Vivo ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Vivo V9 စမတ်ဖုန်းကို အခုဆိုရင် လူတိုင်း သိပြီးဖြစ်မှာပါ။ လက်ရှိအချိန်မှာ ဆန်းပြားပြီးလှပနေတဲ့ ကိုယ်ထည်ဒီဇိုင်း၊ Screen to body Ratio 90% အထိရှိနေတဲ့ FullViewTM Display တွေအပြင် အဆင့်မြှင့်တင်ထားတဲ့ AI Selfie Camera တွေကလည်း Vivo V9 ကို ထူးခြားစေတဲ့အဓိကအချက်တွေလို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် Vivo V9 စမတ်ဖုန်းမှာ အခုပြောသွားတဲ့ Features တွေတင်မဟုတ်ပဲ နောက်ထပ်တော်တော်လေးကို ကောင်းမွန်တဲ့ Features တွေလည်းပါဝင်နေပါသေးတယ်။ အဲ့ဒီထဲကမှ Vivo V9 ရဲ့ ကင်မရာ Feature တစ်ခုဖြစ်တဲ့ Videography အကြောင်းကို ပြောပြသွားပါမယ်။

Video ရိုက်တယ်ဆိုတာက ဓါတ်ပုံရိုက်တာနဲ့ယှဉ်ရင် လူအများစုက သိပ်ပြီးမပြုလုပ်တတ်ကြပါဘူး။ အဲ့ဒါကလည်း အခုနောက်ပိုင်း စမတ်ဖုန်းတွေက Video ထက် ဓါတ်ပုံရိုက်တာအတွက် Features တွေ အများအပြားထည့်သွင်းလာတာကြောင့်နဲ့ လက်ရှိ စမတ်ဖုန်းအမြင့်ပိုင်းတွေကလွဲရင် Video Quality ကောင်းကောင်းရိုက်လို့မရတာကြောင့်လည်းပါပါတယ်။

Vivo V9 ရဲ့ Back Camera တွေက 16 MP Camera ကို Aperture f2.0 နဲ့တပ်ဆင်ထားပြီးတော့ Secondary 5MP နဲ့ အားဖြည့်ထားတာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အဆင့်မြှင့်တင်ထားတဲ့ Qualcomm Snapdragon 626 Processor ကြောင့်လည်း Video ပိုင်းမှာ ကောင်းကောင်းရိုက်လို့ရတဲ့စမတ်ဖုန်းတစ်ခုဖြစ်လာပါတယ်။ ဘယ်လောက်ထိတောင် Video ကောင်းကောင်းရိုက်ကူးနိုင်သလဲဆိုရင် 4K Ultra HD Resolution အထိကို Vivo V9 က ရိုက်ကူးပေးနိုင်တာပါ။ ဒါက Camera ပိုင်း၊ Processor ပိုင်း Hardware တွေရဲ့ စွမ်းဆောင်ရည်မြင့်မားမှုကို သက်သေခံနေတာပါ။

Vivo V9 ဟာ လက်ရှိအချိန်မှာ ငွေကျပ် ၃၉၉,၀၀၀ ကျပ်နဲ့ရောင်းချနေတာဖြစ်ပြီးတော့ အခုဒီဈေးဝန်းကျင်ထဲမှာ 4K Video ရိုက်ကူးနိုင်တဲ့ အရေအတွက်နည်းပါးတဲ့ စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်လာပါတယ်။ Vivo ဖုန်းတွေကတော့ ထုံးစံအတိုင်း Selfie တင်မကပဲ ကင်မရာပိုင်းမှာပါ နာမည်ကြီးနေတာ အမှန်ပါပဲ။

ဘာကြောင့် 4K Video တွေကို ရိုက်ကူးနိုင်တာက စမတ်ဖုန်းတစ်ခုမှာ အရေးပါသလဲဆိုရင်တော့ 4K Video တွေဟာ သာမန် HD Resolution နဲ့ ရိုက်ကူးတဲ့ Video တွေထက် ၄ ဆပိုပြီးကောင်းမွန်တဲ့အတွက် Videos ထဲမှာလည်း Details တွေကိုပိုပြီး မြင်နိုင်မှာဖြစ်ပါတယ်။ Vivo V9 စမတ်ဖုန်းဟာဆိုရင် ဖုန်းအရှေ့ဘက်တစ်ခုလုံးနီးပါး နေရာရယူထားတဲ့ Display လည်းပါဝင်တဲ့အတွက် အခု FullViewTM Display ပေါ်မှာ ကိုယ်ရိုက်ကူးထားတဲ့ 4K Videos တွေ၊ အမှတ်တရတွေကို ပြန်ကြည့်ရတာက လုံးဝမတူကွဲပြားတဲ့ ခံစားမှုတစ်ခုကိုပေးစွမ်းနိုင်မှာ အသေအချာပါပဲ။