Vivo က ထုတ်လုပ်ထားတဲ့ Vivo V9 စမတ်ဖုန်းက အခုဆိုရင် မြန်မာနိုင်ငံဈေးကွက်ထဲမှာ အောင်မြင်နေတဲ့ စမတ်ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။ ယခင်က ထွက်ရှိထားတဲ့ Vivo V7+ စမတ်ဖုန်းထက် ပိုပြီးလှပတဲ့ ဒီဇိုင်းပိုင်းအပြင် လုံးဝ မင်သက်ဖို့ကောင်းတဲ့ FullViewTM Display တွေက မြင်လိုက်တာနဲ့ စွဲမက်ဖွယ်ဖြစ်နေပါတယ်။

ဒါ့အပြင် Vivo V9 စမတ်ဖုန်းမှာ အခုအလန်းစား Features တွေတင်မဟုတ်ပဲ အကောင်းစား Feature တစ်ခုလည်းပါဝင်နေပါတယ်။ အဲ့ဒါကတော့ Vivo V9 မှာ ပါဝင်လာတဲ့ AI Selfie Camera ပဲဖြစ်ပါတယ်။ ဒီ Article မှာတော့ အခု Vivo V9 မှာ ပါဝင်တဲ့ AI Selfie အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ Vivo ရဲ့ မနှစ်ကထွက်ရှိခဲ့တဲ့ V7+ စမတ်ဖုန်းမှာ 24MP Selfie Camera ကိုတပ်ဆင်ခဲ့ပြီးတော့ အခု V9 စမတ်ဖုန်းမှာ AI နည်းပညာတွေကိုပါ ထည့်သွင်းလာခဲ့တာပါ။

Vivo V9 ရဲ့ AI Selfie Camera ဟာ Selfie ရိုက်ကူးတဲ့အချိန်မှာ ကိုယ့်မျက်နှာရဲ့ Skin Tone ပေါ်မှုတည်ပြီးတော့ AI ကနေ လှပသွားအောင် အလိုအလျောက်ပြင်ဆင်ပေးတာဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အလှပဆုံး Selfie ဓါတ်ပုံတွေကို ရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။ အလင်းရောင်ဘယ်လိုမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အလန်းစား Selfie ပုံတွေကို ရိုက်ကူးနိုင်ဖို့ကတော့ စိတ်ကျေနပ်စရာပါပဲ။

ဒါ့အပြင် Vivo V9 စမတ်ဖုန်းမှာ Portrait Lighting Mode လည်း ပါဝင်ပါသေးတယ်။ ရိုက်လိုက်သမျှ Selfie ဓါတ်ပုံတွေကို Lighting ပြန်ပြောင်းပြီး ချိန်ညှိနိုင်တာဖြစ်တဲ့အတွက် တခြားစမတ်ဖုန်းတွေထက် မတရားကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဒါတွေကတော့ Vivo V9 စမတ်ဖုန်းမှာပါဝင်တဲ့ AI Selfie Camera ရဲ့ စွမ်းဆောင်ရည်ကို လေ့လာကြည့်ခြင်းပဲဖြစ်ပါတယ်။ V9 စမတ်ဖုန်းက အခု AI Selfie Camera အပြင် Back Camera ပိုင်းကလည်း 16MP + 5MP Camera ပါဝင်သလို စွမ်းဆောင်ရည်ကလည်း Snapdragon 626 Processor အသုံးပြုထားတာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ဖုန်းတစ်ခုလို့ ပြောရမှာပါ။