vivo ဟာ Foldable စမတ်ဖုန်း မော်ဒယ် အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဖုန်းက vivo X Flip ဖြစ်ပြီး အခုတော့ Qualcomm ရဲ့ စွမ်းရည်မြင့် Chipset ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Vivo

Tipster Digital Chat Station က အဲဒီသတင်းကို တရုတ် လူမှုကွန်ရက် ဝီဘိုမှာ တင်ထားတာ ဖြစ်ပြီး vivo ဟာ Flip မော်ဒယ်ကို ဖန်တီးနေတယ်လို့ ရေးသားထားပါတယ်။ vivo ဟာ X Fold အမည်ရ Foldable ဖုန်း ၁ လုံးကိုလည်း ကြေညာထားပြီးပြီဖြစ်ပြီး အဲဒီ ဖုန်းဟာ Samsung Galaxy Z Fold 4 နဲ့ ဆင်တူပါတယ်။

Vivo

အတွင်းဘက်ကို ခေါက်ချိုးရတဲ့ ပင်မ မျက်နှာပြင် ပါလာပြီး အပြင်ဘက်မှာ အပို မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Samsung ဟာ Galaxy Z Flip 4 အမည်ရ Clamshell Folding ဖုန်း ၁ လုံးကိုလည်း ကြေညာထားပြီး ဒေါင်လိုက် ခေါက်ချိုးရပါတယ်။ အဲဒီ မော်ဒယ်မှာလည်း အပြင်ဘက်မှာ အပို မျက်နှာပြင်  ထည့်သွင်းထားပေမယ့် အရွယ်သေးငယ်တဲ့အတွက် အချိန်နဲ့ Notification တွေကိုပဲ ပြသပေးပါတယ်။

vivo X Flip မှာလည်း အလားတူ ဒီဇိုင်း ပါလာနိုင်ပြီး Digital Chat Station က vivo X Flip မှာ Qualcomm Snapdragon 8+ Gen 1 SoC ပါလာမယ်လို့ ပြောပါတယ်။ အဲဒီ SoC ဟာ Qualcomm ရဲ့ ၂၀၂၂ ခုနှစ်ထုတ် စွမ်းရည်မြင့် မော်ဒယ် ဖြစ်ပြီး လက်ရှိမှာ vivo X Flip အကြောင်း ဒီလောက်ပဲ သိရပါသေးတယ်။

Ref : gizmochina