Vivo V20 Series တွေရဲ့ သတင်းတွေထွက်နေတာ ကြာပြီဖြစ်ပြီး အခုတော့ V20 နဲ့ V20 Pro ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ Vivo က ဒါနဲ့တင် မပြီးသေးပါဘူး။  ၂၄ ရက်နေ့မှာလည်း V20 SE ကို ကြေညာဖို့ ရှိနေပါသေးတယ်။

Vivo V20 Pro

Vivo V20 Pro အကြောင်းကို စပြောချင်ပါတယ်။ Snapdragon 765G SoC ၊ Android 10 အခြေပြု FunTouch OS 11 ၊ 8GB RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်က ၆.၄၄ လက်မ FullHD+ AMOLED ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ ကင်မရာအကြောင်းပြောရရင် Notch မှာ Eye Autofocus ပါတဲ့ 44MP Main နဲ့ 8MP Ultrawide တွေ ထည့်ထားပြီး အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Monochrome ကင်မရာ ၃ လုံး ပါပါတယ်။ 8MP ကင်မရာက ၂.၅ စင်တီမီတာက အရာဝတ္ထုတွေကို Macro Shot နဲ့ ရိုက်ပေးနိုင်ပါတယ်။

Super Night Mode, Tripod Mode, Motion Autofocus, 3D Sound Tracking, Dual-View Video, Portrait Video နဲ့ 240 FPS Slo-Mo Selfie Video စတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ အများကြီးပါပြီး ဓါတ်ဖမ်းချင်သူတွေအတွက် မိုက်ပါတယ်။ 33W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ထောက်ပံ့ထားပြီး Dual-mode 5G , Vapor Chamber Liquid Cooling , USB-C Port နဲ့ Hi-Res Audio တွေ ပါလာပါတယ်။

Sunset Melody, Midnight Jazz နဲ့ Moonlight Sonata တွေ ရွေးချယ်နိုင်ပြီး ထိုင်းမှာ ဘတ် ၁၄,၉၉၉ သတ်မှတ်ထားပါတယ်။ ၆ သိန်း ၃ သောင်းလောက်ရှိပြီး ထိုင်းမှာ ၃၀ ရက်နေ့ ရောင်းမှာပါ။

Vivo V20

Vivo က V20 ရဲ့ Specs အပြည့်အစုံကို မပြောသေးဘဲ Snapdragon 720G SoC ၊ 44MP ဆဲလ်ဖီး ကင်မရာ၊ 64MP အပါအဝင် အနောက်ကင်မရာ ၃ လုံးနဲ့ 33W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီတွေ ထည့်သွင်းထားမယ်လို့ ကြေညာထားပါတယ်။ မကြာခင်မှာ V20 ရဲ့ Specs အပြည့်အစုံနဲ့ ဈေးကို အသိပေးမှာပါ။

Ref : gsmarena