Unicode

Vivo ကနေ အခုအချိန်မှာ သူ့ရဲ့ စမတ်ဖုန်းတွေမှာ Android ကို အခြေခံထားတဲ့ Custom UI အသစ်ဖြစ်တဲ့ JoviOS ကို မိတ်ဆက်ဖို့ စီစဥ်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ JoviOS အသစ်ကို မမိတ်ဆက်ခင်မှာ လက်ရှိ FunTouch OS 10 ကို Feature အသစ်တစ်ခု မိတ်ဆက်လာတော့မှာပါ။

အခုသတင်းကို Vivo FunTouch OS ရဲ့ Project Manager ဖြစ်တဲ့ Xiao Zhuge ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဒီ Feature အသစ်က မြေငလျှင်တွေကို သတိပေးနိုင်တဲ့ Feature တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ Vivo အနေနဲ့ အဆိုပါ Feature ကို ဆောင်ရွက်နေတာ Internal Testing အနေနဲ့ အချိန်ရက်သတ္တပတ်အများအပြားရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ဒီ Feature ကို မကြာခင်မှာ Official Feature တစ်ခုအနေနဲ့ မြင်တွေ့ရဖို့က နီးစပ်နေပြီလို့ ယူဆရပါတယ်။ ဒါပေမယ့် ဒီ Internal Testing ပြုလုပ်မှုတွေကို ဘယ်လိုမျိုး ပြုလုပ်တယ်ဆိုတာနဲ့ အခု Feature ရဲ့ လုပ်ဆောင်မှုက ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတော့ ပြောကြားခြင်းမရှိခဲ့ပါဘူး။

Vivo ဟာ အခု FunTouch OS 10 မှာ လာမယ့် ၂ နာရီတာ အချိန်အတွက် မိနစ်နဲ့တပြေးညီ ရာသီဥတုအခြေအနေကို ခန့်မှန်းနိုင်မှာဖြစ်ပြီး မတူညီတဲ့နေရာ ၂ ခုက အချိန်နဲ့ ရာသီဥတုအခြေအနေကို ဖော်ပြနိုင်မယ့် “Distant Love” Feature ကိုလည်း ထည့်သွင်းလာမယ့်လို့ သိရပါတယ်။

Ref – Gizmo China

Zawgyi





Ref – Gizmo China