အင်ဒိုနီးရှား ၊ စင်ကာပူ၊ ထိုင်းနဲ့ တရုတ် အာဏာပိုင်တွေဆီမှာ Vivo ရဲ့  V2022A မော်ဒယ်နံပါတ် ဖုန်း  ၁ လုံးကို မှတ်ပုံတင်ထားပါတယ်။ အဲဒီ ဖုန်းဟာ Vivo V20 SE ဖြစ်ပြီး အခုတော့ Geekbench ကနေ Specs တချို့ ထွက်လာပါတယ်။

Vivo V20 SE မှာ 8GB RAM နဲ့ 1.80GHz Qualcomm Octa-core Chipset ထည့်သွင်းထားပြီး Processor နာမည်ကို မသိရသေးပါဘူး။ ဒါပေမယ့် လျှို့ဝှက်နာမည်က Trinket ဖြစ်တဲ့အတွက် Snapdragon 665 လို့ အတည်ပြုလိုက်နိုင်ပါတယ်။ တရုတ်ရဲ့ CQC မှာတော့ 33W Fast Charging ပါမယ်လို့ ဖော်ပြထားပါတယ်။

Vivo V20 SE ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။ ထိုင်းက NBTC မှာ နောက်ထပ် Vivo ဖုန်း ၁ လုံးကို မှတ်ပုံတင်ထားပြီး မော်ဒယ်နံပါတ်က V2018 ဖြစ်ပါတယ်။ အဲဒီဖုန်းကို ထိုင်းမှာ Vivo V20 Pro နာမည်နဲ့ ကြေညာမယ်လို့ သတင်းထွက်နေပေမယ့် Specs ၁ ခုမှ မသိရသေးပါဘူး။

Vivo V20 Series တွေဟာ ဒီနှစ် ဧပြီလက ကြေညာခဲ့တဲ့ Vivo V19 ရဲ့ မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။ Vivo V19 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြရရင် ၆.၄၄ လက်မ S-AMOLED မျက်နှာပြင်၊ 32MP+8MP Dual Punch Hole ဆဲလ်ဖီး ကင်မရာ ၂ လုံး၊ 48MP+8MP+2MP+2MP အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ Android 10 အခြေပြု FunTouch OS 10 ၊ Snapdragon 712 Chipset ၊ 8GB RAM ၊ 128GB or 256GB Storage နဲ့ 33W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီတွေ ပါလာခဲ့ပါတယ်။

Ref : gizmochina