Vivo ကနေ ပြီးခဲ့တဲ့ CES 2018 Event တုန်းက ကမ္ဘာ့ပထမဆုံးအနေနဲ့ Screen Display အောက်မှာ Fingerprint ထည့်သွင်းထားတဲ့စမတ်ဖုန်းကို ပြသခဲ့ပေမယ့် အဆိုပါ စမတ်ဖုန်းက ဘယ်လို စမတ်ဖုန်းလဲဆိုတာကိုတော့ ပြောကြားသွားခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် အခုအချိန်မှာတာ့ Vivo ကနေ Under Display Fingerprint ပါဝင်တဲ့ Vivo X20 Plus UD Version ကို အခုထုတ်ဖော်ပြသသွားမယ်လို့ ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အခုပြသသွားမယ့် Vivo X20 Plus UD ဖုန်းဟာ CES Event မှာလို ဖုန်းနမူနာတစ်ခုပေါ်မှာ အခြေခံပြီး Under Display Fingerprint ကို ထည့်သွင်းလာမှာမဟုတ်ပဲ အမှန်တကယ်ရောင်းချမယ့်ဖုန်းမှာအသုံးပြုလာမှာဖြစ်ပါတယ်။

အဆိုပါ Vivo X20 Plus UD စမတ်ဖုန်းဟာ 6.43″ AMOLED Display နဲ့ Snapdragon 660 CPU ၊ RAM 6GB ၊ ROM 64GB နဲ့ 12 MP Dual Back Camera အပြင် Front Camera ကလည်း 5MP ပါဝင်မယ်လို့ သိရပါတယ်။ ယခင်က Vivo X20 Plus ဖုန်းမှာ Fingerprint ကို အနောက်မှာထည့်သွင်းခဲ့ပေမယ့် အခု X20 PLus UD Version မှာတော့ Display အောက်ကိုရောက်သွားပါပြီ။

Vivo X20 Plus စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့တော့ မြင့်မားမှာဖြစ်ပြီး ယခင် X20 Plus ထက် ဒေါ်လာ ၇၀ လောက်ပိုပြီး များပြားတဲ့ ဒေါ်လာ ၆၀၀ ဝန်းကျင်နဲ့ ရောင်းချမယ်လို့ သိရပါတယ်။