vivo ဟာ V23 ကို ထုတ်လုပ်ပြီးတဲ့နောက် မျိုးဆက်သစ်ဖြစ်တဲ့ vivo V25 ကို မကြာခင် မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ V25 ဟာ 5G ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်းဖြစ်ပြီး ဒီဇိုင်းပိုင်း အသွင်အပြင်ပိုင်းမှာတော့ ပိုပြီးဆွဲဆောင်မှု ရှိလာတာကို တွေ့မြင်ရပါတယ်။ ကုမ္ပဏီရဲ့ အစဉ်အလာအတိုင်း ကင်မရာပိုင်းကို ဆက်လက်ထိန်းသိမ်းသွားပြီး လူငယ်ကြိုက်လုပ်ဆောင်ချက်တွေပေါ် အာရုံစိုက်ထားပါတယ်။

ဖုန်းတစ်လုံးတည်းပေမယ့် တစ်မျိုးထက်ပိုတဲ့အရောင်
vivo V25 ကို မြင်လိုက်တာနဲ့ အကြည့်မလွှဲသွားချင်တဲ့အချက်ကတော့ Color Changing Glass အသုံးပြုထားတာပါပဲ။ ဖန်သားပြင်ဟာ UV အလင်းရောင် (နေရောင်ခြည်) နဲ့ ထိတွေ့လိုက်တာနဲ့ အရောင်ပြောင်းသွားပြီး၊ နေရောင်ခြည်အောက်ကနေ ဖယ်ရှားလိုက်ရင် မူလအရောင် ပြန်ပြောင်းသွားတဲ့အချက်ကတော့ အတော်လေးကို Fantastically ဖြစ်တယ်လို့ ဆိုရမှာပါ။

V25 အပြာရောင်ဗားရှင်းဟာ စိမ်းပြာရောင်ကို ပြောင်းလဲသွားပြီး၊ နောက်တစ်ချက်က Fluorite AG Glass သုံးထားတာကြောင့် ထိတွေ့ကိုင်တွယ်ရာမှာလည်း သက်သောင့်သက်သာရှိပြီး အလွယ်တကူ လက်ဗွေရာထင်သွားတာမျိုး မဖြစ်ပါဘူး။

သားနားတဲ့ Portrait
64MP Ultra HD ကင်မရာမှာ GW3 High-sensitivity Sensor နဲ့ OIS ပါဝင်ပါတယ်။ ရလဒ်ကတော့ အချိန်မရွေး၊ နေရာမရွေး တည်ငြိမ်ပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖမ်းယူမှုကို ရရှိစေတာပါပဲ။ V25 မှာတော့ ပိုကောင်းတဲ့ 50MP AF ကို သုံးထားပြီး အမြင့်ဆုံးရုပ်ထွက်အရည်အသွေးနဲ့ Auto Focus Module ကို ပေါင်းစပ်ထားတာပါ။ ဒါဟာ ကြည်လင်ပြတ်သားပြီး လှပတဲ့ Selfie ပုံရိပ်တွေကို အနီးကပ်ဖြစ်ဖြစ်၊ အဝေးကဖြစ်ဖြစ် အလင်းရောင်အောက်မှာပဲဖြစ်ဖြစ်၊ အလင်းရောင်အားနည်းတဲ့ အခြေအနေမှာပဲဖြစ်ဖြစ် အကောင်းဆုံးရိုက်ကူးနိုင်တဲ့ လျှို့ဝှက်ချက်ပါပဲ။

