vivo သည် ၎င်း ၏ အထင်ကရဖြစ်သည့် V Series မှနောက်ဆုံးပေါ် ခေတ်မီသည့်ဒီဇိုင်းနှင့် ကင်မရာစွမ်းဆောင်ရည်မြင့်သည့် V27e ကိုတရားဝင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ V27e ကိုကောင်းမွန်ပြည့်စုံသည့် 64 MP OIS Ultra- Sensing Camera, 120 Hz AMOLED Display, 66W Flash Charge, 8 GB + 8 GB Extended RAM တို့အပြင် အမြင်ကိုဖမ်းစားနိုင်မည့် Aura Light Portrait ပါဝင်သောဒီဇိုင်းတို့ဖြင့်ဖန်တီးထားပါသည်။

vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ ” ကျွန်တော်တို V27e စမတ်ဖုန်းတွေမှာစွဲမက်ဖွယ် ဒီဇိုင်းနဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပါဝင်ထည့်သွင်းဖန်တီးထားပြီး အသုံးပြုသူတွေအတွက် စိတ်ကျေနပ်လောက်တဲ့ user experience တွေပေးနိုင်မယ်လိုယုံကြည်ပါတယ်။ vivo အနေနဲ့စမတ်ဖုန်းလောကမှာ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးစွမ်းဆောင်မှုတွေနဲ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်အမှန်တွေကို သိနိုင်ဖို့ကြိုးစားပြီး တိုးတက်အောင်ဖန်တီးပေးနေတာလည်းဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါတယ်။

V27e အနောက်ဘက်တွင် ပါဝင်သည့် 64 MP OIS Ultra-Sensing Camera က ပုံတွေ၏အလင်းဝင်ရောက်မှုကို ၆ ဆတိုးမြှင့်ပေးနိုင်သည့်အပြင် Exposure ကိုလည်းပိုမိုတိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ ၎င်းအချက်ကပဲ ရုတ်တရက်ရိုက်ကူးလိုက်သည့်ပုံများကအစ တည်ငြိမ်စေပြီး အလင်းရောင်နည်းသည့်အခြေအနေများတွင်ပါ ပုံကောင်းများကိုရရှိစေနိုင်မည်ဖြစ်ပါသည်။

32 MP HD Selfie ကင်မရာကလည်း ပိုမိုတိကျပြတ်သားသည့်အစိတ်အပိုင်းများကို ပိုစတာပုံသဖွယ်ကြည်လင်ပြတ်သားလှပစေမည်ဖြစ်ပါသည်။ Aura Light Portrait ပါဝင်သည့်အချက်ကလည်း V27e ၏ကင်မရာပိုင်းကို အကောင်းဆုံးပံ့ပိုးပေးသည့်အချက်လည်းဖြစ်ပါသည်။

64 MP OIS Ultra-Sensing Camera က စတူဒီယိုအဆင့်ရှိ lighting effect ကိုပေးနိုင်ပါသည်။ Aura Light နှင့်Portrait Mode တို့အကူအညီဖြင့် အလှပဆုံးပုံကောင်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

ဗီဒီယိုရိုက်ကူးသည့်အပိုင်းတွင်လည်း ပိုမိုတောက်ပပြီး ပြတ်သားသည့်အသေးစိတ်ဗီဒီယိုများကို Hybrid Image Stabilization (OIS + EIS) ဖြင့်ပံ့ပိုးပေးနိုင်ပြီး တစ်စက္ကန့်တိုင်းကို လှုပ်ရှားမှု အကြိမ် 10,000 အထိတည်ငြိမ်စွာရိုက်ကူးပေးနိုင်မည်ဖြစ်ပါသည်။ Vlog ရိုက်ကူးသည့်အပိုင်းများတွင်လည်းအရာဝတ္ထုများ၊ လူများ၊ ရှူခင်းများကိုလှုပ်ရှားမှုအထူးငြိမ်သက်စွာရိုက်ကူးနိုင်မည်ဖြစ်ပါသည်။

vivo အနေနှင့် ထုတ်ကုန်ပစ္စည်း ၏အပြင်ပိုင်းအလှနှင့် အသုံးပြုသူတို့ ၏အမြင်တွင်လည်း ထူးခြားစေရန်ရည်ရွယ်ကာ V27e တွင် 6.62″ 2.5D screen ဖြင့်ဖန်တီးကာ brightness နှင့် contrast ကိုအထူးပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ 2.5D screen က ရုပ်ရှင်ရုံတစ်ခုအသွင်အမြင်အာရုံကိုဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။

120 Hz AMOLED Display ကအလင်းဆန်ဆာများကိုထိန်းညှိကာအသုံးပြုသူများကို ကောင်းမွန်သည့်အလင်းကွာလတီနှင့် အရောင်မှန်မြင်ရစေရန် ကူညီပေးနိုင်မည်ဖြစ်ပါသည်။ ပါးလွှာပြီးပေါ့ပါးသည့် 7.7mm အထူနှင့်အလေးချိန်အားဖြင့် 185g သာရှိသည့်အတွက်ultra-thin grip နှင့် V27e ဖုန်းကိုလှပတင့်တယ်စေပါသည်။ V27e သည်အရောင်အားဖြင့်တည်ငြိမ်ပြီးသဘာဝနှင့်နီးစပ်သောအရောင်များဖြင့်ဖန်တီးပြီး အသုံးပြုသူတိုအကြိုက်တွေ့ နိုင်မည် ဖြစ်ပါသည်။

အသစ်ထွက်ရှိလာသည့် V27e တွင် အသုံးပြုသူတို့အတွက်အထူးလိုအပ်ချက်တစ်ခုဖြစ်သည့် 4600 mAh battery က ဖုန်းအားသုံးစွဲမှုကိုသက်သာစေပြီး vivo ၏အထူးဖန်တီးထားသည့် Flash Charge က 66W အထိပံ့ပိုးထားပြီး အချိန် 19 မိနစ်အတွင်း ဘက်ထရီ 50% အထိအားဝင်စေနိုင်ပါသည်။

V27e တွင်ပါဝင်သည့် MediaTek’s Helio G99 platform က 6 nm အထိထောက်ပံ့ပေးပါသည်။ သာလွန်သောအချက်တစ်ခုမှာ V27e တွင် 8GB + 8 GB Extended RAM ၊ 6 nm chip ပါဝင်မှုကြောင့် application အသုံးပြုမှုများတွင် အံ့မခန်းကောင်းမွန်လာမည်ဖြစ်ပါသည်။ V27e တွင်ပါဝင်သည့် Extended RAM သည် 16 GB နှင့်ညီမျှသောစွမ်းဆောင်မှုကိုပေးနိုင်မည်ဖြစ်ပါသည်။

vivo V27e ဖုန်းများကို စျေးနှုန်းအားဖြင့် မြန်မာငွေ ၈၉၉၈၀၀ ကျပ်ဖြင့် မေလ ၁၁ ရက်နေ့မှ မေလ ၁၄ ရက်နေ့ထိ pre order မှာယူနိုင်ပြီဖြစ်ပြီး pre order မှာယူသူတိုင်းကို ကျောပိုးအိတ်တစ်လုံးစီနှင့် First sale gift အဖြစ် 30,000 mAh အား power bank တစ်ခုနှင့် Light Strip တစ်ခုလက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

Source: Vivo