ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ vivo ဟာ အရည်အသွေးမြင့် မော်ဒယ်အသစ် V20 ကို မိတ်ဆက်ပေးဖို့ လုံးဝကိုအဆင်သင့်ဖြစ်နေပါပြီ။ ဒီစမတ်ဖုန်းဟာ မျှော်လင့်ထားခဲ့သလိုပဲ ချောမွေ့ ပြောင်လက်ပြီး ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းဖြစ်တာကြောင့် vivo V20 က ပါးလွှာတဲ့ဒီဇိုင်းနဲ့ သက်တန့်ရောင်စဉ် တွေ စီထားသလို ပြီးပြည်စုံစွာပေါင်းစပ်ထားတဲ့ အရာတစ်ခုလို့ဆိုနိုင်တယ်။ ချောမွေ့ပြောင်လက်နေတဲ့ ကိုယ်ထည်ဟာဆိုရင် စမတ်ကျပြီး အမြဲပြောင်းလဲနေတတ်တဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ လူမှုဘဝပုံစံကို လိုက်လျောညီထွေဖြစ်စေပါတယ်။

မကြာခင်ထွက်ရှိလာတော့မယ် V20 ဖုန်းက vivo ရဲ့ ဆန်းသစ်တီထွင်ခဲ့တဲ့ ရှေ့ပြေးဒီဇိုင်းနမူနာတစ်ခုဖြစ်ပြီး ရှေ့ဆက်ပြီးလည်း လုပ်ဆောင်သွားမှာဖြစ်တယ်။ ‘Be the Focus Always’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီစမတ်ဖုန်း မော်ဒယ်လ်အသစ်ကို မိတ်ဆက်သွားမယ်လို့သိရပါတယ်။

V20 ဟာ သဘာဝကျတဲ့အရောင်အသွေးနဲ့ ပေါ့ပါးခေတ်ဆန်တဲ့ဒီဇိုင်းမျိုးဖြစ်တယ်။ သတင်းအရင်းအမြစ် တွေအရတော့ V20 ဟာ မျှော်လင့်ထားတဲ့အတိုင်းပဲ အရောင်လေးရောင်ပေါင်းစပ်ထားတဲ့ နေဝင်ချိန်တေးသွား ပုံစံ Sunset Melody ၊ လျို့ဝှက်ဆန်းကြယ်မှုနဲ့ ကြီးကျယ်ခမ်းနားမှုအငွေ့အသက်ကို ဖော်ထုတ်ပြသတဲ့ အနက် ရောင် Midnight Jazz ဆိုပြီး မှော်ဆန်ဆန် အရောင်နှစ်မျိုးနဲ့ ထွက်ပေါ်လာဖွယ်ရှိပါတယ်။

V20 က ယနေ့ခေတ် သုံးစွဲသူတွေအကြိုက် ခေတ်မီလူနေမှုဘဝပုံစံကို ဖြည့်ဆည်းပေးဖို့အတွက် ချောမွေ့ ပြောင်လက်တဲ့ အဆင့်မြင့်ဒီဇိုင်း၊ ကျစ်လျစ်ပေါ့ပါးတဲ့ ကိုယ်ထည်နဲ့ ဂုဏ်ယူစွာထုတ်လုပ်လိုက်တာဖြစ်တယ်။ Dual Tone Step ဒီဇိုင်းမှာ အမြင်ဆန်းအောင် အနုပညာလက်ရာတွေ ထည့်ပေါင်းထားတာဟာ ရိုးရှင်း သေသပ်တဲ့ ကင်မရာတပ်ဆင်မှုတစ်ခုလည်းဖြစ်တယ်။ ကင်မရာတပ်ဆင်ထားတဲ့နေရာမှာ အလွှာနှစ်ခု ပါဝင် တာကတော့ တော်တော်လေးကို စိတ်ဝင်စားစရာပါပဲ။ ပထမအလွှာထဲမှာ ဖလက်ရှ်မီးလုံးလေးရှိပြီး ဒုတိယ အလွှာထဲမှာတော့ ကင်မရာတွေရှိနေပါတယ်။ ဒီလိုမျိုး ပြန်လည်ဆန်းသစ်တပ်ဆင်ထားတဲ့ V20 ရဲ့ သွင်ပြင် လက္ခဏာတစ်ခုလုံးက ပုံမှန်ဖုန်းတွေရဲ့ ငြီးငွေ့ဖွယ်ရာပုံစံတွေကနေ ဖောက်ထွက်သွားဖို့အတွက် vivo က ကြိုးစားနေပုံပါပဲ။

