Vivo V20 2021 ရဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ဖူးတဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ ထင်ခဲ့ကြပါတယ်။ အခုတော့ Amazon India က စပရိုက်တိုက်လိုက်ပါပြီ။ Vivo က တရားဝင် မကြေညာရသေးခင်မှာပဲ Amazon India က ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။

Vivo V20 2021 ရဲ့ Specs အပြည့်အစုံကိုလည်း အဲဒီမှာ ဖော်ပြထားပါတယ်။ Sunset Melody နဲ့ Midnight Jazz ၂ ရောင် ထုတ်လုပ်ထားပြီး ၆.၄၄ လက်မ 1080x2400p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါလာပြီး 64MP Main , 8MP Ultrawide , 2MP Mono တို့ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 44MP ဖြစ်ပါတယ်။ Snapdragon 730G Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ပါလာပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Android 11 အခြေပြု Funtouch 11 မောင်းနှင်ထားပါတယ်။

အရင် ရောင်းချခဲ့တဲ့ V20 နဲ့ အခု ဖုန်းရဲ့ ၁ ခုထဲသော ကွာခြားချက်က Chipset ဖြစ်ပါတယ်။ ၂၀၂၁ မော်ဒယ်မှာ 730G နဲ့ V20 မှာ 720G Chipset တွေ ထည့်သွင်းထားပြီး စွမ်းဆောင်ရည်က သိပ်မကွာပါဘူး။

Vivo V20 2021 ကို Amazon India မှာ ၂၄,၉၉၀ ရူပီး သတ်မှတ်ထားပြီး ၄ သိန်းခွဲလောက် ကျသင့်မှာပါ။

Ref : gsmarena