Vivo က V19 ကို အိန္ဒိယစျေးကွက်အတွက် မေလမှာ မိတ်ဆက်ခဲ့ပြီးတဲ့နောက် လောလောဆယ် V20 လို့ သတ်မှတ်ထားတဲ့ ဖုန်းအသစ်ကို အောက်တိုဘာလ မှာ မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ ကုမ္ပဏီအနေနဲ့ V20 ကို အိန္ဒိယမှာ စတင်ပွဲထုတ်ဖို့ စီစဉ်နေပြီး အောက်တိုဘာ ၂၅ မှာ ကျင်းပမယ့် ရိုးရာပွဲတော် မတိုင်ခင် ဖုန်းအသစ်ကို မိတ်ဆက်သွားမယ်လို့သိရပါတယ်။

V19 က အင်္ဂလိပ်အက္ခရာ L ပုံစံ ကင်မရာလေးလုံးနဲ့ ထွက်ခဲ့တာ ဖြစ်ပေမယ့် V20 မှာတော့ X50 Pro လိုမျိုး ပိုပြီး Premium ဆန်တဲ့ ပုံစံမျိုးနဲ့ ကင်မရာသုံးလုံး စနစ်ကို အသုံးပြုသွားမှာပါ။ ဒါပေမယ့် ပေါက်ကြားလာတဲ့ ပုံတွေအရ V20 မှာ Periscope Module ပါဝင်ခြင်း မရှိပါဘူး။ ဒါ့ပြင် ကင်မရာရှုထောင့် တည်ငြိမ်မှုကို ထိန်းချုပ်ပေးတဲ့စနစ် ပါဝင်မလားဆိုတာလည်း သေချာ မသိရသေးပါဘူး။

V19 လိုပဲ V20 မှာလည်း ရှေ့ကင်မရာ နှစ်လုံး ပါဝင်မှာ ဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ ရှေ့ကင်မရာတွေက မျက်နှာပြင်ရဲ့ ဘယ်ဖက်ထောင့်မှာ ပါရှိမှာပါ။ အဓိက ဆဲလ်ဖီးကင်မရာက 44MP ဖြစ်ပြီး အရံကင်မရာက Ultrawide lens ရဲ့နောက်မှာ ပါရှိမှာပါ။

V20 နဲ့ ပတ်သက်တဲ့ အခြားအသေးစိတ်အချက်အလက်တွေကိုတော့ လောလောဆယ် မသိရသေးပေမယ့် ပေါက်ကြားလာတဲ့ ပုံတစ်ပုံအရ ဒီစမတ်ဖုန်းက 5G နက်ဝက်ခ် ကို အထောက်အပံ့ ပေးလိမ့်မယ် လို့ အတည်ပြုခဲ့ကြပါတယ်။ V20 အပြင် Vivo က V20 SE နဲ့ V20 Pro ကိုလည်း စီစဉ်နေတာပါ။ V20 trio နဲ့ ပတ်သက်တဲ့ အခြား အချက်အလက်တွေ လာမယ့်ရက်သတ္တပတ်တွေမှာ ထွက်ရှိလာဦးမယ်လို့ ယူဆရပါတယ်။

Ref – GSMArena