ယနေ့ခေတ်စမတ်ဖုန်းတွေဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ စိတ်ခံစားချက်တွေ၊ ထူးခြားတဲ့ ပင်ကိုယ်အရည် အသွေးတွေနဲ့ သူတို့ရဲ့လူမှုဘဝနေထိုင်မှုတွေကို ဖြည့်ဆည်းပံ့ပိုးပေးမယ့်စနစ်တစ်ခုဖြစ်လာတယ်။ vivo ဟာ အနာဂတ်အတွက် အဆင်သင့်ရှိနေတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ပြောင်းလဲလာတဲ့လူငယ်တွေရဲ့ လိုအပ်ချက်နဲ့အတူ သူတို့ကိုယ်ပိုင်ခံစားမှုတွေကို ဖော်ပြနိုင်တဲ့ ကြားခံတစ်ခုအနေနဲ့ စမတ်ဖုန်းတွေကို ပေးအပ် ခဲ့တာပါ။

ဓာတ်ပုံတွေသာမက၊ V20 မှာ ဆန်းပြားလှတဲ့ ကင်မရာအစိတ်အပိုင်းအချို့ပါဝင်လာဖို့ မျှော်လင့်ထားပြီး အဲဒီ အစိတ်အပိုင်းတွေထဲမှာမှ Eye Autofocus Feature ဟာ အသုံးပြုသူတွေကို ထီထွင်ဖန်တီးနိုင်စွမ်းတွေပေးမယ့် ကမ္ဘာသစ်တစ်ခုဆီသို့ ခေါ်ဆောင်ပေးသွားမှာ ဖြစ်ပါ တယ်။ အဲ့ဒီလုပ်ဆောင်ချက်က အသုံးပြုသူတွေအတွက် အဝေးကြီးမှာရှိနေတဲ့ ရုပ်ပုံတွေကိုတောင် အရောင် အသွေးစုံလင်ပြီး၊ ပြတ်သားထင်ရှားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေအဖြစ် ရိုက်ကူးနိုင်မယ်လို့မျှော်လင့်ရတယ်၊

အစောပိုင်းတုန်းက ပြောထားခဲ့သလိုပဲ၊ V20 ဟာ ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်တွေကို မှတ်တမ်းတင် နိုင်ဖို့အတွက် ထုတ်လုပ်လိုက်တဲ့အမျိုးအစားဖြစ်ပါတယ်။ vivo က ဒီဇိုင်းကို အလေးပေးဆောင်ရွက်လေ့ ရှိတာကြောင့် ဒီဇိုင်းက ရိုးရှင်းသပ်ရပ်ပြီး၊ ခန့်ညားထည်ဝါတယ်။ ရောင်စဉ်တန်းတွေလို အမြင်ဆန်းစေပြီး၊ ချောမွေ့ကျစ်လျစ်တဲ့ ဖုန်းကိုယ်ထည်ဟာ လူငယ်မျိုးဆက်သစ်တွေအတွက် အထူးဂရုတစိုက် ရွေးချယ် ထုတ်လုပ်ထားပုံပါပဲ။

V20 ရဲ့ အသေးစိတ်အချက်လက်တွေ တရားဝင်သတင်းရင်းမြစ်တွေကနေ ထုတ်ပြန်လာဖို့ အားလုံးနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပါတယ်။ ဒါကြောင့် V20 ရဲ့ပတ်သက်တဲ့ ပျော်စရာသတင်းတွေ၊ စိတ်ဝင် စားစရာ အကြောင်းအရာတွေ ဝေမျှနိုင်ဖို့ ဆက်လက်နားစွင့်ကြပါစို့။

Source – Vivo