ကမ္ဘာကျော်နည်းပညာအမှတ်တံဆိပ်တစ်ခုဖြစ်သော vivo သည် ကြီးမားသည့်အောင်မြင်မှုဖြစ်သော V စီးရီး အဖွဲ့ဝင် V20 ကို မကြာသေးမီအချိန်က မိတ်ဆက်ခဲ့ပြီး ဓာတ်ပုံကင်မရာနှင့် ချောမွေ့တောက်ပြောင်မှုတို့ကို နောက်တစ်ဆင့်သို့ ထပ်မံယူဆောင်နိုင်ခဲ့သည်။ V20 သည် နေ့စဉ်အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်ရုံသာမက လူငယ်များ၏ စိတ်ခံစားချက်ကို ထပ်ဟပ်နိုင်စေသောအရာလည်းဖြစ်ပြီး စမတ်ဖုန်းလောကကို အရှိန်အဟုန် ကောင်းကောင်းဖြင့် ဝင်ရောက်လာကာ မြန်မာပြည်ဈေးကွက်တွင် အောင်မြင်မှုများစွာ ရရှိနေပါသည်။

vivo ၏ ဆန်းသစ်တီထွင်မှုတစ်ခုဖြစ်သော V စီးရီးသည် လူငယ်များအတွက် အံ့အားသင့်စရာ ဓာတ်ပုံပညာရပ်၊ တစ်မူထူးခြားသောစမတ်ဖုန်းဒီဇိုင်းများ သယ်ဆောင်လာနိုင်သည့်နည်းပညာနှင့်အတူ ပြည့်စုံကောင်းမွန်သော လူမှုဘဝဖန်တီးခြင်းအပေါ် အခြေခံထားပါသည်။ vivo သည် ခေတ်နှင့်အညီပြောင်းလဲလာသည့် ဓာတ်ပုံပညာ၊ ဂိမ်း၊ ဖျော်ဖြေရေးနှင့် စမတ်ဖုန်းဒီဇိုင်းများကို လေ့လာဆန်းစစ်ခဲ့ပြီးမှ စမတ်ဖုန်းသစ်များကို ထုတ်လုပ်ခဲ့သည်။ ထူးခြားခေတ်မီသည့် လူနေမှုပုံစံကို ထင်ဟပ်စေသည့် ဒီဇိုင်းမှာ vivo ၏ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်သည်။

vivo V20 သည် လူငယ်အကြောင်းအရာဖန်တီးသူများနှင့် ဆဲလ်ဖီအမျိုးအစားအားလုံးအတွက် လေးစား လောက်စရာ ကင်မရာ features များနှင့်အတူ အ‌ရှေ့ကင်မရာ၏ ဓာတ်ပုံစွမ်းဆောင်ရည်၊ ချောမွေ့တောက်ပ ပြီးစတိုင်ကျလှပသောအသွင်အပြင်နှင့် စွမ်းဆောင်ရည်ကောင်းမွန်မှုတို့ကို သက်သေပြနိုင်ခဲ့ပါသည်။

ကွဲပြားခြားနားသည့် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် vivo သည် စဉ်ဆက်မပြတ် တီထွင် ထုတ်လုပ်လျက်ရှိသည်။ အရှေ့ဘက်ကင်မရာစွမ်းဆောင်ရည်ကို အသားပေးသည့် V စီးရီးများထဲတွင် V20 မှာ စမတ်ဖုန်းလောကကို ဦးဆောင်နေသည့် စမတ်ဖုန်းတစ်လုံး ဖြစ်လာခဲ့သည်။ အဆိုပါအရာမှာ ပရီမီယံ စမတ်ဖုန်းများတွင် အထင်ကြီးလေးစရာစရာအချက်တစ်ခုဖြစ်ပြီး လူငယ်များမှ စွဲလမ်းနှစ်ခြိုက်စေသည့် အရာ လည်းဖြစ်သည်။

ယခုအခါ vivo သည် မြန်မာပြည်ဈေးကွက်သို့ မှော်ဆန်သည့် ဒီဇိုင်းနှင့် သုံးစွဲသူများအတွက် ထူးခြားသည့် ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံများ သယ်ဆောင်လာနိုင်မည့် vivo V20 SE ကို ထပ်မံမိတ်ဆက်ခဲ့သည်။

ယခုနောက်ဆုံးထွက်ရှိလာသော V series သည် ယခင်ထွက်ရှိပြီးသော ဖုန်းများ၏ အောင်မြင်မှုများနှင့် vivo ၏ ကတိကဝတ်အတိုင်း အကောင်းဆုံး Features များကို ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ထုတ်လုပ်ထားသော စမတ်ဖုန်းသစ်ဖြစ်သည်။ vivo မှ တီထွင်ထုတ်လုပ်မှုတစ်ခုချင်းစီကို စမတ်ဖုန်းလောကတွင် စံချိန်စံနှုန်း မြင့်မားရေး အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ ယခုထွက်ရှိလာမည့် V series သည်လည်း သုံးစွဲသူများ၏ စိတ်ဝင်စားမှုရရှိပြီးသားဖုန်းတစ်လုံးလည်းဖြစ်ပါသည်။

vivo V20 SE သည် စမတ်ဖုန်းလောကတွင် 7.83 mm 3D ရှိသည့် ပေါ့ပါးသည့်ကိုယ်ထည် 32MP Super Night Selfie နှင့် 48MP Multi-Scenario ဓာတ်ပုံပညာရပ်များနှင့်အတူ 33W အမြန်အားသွင်းစနစ်ပါဝင်သော စမတ်ဖုန်းအမျိုးအစားသစ်ဖြစ်သည်။

vivo သည် ‘သုံးစွဲသူ ဗဟိုပြုထားသည့်ဆန်းသစ်တီထွင်မှုများ’ ကို မြှင့်တင်ခဲ့ပြီး V စီးရီး၏ ထုံးစံအတိုင်း V20 SE သည် လူငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အထူးဖန်တီးထားသော features များပါဝင် လာမည်ဖြစ်သည်။ V20SE ၏ photography centric features သည် ဓာတ်ပုံရိုက်ရသည်ကို ကြိုက်နှစ် သက်သည့် သင့်၏ စိတ်ဆန္ဒကို လှုံ့ဆော်နိုင်စေမည့် အဓိကအချက်ဖြစ်သည်။ Professional Portrait, Aura Screen Light, Super Night Mode, Ultra Stable Video စွမ်းဆောင်ချက်များစွာ ပါဝင်ပြီး အံ့ဩဖွယ်ရာ 44MP အနောက်ဘက်ကင်မရာနှင့် မြင်ကွင်းတစ်ဆုံးရှိ အသေးစိတ်အရာဝတ္တူများကို ဖမ်းယူနိုင်ပါသည်။ ထို့ပြင် Vivo V20SE တွင် ပိုမိုချောမွေ့သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပြီး သုံးစွဲများ၏ အတွေ့အကြုံများကို ကောင်းမွန် စေရန် Dual Mic Noise Cancelling နှင့် special Game Mode များကို ထည့်သွင်း လုပ်ဆောင်ထားသည်။

V20 SE ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ငွေကျပ် ၃၇၉,၈၀၀ ဖြင့် နီးစပ်ရာ ဖုန်းအရောင်းဆိုင်များနှင့် အွန်လိုင်းမှလည်း ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။

Source – vivo