iQOO Neo 8 Series ကို ဒီလထဲ ကြေညာမယ်လို့ အရင်က သတင်းထွက်ခဲ့ပြီး အခုတော့ ကုမ္ပဏီက မိတ်ဆက်ပွဲနေ့ကို တရားဝင် အတည်ပြုလိုက်ပါပြီ။ vivo က မေလ ၂၃ ရက်နေ့မှာ အဲဒီ စမတ်ဖုန်း အသစ်တွေကို မိတ်ဆက်မှာ ဖြစ်ပြီး Neo ဖုန်း သမိုင်းမှာ ပထမဆုံး အနေနဲ့ Pro Version ပါလာမှာ ဖြစ်ပါတယ်။

vivo will introduce iQOO Neo 8 series on May 23

ကုမ္ပဏီရဲ့ တရားဝင် Teaser တွေအရ Dimensity 9200+ Chipset နဲ့ vivo V1+ ISP ပါလာမှာပါ။ ဒါပေမယ့် အဲဒီ Specs တွေဟာ iQOO Neo 8 Pro မှာ ပါလာမလား၊ ရိုးရိုး မော်ဒယ်မှာ ပါလာမလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

iQoo Neo 8 Series Launch Date Announced; Design and Key Specifications Revealed | Technology News

အဲဒီ Neo ဖုန်းတွေမှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ကင်မရာ Island ရဲ့ ဒီဇိုင်းက ပိုမို လှပလာမှာ ဖြစ်ပါတယ်။ အရင်မျိုးဆက် Neo 7 Series ဖုန်းတွေမှာတော့ ကင်မရာ ဒီဇိုင်းက မလှပပါဘူး။ ပင်မ ကင်မရာမှာ OIS ထောက်ပံ့ထားမှာ ဖြစ်ပြီး အနောက်ဘက် Panel ကို အနီရောင် သားရေနဲ့ ဖုံးအုပ်ထားတာ တွေ့ရပါတယ်။ လက်နဲ့ ကိုင်တွယ်ရတာ တော်တော်ကောင်းမယ့်ပုံပါပဲ။

တရားဝင် ဝက်ဘ်ဆိုက်မှာ 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားမယ်လို့ ဖော်ပြထားပြီး Gaming Pad နဲ့ Air Cooling Attachment တို့လို Neo Gadgets တွေနဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲဟာ ၂ ပတ်လောက်လိုသေးတဲ့အတွက် ဒီကြားထဲမှာ iQOO က Specs နဲ့ လုပ်ဆောင်ချက်တွေကို ပိုမို မျှဝေလာနိုင်ပါတယ်။

Ref : gsmarena