Vivo က စမတ်နာရီ ၁ လုံးကို ဖန်တီးနေပြီး Vivo Watch လို့ နာမည်ပေးထားမယ်လို့ သတင်းထွက်နေပါတယ်။ အရင်လက Vivo Watch ရဲ့ မော်ဒယ် ၂ လုံးကို 3C မှာ မှတ်ပုံတင်ထားပြီး မကြာခင် တရုတ်မှာ ကြေညာတော့မယ်လို့ သိရပါတယ်။ အခုတော့ Vivo Watch ကို Bluetooth SIG မှာ မှတ်ပုံတင်ထားတာ တွေ့လာရပါပြီ။ အဲဒီမှာ မှတ်ပုံတင်ပြီးနောက် ၁ လလောက်အကြာမှာ ကြေညာလေ့ရှိပါတယ်။ အဲဒီအတွက် နောက်လလောက်မှာ ကြေညာနိုင်ပါတယ်။

Bluetooth SIG မှာ Vivo Watch ရဲ့ မော်ဒယ်နံပါတ်ဟာ W2056 ဖြစ်ပြီး Bluetooth 5.0 ပါလာမယ်လို့ ဖော်ပြထားပါတယ်။ 3C မှာတော့ W2056 နဲ့ W2052 မော်ဒယ် ၂ မျိုးကို ဖော်ပြထားပြီး 5W Charging ပါမယ်လို့ သိရပါတယ်။ မော်ဒယ် ၂ မျိုးဟာ အရွယ်အစား ကွာခြားနိုင်ပါတယ်။

Vivo China က စမတ်နာရီနဲ့ AR Glass လို ထုတ်ကုန်မျိုးကို ထုတ်လုပ်ရောင်းချမယ်လို့ ၂၀၁၉ ဇွန်လက ပြောထားပါတယ်။ ဧပြီမှာတော့ တရုတ်က နာမည်ကျော် Tipster ၁ ယောက်က Vivo Watch အကြောင်း စတင် သတင်းပေးလာခဲ့ပါတယ်။ သူက Vivo ဟာ အဲဒီ စမတ်နာရီကို စတင် ထုတ်လုပ်နေပြီလို့ ပြောတဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ လက်ရှိမှာ Vivo Watch ရဲ့ ဒီဇိုင်းနဲ့ Specs တွေကို မသိရသေးပါဘူး။ မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာပါ။

Ref : gizmochina