vivo ဟာ ဒီနှစ်အစောပိုင်းမှာ ထိပ်တန်းအဆင့် သတ်မှတ်ချက်အချို့နဲ့အတူ vivo X Fold ကို မိတ်ဆက်ခဲ့ပါတယ်။ x Fold ဟာ Specs ပိုင်းမှာ အားနည်းချက် သိပ်မရှိဘူးလို့ ပြောနိုင်သလို Hardware ဒီဇိုင်းမှာလည်း ပြောစရာတော့ သိပ်မရှိခဲ့ပါဘူး။ အပြာရောင်၊ အနီရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင်နှစ်မျိုးကို ၂၀၂၂ ဧပြီလမှာ စတင်ပြီး ရောင်းချခဲ့ပါတယ်။

viov X Fold မှာ 128GB RAM နဲ့အတူ Snapdragon 8 Gen 1 SoC အသုံးပြုထားပြီး 50MP အဓိကင်မရာအပါအဝင် ကင်မရာလေးလုံးတပ်ဆင်ပေးထားပါတယ်။ 8MP 5x optical zoom, 12MP 2x optical zoom နဲ့ 48MP Ultra-wide Lens တို့ ပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ 16MP selfie ကင်မရာ၊ Cover screen မှာ နောက်ထပ် 16MP ကင်မရာ ကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။

အရှေ့ဘက်မျက်နှာပြင်က 6.53-inch ဖြစ်ပြီး အတွင်းမျက်နှာပြင်က 8.03-inch ဖြစ်ပါတယ်။ မျက်နှာပြင်နှစ်ခုစလုံးဟာ 120Hz refresh rate ပါတဲ့ AMOLED မျက်နှာပြင်တွေဖြစ်ပြီး 4,600mAh ဘက်ထရီ၊ 66W ကြိုးတပ်အမြန်အားသွင်းစနစ်၊ 50W ကြိုးမဲ့အားသွင်းစနစ် တွေ ထောက်ပံ့ပေးထားပါတယ်။ vivo X Fold ကို မိတ်ဆက်ပြီး ၅ လအကြာမှာ vivo X Fold+ ကို ထပ်ပြီးမိတ်ဆက်ခဲ့ပါသေးတယ်။ ဒါဟာ Samsung Galaxy Z Fold 4 နဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။

ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်မှာတော့ အားလုံးမျှော်လင့်နေတဲ့ vivo X Fold 2 ကို မိတ်ဆက်ဖို့ စီစဉ်ထားကြောင်း ပေါက်ကြားလာတဲ့ Specs အချို့က အတည်ပြုပေးနေပါတယ်။ vivo X Fold 2 ဟာ နောက်ဆုံးပေါ် စွမ်းအင်သုံးစွဲမှုနည်းပါးတဲ့ Snapdragon 8 Gen 2 chipset အသုံးပြုထားမယ်လို့ သတင်းထွက်နေတာပါ။ ကင်မရာပိုင်းအတွက်လည်း Sony IMX866 camera lens လည်းပါဝင်လာမယ်လို့ သိရပါတယ်။ vivo X Fold 2 ဟာ 2K မျက်နှာပြင်နဲ့ ဖြစ်ပြီး ရှေ့က X Fold တွေထက်လည်း အလေးချိန် ပိုပြီးပေါ့ပါးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် vivo ဟာ vivo X Flip နာမည်နဲ့ Flip device ကိုလည်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်ကတော့ Galaxy Z Flip 4 နဲ့ OPPO Find N2 Flip တို့ကို တိုက်ရိုက် ယှဉ်ပြိုင်နိုင်ဖို့ ဖြစ်နိုင်ပါတယ်။ X Flip မှာ Snapdragon 8+ Gen 1 SoC ပါဝင်မှာ ဖြစ်ပါတယ်။ vivo X Fold 2 နဲ့ vivo X Flip တွေကို ၂၀၂၃ ခုနှစ် ဧပြီလဝန်းကျင်မှာ မိတ်ဆက်သွားဖွယ် ရှိပါတယ်။

Ref: Gizchina