ဒါတင်မကသေးပါဘူး။ AI Chip ရဲ့ စွမ်းဆောင်ရည်ကို အသုံးပြုပြီး Portrait ရိုက်တဲ့အခါမှာ ပိုကြည်၊ ပိုကောင်းတဲ့ ဓာတ်ပုံတွေကို ထုတ်ပေးမယ့် AI HD Portrait နဲ့ နောက်ခံ Background ကို လှုပ်ရှားနေတဲ့ ပုံစံမျိူး ဖြစ်အောင် ဖန်တီးပေးမယ့် Motion Blur Portrait စတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ခေတ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလေ့ရှိတဲ့ Brand တစ်ခုဖြစ်တာနဲ့အညီ Vlogger တွေအတွက် အသုံးဝင်စေမယ့် Vlog Movie လို Feature တွေကိုလည်း ထောက်ပံ့ထားပါသေးတယ်။ vivo V25 မှာပါတဲ့ vivo Features တွေထဲမှာ အရှေ့ကင်မရာနဲ့ အနောက်ကင်မရာနှစ်ခုစလုံးကို တစ်ပြိုင်နက်ရိုက်ကူးနိုင်ပြီး မျက်နှာပြင်မှာ ပြန်မြင်နေရတဲ့ Dual-View Video Feature ကတော့ အတော်လေးကို အကြိုက်တွေ့ချင်စရာ လုပ်ဆောင်ချက်ပါပဲ။

နောက်တစ်ဆင့်မြင့်လာတဲ့ အသုံးပြုမှုအတွေ့အကြုံများ
vivo V25 မှာ 5G ရတဲ့ Dimensity 900 ကို အသုံးပြုထားပါတယ်။ Cortex-A78 CPU နဲ့အတူ Mali-G68 GPU ပေါင်းစပ်ထားတဲ့ ဒီ Chipset ဟာ 6nm Architecture အပေါ်မှာ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး Liquid Colling System ပါဝင်တဲ့အတွက် အချိန်ကြာကြာ ဂိမ်းကစားတဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။

တစ်နေ့လုံးသုံးပြီး အမြန်ဆုံးအားသွင်း
vivo V25 နဲ့ V25e တို့ဟာ ဘက်ထရီအသုံးပြုမှုအတွက်လည်း စိတ်မပျက်စေရတာကို တွေ့နိုင်ပါတယ်။ 4,500mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး 44W FlashCharge ထောက်ပံ့ပေးထားတာပါ။ Super Charge Pump ကြောင့်ဖုန်းကို အပူလွန်ကဲမှုမဖြစ်စေဘဲ မြန်မြန်ဆန်ဆန် အားပြန်သွင်းနိုင်ပါတယ်။ ပြီးတော့ TUV Rheinland Fast Charge Certification လည်း ရထားပါတယ်။

Update Extended RAM
Extended RAM ကို +4GB ကနေ +8GB ဆီ အဆင့်မြှင့်တင်လိုက်တာကလည်း ကျေနပ်စရာကောင်းတဲ့ အချက်ပါ။ (V25 ကတော့ Built-in Feature အဖြစ်လာမယ်ဆိုပေမဲ့ V25e ကတော့ OTA upgrade လိုအပ်ပါတယ်။)

နောက်ထပ်တွေ့မြင်ရတဲ့ အဆင့်မြှင့်တင်မှုတွေကတော့ 90Hz Refresh Rate ထောက်ပံ့ထားတဲ့ AMOLED (Ultra Vision Screen) ပါပဲ။ ရုပ်ထွက်ပိုင်း ကြည့်ရရှုရတာ စိတ်ကျေနပ်စရာကောင်းပါလိမ့်မယ်။

ခြုံငုံသုံးသပ်ချက်ကို ပြောရမယ်ဆိုရင်တော့ vivo V25 ဟာ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းနဲ့ ဖက်ရှင်ကျမှုကို ပေါ်လွင်စေတဲ့ စမတ်ဖုန်းဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း သင့်တင့်မျှတတဲ့ ရလဒ်တွေကို ယူဆောင်လာတာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးမှုနဲ့ ဗီဒီယိုရိုက်ကူးမှုတွေကတော့ ပြီးခဲ့တဲ့ မျိုးဆက်ထက် ပိုပြီးစိတ်ကျေနပ်စရာကောင်းလာတာကို တွေ့မြင်ရပါတယ်။