Android 10 အခြေပြု Funtouch OS 11 ပါတဲ့ Vivo V20 Pro 5G ကို စက်တင်ဘာလက ကြေညာခဲ့ပြီး  အိန္ဒိယမှာ မကြေညာခင်လေးမှာပဲ Vivo က ဒီ ၁ ပတ်အတွင်း အဲဒီ စမတ်ဖုန်းအတွက် Android 11 Update ဖြန့်ချိပေးမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ Vivo ကတိပေးထားသလိုပဲ V20 Pro 5G အတွက် Android 11 ကို စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။

Android 11 Update ရဲ့ Build Number က PD2020F_EX_A_6.70.8 ဖြစ်ပြီး ဖိုင်အရွယ်အစားက 3.6GB လောက် ရှိပါတယ်။ Notification History , Priority Chat Function နဲ့ Chat Bubbles လုပ်ဆောင်ချက်တွေ ပါလာပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့အတွက် Security Patch ကို Update မှာ ထည့်သွင်းပေးထားပါတယ်။

Android 11 Update မှာ V20 Pro 5G ရဲ့ About Phone Menu က ROM Version ဟာ Funtouch OS 11 Global ကနေ vos OS-2.0 အဖြစ် ပြောင်းထားပါတယ်။ Vivo က ဘာ့ကြောင့်ဒီလို ပြောင်းလဲထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။ မှားယွင်း ရေးသားထားတာ ဖြစ်နိုင်ပြီး နောက်ထုတ်မယ့် Update မှာ ပြင်ဆင်ပေးထားနိုင်ပါတယ်။

Android 11 Update ကို Over The Air ကနေ ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး အိန္ဒိယမှာတော့ ရနေပြီလို့ သိရပါတယ်။ တခြား နိုင်ငံတွေမှာလည်း ရနေလောက်ပြီလို့ ထင်ရပါတယ်။

Ref : gsmarena