Vivo ကနေ အခုအချိန်မှာ Vivo V20 Series ကို တရုတ်နိုင်ငံနဲ့ တချို့သောနိုင်ငံတွေမှာ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း India စျေးကွက်အတွက် Vivo V20 Pro 5G စမတ်ဖုန်း မိတ်ဆက်မယ့်အချိန်၊ စျေးနှုန်းနဲ့ Specification တွေပေါက်ကြားလာခဲ့ပြန်ပါပြီ။

ယခုသတင်းကိုတော့ 91Mobiles ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Vivo ဟာ V20 Pro 5G ကို နိုဝင်ဘာလအစား လာမယ့် ဒီဇင်ဘာလအတွင်းမှာ ပြောင်းလဲမိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့လည်း ₹30,000 (မြန်မာငွေ ၅ သိန်း ၃ သောင်းဝန်းကျင်) ပဲ ကျသင့်မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံလိုမျိုးမှာ ရောင်းချနေတဲ့စျေးထက် တော်တော်လေးကို သက်သာနေတာဖြစ်ပါတယ်။

Vivo V20 Pro 5G စမတ်ဖုန်းဟာ 6.44″ Full HD+ AMOLED Display ကိုမှ 60Hz Refresh Rate ကိုပဲ Support ပေးမှာဖြစ်ပါတယ်။ Qualcomm Snapdragon 765G Chipset ၊ RAM 8GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပြီး Camera အနေနဲ့ကတော့ 64MP Primary + 8MP Multi-function Sensor နဲ့ 2MP Monochrome Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားတာဖြစ်ပါတယ်။

Vivo V20 ရိုးရိုးနဲ့ နောက်ထပ်ကွာခြားချက်အနေနဲ့ကတော့ Selfie Camera ကို 44MP + 8MP Ultrawide Sensor တွေထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး 33W Fast Charging ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ Fingerprint Sensor ကိုလည်း Under-Display Sensor ကို အသုံးပြုပေးထားပါတယ်။

Ref – Gizmo China