သတင်းဌာနတွေမှာ အချက်အလက်တစ်ချို့ပေါက်ကြားလာပြီဖြစ်တဲ့ စွမ်းဆောင်ရည်မြင့် V series အမျိုးအစား V20 စမတ်ဖုန်းသစ်ကို vivo က စတင်မိတ်ဆက်ဖို့ လုပ်ဆောင်နေပြီလို့ သိရတယ်။ စမတ်ဖုန်းသစ်ရဲ့ အသေးစိတ်အချက်အလက်တွေ ပေါက်ကြားလာခြင်းနှင့်အတူ ဖက်ရှင်ဝါသနာရှင်တွေ၊ ဓာတ်ပုံဝါသနာရှင်တွေရဲ့ အထူးအာရုံစိုက်ခြင်းလည်း ခံနေရတယ်လို့ ဆိုပါတယ်။ ‘Be The Focus Always’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီစမတ်ဖုန်း မော်ဒယ်လ်အသစ်ကို မိတ်ဆက်သွားမယ် ဆိုပြီးတော့လည်း ကောလဟာလသတင်းတွေ ထွက်ပေါ်နေပါတယ်။

vivo V စီးရီးဟာဆိုရင် ဆန်းသစ်တဲ့ကင်မရာ၊ ချောမွေ့တောက်ပြောင်တဲ့ ဒီဇိုင်းနဲ့ သွက်လက်မြန်ဆန်တဲ့ လုပ်ဆောင်မှုတွေကြောင့် လူသိများလာတာ ဖြစ်ပါတယ်။ အချက်အလက်တွေအရ vivo V20 ဟာဆိုရင် သုံးစွဲသူတွေရဲ့ အာရုံစူးစိုက်မှုအပြည့်ရဖို့အတွက် ၁၇၁ ဂရမ်ရှိတဲ့ အလွန်ပါးလွှာပြီး ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းဖြစ်မယ်။ V20 မှာဆိုရင် ချောမွေ့တောက်ပြောင်တဲ့ကိုယ်ထည်နဲ့ Dual tone step ကင်မရာ ဒီဇိုင်းထည့်သွင်းတီထွင်ထားတာကြောင့် လူအများစိတ်ဝင်စားခြင်းခံရနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ဖို့ ထိုက်တန်တယ်လို့ ဆိုနိုင်တယ်။ Dual tone step ဒီဇိုင်းဟာ မိုဘိုင်းလ်ဖုန်းရဲ့ အသွင်သဏ္ဍာန်ကို ပိုမိုကျစ်လစ်ပေါ့ပါးစေတာကြောင့် ဒီနေ့ခေတ်မှာ ဖုန်းတွေကို ငြီးငွေ့ဖွယ်ရာသယ်ဆောင်နေရတဲ့ အခိုက်အတန့်တွေကို ရပ်တန့်စေခဲ့ပါပြီ။

သဘာဝရဲ့ အလှတရားကို ဂုဏ်ပြုတဲ့အနေနဲ့ အရောင်အသွေးဆန်းသစ်ပြီး ခေတ်မှီတဲ့ စမတ်ဖုန်းတွေကို vivo က အမြဲထုတ်လုပ်ခဲ့ပါတယ်။ ဒီတစ်ခေါက် V20 ဟာဆိုရင်လည်း သာယာကြည်နူးဖွယ် သံစုံတေးဂီတဝိုင်းထဲကို ရောက်ရှိနေရသလို ခံစားစေရမယ့် ထူးခြားဆန်းကြယ်တဲ့အရောင်တွေနဲ့ ပေါ်ထွက်လာမယ်လို့ မှန်းဆမိတယ်။ အရောင်လေးရောင်ပေါင်းစပ်ထားတဲ့ နေဝင်ချိန်တေးသွားပုံစံ Sunset Melody နဲ့ လျို့ဝှက်ဆန်းကြယ်မှုနဲ့ ကြီးကျယ်ခမ်းနားမှုအငွေ့အသက်ကို ဖော်ထုတ်ပြသတဲ့ အနက်ရောင် Midnight Jazz ဆိုပြီး မှော်ဆန်ဆန် အရောင်နှစ်မျိုးနဲ့ ထွက်ပေါ်လာဖွယ်ရှိပါတယ်။

