ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ပထမဦးဆုံး အရောင်ပြောင်းလဲခြင်း နည်းပညာပါဝင်သော နောက်ကျောဖက် Color Changing Glass အား V23 Series တွင် စတင်မိတ်ဆက်ခဲ့ရာမှာ ပြည်တွင်းစမတ်ဖုန်းဈေးကွက်တွင် ပြောစမှတ်ဖြစ်ခဲ့ပါသည်။ အရောင်ပြောင်းလဲခြင်းနည်းပညာသည် နေရောင်အောက်တွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့သောအခါတွင် အရောင်ပြောင်းလဲကာ နေရောင်မရှိသောနေရာတွင် မူလပုံမှန်အရောင်သို့ ပြန်လည်‌ရောက်ရှိသွားသည့် ဆန်းသစ်သောဖန်တီးမှုတစ်ခုဖြစ်ပါသည်။

vivo V23 Series ၏ စမတ်ဖုန်းများသည် နည်းပညာအရ သာလွန်ရုံသာမက အသုံးပြုသူ၏ အမြင်အာရုံကိုပါ ဆွဲဆောင်နိုင်ခြင်းမှာလည်း အမှတ်တံဆိပ် အတွက် မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါသည်။ ဤ မှော်ဆန်သောနည်းပညာအား အသုံးပြုသူများမှ သဘောကျနှစ်သက်ခဲ့ကြပြီး ကြီးမားသောအောင်မြင်မှုနှင့် ၀ယ်လိုအား ရရှိခဲ့ခြင်းကြောင့် vivo သည် လာမည့် V25 စမတ်ဖုန်းတွင်လည်း အရောင်ပြောင်းလဲခြင်းနည်းပညာကို ထပ်မံထည့်သွင်းလာမည်ဟု သတင်းရရှိထားပါသည်။

နောက်ဆုံးသိရှိချက်များ အရ vivo မှ နောက်ဆုံးပေါ်စမတ်ဖုန်းအတွေ့အကြုံများအား လာမယ့် V Series အသစ်တွင် ပြန်လည်အသက်သွင်းထားသောကြောင့် V25 သည် ‌ခေတ်မီလှပဆန်းသစ်သောစမတ်ဖုန်း တစ်လုံး ဖြစ်လာမည်ဟုယုံကြည်ပါသည်။ vivo V25တွင် လူငယ်ဓာတ်ပုံဝါသနာရှင်အားလုံးအတွက် စွမ်းဆောင်ရည်မြင့်မားသော ကင်မရာတပ်ဆင်မှုတစ်ခုဖြစ်သော 64MP OIS Bokeh Flare Portrait ကျောဘက်ကင်မရာနှင့်အတူ 50MP AF HD Portrait Selfie ပါရှိလာနိုင်မည့်အပြင် Performance ပိုင်းတွင်လည်း စမတ်ဖုန်းအား အချိန်တိုအတွင်း အားသွင်းနိုင်မယ့် 44W FlashCharge နည်းပညာဖြင့် ပံ့ပိုးထားသော 4500 mAh Battery ပါရှိ လာမည်ဟု မျှော်လင့်ရပါသည်။

Press Release – vivo