Vivo က အိန္ဒိယမှာ V20 Pro 5G ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ ပေါက်ကြားသတင်းတွေအရ ဒီဇင်ဘာလ ၂ ရက်နေ့ မိတ်ဆက်မယ်လို့ သိရပါတယ်။ Vivo Fans တွေက အဲဒီဖုန်းကို စောင့်မျှော်နေတုန်းမှာပဲ 91mobiles က Vivo ဟာ V21 Series ကိုလည်း ဖန်တီးနေပြီး နောက်နှစ် ဖေဖော်ဝါရီလမှာ ကြေညာမယ်လို့ သတင်းပေးလာပါတယ်။

Vivo V20 SE price officially announced in India; check sale date and specifications - The Indian Wire

Vivo V20 Series မှာ Vivo V20 , Vivo V20 SE နဲ့ Vivo V20 Pro တို့ ပါဝင်မှာပါ။ V21 Series အတွက် ဘယ်နှစ်လုံး ထုတ်ထားမလဲဆိုတာ မသိရသေးပါဘူး။ V20 Series လိုပဲ Vivo V21 , Vivo V21 SE နဲ့ Vivo V21 Pro တို့ ထွက်လာနိုင်ပါတယ်။ လက်ရှိမှာ V21 Series ရဲ့ Specs တွေကို မသိရသေးပါဘူး။

Vivo V20 with Snapdragon 720G, 44MP selfie camera, and Android 11 launched in India for ₹

Vivo V20 ကို အိန္ဒိယမှာ အောက်တိုဘာလက ကြေညာခဲ့ပြီး V20 SE ကို နိုဝင်ဘာလမှာ  ရောင်းချပေးခဲ့ပါတယ်။ V20 Pro 5G ကို ဒီဇင်ဘာလမှာ ရောင်းပေးမှာပါ။ အဲဒီအတွက် V21 Series အားလုံးကို တစ်ပြိုင်နက် မကြေညာနိုင်ပါဘူး။ Vivo V19 ကို ကြေညာပြီး ၅ လလောက် အကြာမှာ V20 ကို ချပြခဲ့တာပါ။ အဲဒီအတွက် V21 ကို နောက်နှစ် ဖေဖော်ဝါရီလမှာ ကြေညာမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

Vivo V20 Pro 5G ကိုတော့ မြေပြင်စတိုးတွေကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂၉,၉၉၀ ရူပီးနဲ့ ရောင်းနိုင်ပါတယ်။ ၅ သိန်း ၂ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ အဓိက Specs တွေကို ပြောပြချင်ပါတယ်။ အဲဒီဖုန်းမှာ ၆.၄၄ လက်မ FHD+ AMOLED မျက်နှာပြင်၊ Snapdragon 765G ၊ 44MP ဆဲလ်ဖီး ကင်မရာ ၊ 64MP အနောက်ကင်မရာနဲ့ 33W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီတို့ ဖြစ်ပါတယ်။

Ref : gizmochina