ညလယ်ဂျက်ဇ်တေးဂီတ Midnight Jazz ရဲ့ ပုံစံကတော့ ရှုပ်ထွေးမှုတွေကြား တည်ငြိမ်အေးချမ်းပြီး ယုံကြည်မှု ရှိအောင် လုပ်ဆောင်ပေးမယ့် သဏ္ဍာန်ဖြစ်ပြီး နေဝင်ချိန်တေးသွား Sunset Melody တောက်ပတဲ့ အရောင်ကတော့ ကမ်းစပ်နေဝင်ချိန်ရဲ့ နွေးထွေးမှုကို ခံစားစေနိုင်မယ့် သဏ္ဍာန်ဖြစ်ပါတယ်။ vivo V စီးရီးရဲ့ ကျော်ကြားမှုတွေအတိုင်း V20 ရဲ့ ပေါက်ကြားလာတဲ့ပုံတွေကို ကြည့်မယ်ဆိုရင် ပေါ့ပါးကျစ်လစ် တာကို တွေ့ရတဲ့အတွက် မျှော်လင့်ထားတဲ့အတိုင်းပဲ ထွက်လာတယ်လို့ ဆိုနိုင်ပါတယ်။

စမတ်ဖုန်းသစ်မှာ ထူးခြားတဲ့ Eye Auto Focus Feature နဲ့ ဓာတ်ပုံပညာအတွက် ပိုမိုကောင်းလာမယ့် ကင်မရာစွမ်းဆောင်ရည်တွေပါမယ်လို့လည်း သိရပါတယ်။ ကင်မရာအရည်အသွေးပိုင်းမှာ Eye Auto Focus နည်းပညာပါဝင်လာတဲ့အတွက် မြင်ကွင်းမှာရှိမယ့် အရာဝတ္ထုတွေ ဒါမှမဟုတ် ရွေ့လျားနေတဲ့အရာတွေ ကိုလည်း အလွယ်တကူဖမ်းယူနိုင်ပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ဖန်တီးနိုင်မယ်လို့ဆိုပါတယ်။ V20 က ထူးခြားတဲ့ AG Glass နည်းပညာနဲ့အတူ ထွက်ပေါ်လာပြီး ဒီဇိုင်းအတွက် လှပနူးညံ့တဲ့ ဇိမ်ခံပစ္စည်းတွေ ထည့်သွင်းထားတာကြောင့် သက်သောင့်သက်သာနဲ့ ကိုင်တွယ်ခံစားနိုင်တယ်လို့ ခိုင်လုံတဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ ထူးခြားတဲ့ AG နည်းပညာကြောင့် မျက်နှာပြင်ကို ခြစ်မိတဲ့အရာတွေကို ခံနိုင်ရည်ရှိပြီး နူးညံ့တဲ့ အထိအတွေ့ကိုလည်း ပေးစွမ်းနိုင်ပါလိမ့်မယ်။ နောက်ကျောကာဗာက အရည်အသွေးမြင့်တဲ့ V20 ရဲ့ ကိုယ်ထည်ကို ခေတ်မီဆန်းသစ်စေတဲ့အပြင် ချောမွေ့စွာဆုပ်ကိုင်နိုင်ဖို့နဲ့ လက်ဗွေရာမထင်ကျန်စေဖို့ကိုလည်း ကာကွယ်ပေးထားပါတယ်။

