ပြီးခဲ့တဲ့ CES 2018 ပွဲမှာ Vivo ကနေ Display အောက်မှာ Fingerprint တပ်ဆင်ထားတဲ့ နည်းပညာကို ထုတ်ပြခဲ့ပြီး အခုအချိန်မှာတော့ အဆိုပါ Under-Display Fingerprint နည်းပညာကို အသုံးပြုထားတဲ့ Vivo X20 Plus UD စမတ်ဖုန်းကို ရောင်းချသွားတော့မှာဖြစ်ပါတယ်။

အခု Vivo X20 Plus UD စမတ်ဖုန်းဟာ 6.42″ Full HD+ Resolution ရှိတဲ့ Display ကိုအသုံးပြုထားပြီး RAM 4GB နဲ့ ROM 128GB ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့လည်း Dual Camera စနစ်ကို အသုံးပြုထားပြီးတော့ Back Camera 12MP နဲ့ 5MP နဲ့ Front Selfie Camera ကိုတော့ 12 MP ပဲ တပ်ဆင်ထားတယ်လို့သိရပါတယ်။

အခုလိုမျိုးကြီးမားတဲ့ 6.42″ Display ကို တပ်ဆင်ထားတဲ့အတွက် Battery ကလည်း ကြီးမားတဲ့ 3905mAh Battery ထည့်သွင်းပေးထားပြီး USB Type C နဲ့ Bluetooth 5.0 လိုမျိုး အဆင့်မြင့်စနစ်တွေပါဝင်မှာဖြစ်ပါတယ်။

အခု Vivo X20 Plus UD စမတ်ဖုန်းကို လာမယ့် ဖေဖော်ဝါရီလမှာ ဒေါ်လာ ၄၅၀ ဝန်းကျင်နဲ့ရောင်းချသွားမှာဖြစ်ပြီးတော့ အခုအချိန်မှာ ဒီလိုမျိုး Under-Display Fingerprint ပါဝင်တဲ့ အခြားစမတ်ဖုန်းတွေမရှိသေးတဲ့အတွက် ဈေးများတယ်လို့ ပြောဖို့ကတော့ ခက်ခဲဦးမှာပါ။