochina

[Unicode]

4880mAh ဘက်ထရီကြီးနဲ့ Triple Camera Setup တွေ ပါဝင်လာနိုင်တဲ့ Vivo ရဲ့ မျိူးဆက်သစ်ဖုန်း

မော်ဒယ်နံပါတ် Vivo V1901 အမည်ရှိ စမတ်ဖုန်းရဲ့ အချက်အလက်တွေဟာ TENAA ကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့ပါတယ်။ မော်ဒယ်နံပါတ် V1901 ကို V1901A နဲ့ V1901T ဆိုပြီး မော်ဒယ် ၂မျိူး ထပ်မံ ခွဲခြားထားပြီး ထူးခြားတာက အဆိုပါ စမတ်ဖုန်းတွေမှာ ဘက်ထရီ ပမာဏကြီးကြီးနဲ့ Triple Camera Setup တွေ ပါဝင်နေတာပါ။

Vivo V1901A/T စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိကြားသိခဲ့ရတဲ့ သတင်းတွေအရဆိုရင် အဆိုပါ စမတ်ဖုန်းမှာ Resolution 720 x 1544 pixels ရှိတဲ့ 6.35” LCD Display ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် MediaTek Helio P35 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 4GB ပါဝင်လာနိုင်ပါတယ်။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားနိုင်ဖွယ် ရှိပါတယ်။

ရှေ့ဘက် မျက်နှာပြင် Waterdrop Notch ထဲမှာ 16MP Camera Sensor ကို တပ်ဆင်ထားနိုင်ပြီး နောက်ကျောဘက်မှာ ရှိတဲ့ Triple Camera Setup ထဲမှာတော့ 13MP + 8MP + 2MP Camera Sensor တွေကို ပေါင်းစပ် တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏက 4880mAh လို့ ဖော်ပြထားပေမယ့် တရားဝင် ထွက်ရှိလာရင် 5000mAh အထိ ပါဝင်လာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။ ဒါ့အပြင် အမြန်အားသွင်းစနစ်လည်း ပါဝင်ဦးမယ်လို့ ဆိုပါတယ်။

Vivo V1901A/T မှာ ပါဝင်လာနိုင်တဲ့ Specifications တွေအရဆိုရင်တော့ အဆိုပါ စမတ်ဖုန်းဟာ Budget စမတ်ဖုန်း အမျိူးအစား ဖြစ်လာနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင် တချိူ့ကတော့ အဆိုပါ စမတ်ဖုန်းဟာ Vivo ရဲ့ မျိူးဆက်သစ် Y စီးရီး ဒါမှမဟုတ် U စီးရီးအဖြစ် ပွဲထွက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref: Gizmochina