AG Matte မှန်ကို ရင်သက်ရှုမောဖွယ်ရာကောင်းတဲ့ ကင်မရာ matrix က ထပ်ပြီး ဖြည့်စွက်လိုက်တဲ့အခါ စမတ်ဖုန်းသစ်ရဲ့ အလှဟာ ပိုပြီး တန်ဖိုးကြီးမားတဲ့ပစ္စည်းတစ်ခုလို ပုံပေါ်သွားစေတယ်လို့ မှတ်ချက်ချနိုင်တယ်။ ခြုံပြောရရင် vivo ဟာ V20 ကနေတဆင့် vivo ချစ်သူတွေကို အတွေ့အကြုံကောင်းတွေပေးအပ်နိုင်ဖို့အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

vivo ဟာဆိုရင် ထိပ်တန်းစွမ်းဆောင်ရည်မြင့်အစိတ်အပိုင်းတွေဖြစ်တဲ့ V စီးရီးတွေနဲ့အတူ စျေးကွက်ထဲ ဝင်ရောက်လာခဲ့တာပါ။ အဲ့ဒီအချိန်ကနေစပြီး vivo က ကင်မရာစွမ်းဆောင်ရည်တွေကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြင့်ခဲ့သလို ကန့်သတ်ချက်တွေကိုကျော်လွန်ပြီး ခေတ်ရေစီးကြောင်းအလိုက် ဒီဇိုင်းတီထွင်မှုတွေ လုပ်ခဲ့ပါတယ်။ vivo က Dual Pop-up ဆဲလ်ဖီကင်မရာနဲ့ in-Display Fingerprint Scanning နည်းပညာလိုမျိုး ဒီဇိုင်းတီထွင်ဆန်းသစ်မှုတွေကို ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါကြောင့် ကြားသိရတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီးပြောရမယ်ဆိုရင် V20 ရဲ့ ဒီဇိုင်းက အထူးခြားဆုံးနဲ့ လူငယ်တွေအတွက် အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဓါတ်ပုံရိုက် ဝါသနာပါသူတွေ၊ လူမှုဆက်ဆံရေးတက်ကြွကောင်းမွန်ပြီး ဘဝရဲ့အမှတ်တရ အခိုက်အတန့်တွေကို အချိန် နေရာမရွေး မှတ်တမ်းတင်ဓါတ်ပုံရိုက်ချင်သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ တောက်ပြောင် ခမ်းနားထည်ဝါတဲ့ ဖုန်းဒီဇိုင်းဟာ အများနဲ့မတူ တမူထူးခြားမှုကို လိုချင်သူတွေအတွက်ရော အခန်းထဲဝင်လိုက်တာနဲ့ လူတွေအားလုံးရဲ့ စိတ်အာရုံကို ဖမ်းစားချင်တဲ့ သူတွေအတွက်ပါ အသင့်တော်ဆုံးဖြစ်လာနိုင်ပါတယ်။

V20 မိတ်ဆက်လိုက်ခြင်းနဲ့အတူ သုံးစွဲသူဗဟိုပြုတဲ့ဒီဇိုင်းနဲ့ cutting edge camera နည်းပညာ တီထွင် ဆန်းသစ်မှုကို အာရုံစူးစိုက်ပြီး သူတို့ရဲ့ကတိကဝတ်တွေကို ဆက်လက်အားဖြည့်နိုင်ဖို့ vivo ကကြိုးစား ဆောင်ရွက်နေပါတယ်။ V20 ဟာဆိုရင် တခြားသော စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေရဲ့ထုံးစံအတိုင်း လူငယ်တွေရဲ့ ဘဝနေထိုင်မှုပုံစံ၊ ခေတ်နဲ့အညီလျင်မြန်စွာပြောင်းလဲလှုပ်ရှားနေထိုင်ပြီး ဖက်ရှင်ဆန်ဆန် အသုံးပြုသူ တွေကို ထူးခြားတဲ့လုပ်ဆောင်ချက်တွေနဲ့အတူ ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။