Zawgyi

ၿပီးခဲ့တဲ့လမွာ Vivo ကုမၸဏီဟာ Samsung နဲ႔ပူးေပါင္းၿပီး Exynos 980 ခ်စ္ပ္ဆက္ အသုံးျပဳလာမယ့္ 5G စမတ္ဖုန္း တစ္လုံးကို ထုတ္လုပ္ဖို႔ ေၾကညာခဲ့ပါတယ္။ ယေန႔မွာေတာ့ သတင္းစထြက္လာခဲ့ၿပီး အဆုိပါဖုန္းကို Vivo X30 လို႔ ေခၚဆုိမွာ ျဖစ္ကာ အခုႏွစ္ ဒီဇင္ဘာလမွာ စတင္ျမင္ေတြ႕ရမယ္လုိ႔ ဆုိပါတယ္။

Vivo X27 ရဲ႕မ်ဳိးဆက္သစ္အျဖစ္ ထြက္ရွိလာမယ့္ X30 ဟာ Vivo ကုမၸဏီက မွတ္ပုံတင္ထားၿပီးျဖစ္ကာ သူ႕ရဲ႕ဒီဇုိင္းထဲမွာ Notchless Display တစ္ခု ပါဝင္တာေၾကာင့္ ေရွ႕ကင္မရာကို Pop-up စတုိင္လ္ ထည့္လာမယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Vivo X27 Pro နဲ႔ အေတာ္ေလးဆင္တူမယ္လို႔ ခန္႔မွန္းရၿပီး ေနာက္ဘက္မွာ Triple-camera ကို အသုံးျပဳလာမွာပါ။

ထြက္ေပၚလာတဲ့ ဓါတ္ပုံအခ်ဳိ႕ထဲမွာေတာ့ X30 ကို Vivo က မိတ္ဆက္လာမယ့္ ခန္းမအျပင္အဆင္လို႔ ယူဆရတဲ့ အခန္းတစ္ခုကို ေတြ႕ရပါတယ္။ တကယ္လို႔ ဒီဖုန္းဟာ Exynos 980 နဲ႔ပြဲထြက္လာမယ္ဆုိရင္ 5G Modem တစ္ပါတည္း ပါဝင္လာမွာျဖစ္ၿပီး 4G ဗားရွင္းမရွိပါဘူး။

လက္ရွိအခ်ိန္မွာေတာ့ Specs အမ်ားစုကို မသိရေသးပါဘူး။ ဒီဇင္ဘာကိုေရာက္ဖို႔လည္း ၾကားထဲမွာ တစ္လေလာက္ လိုေသးတာေၾကာင့္ Vivo X30 5G နဲ႔ပတ္သက္တဲ့ သတင္းေတြကို ဆက္လက္နားစြင့္ထားရဦးမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့လမှာ Vivo ကုမ္ပဏီဟာ Samsung နဲ့ပူးပေါင်းပြီး Exynos 980 ချစ်ပ်ဆက် အသုံးပြုလာမယ့် 5G စမတ်ဖုန်း တစ်လုံးကို ထုတ်လုပ်ဖို့ ကြေညာခဲ့ပါတယ်။ ယနေ့မှာတော့ သတင်းစထွက်လာခဲ့ပြီး အဆိုပါဖုန်းကို Vivo X30 လို့ ခေါ်ဆိုမှာ ဖြစ်ကာ အခုနှစ် ဒီဇင်ဘာလမှာ စတင်မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

Vivo X27 ရဲ့မျိုးဆက်သစ်အဖြစ် ထွက်ရှိလာမယ့် X30 ဟာ Vivo ကုမ္ပဏီက မှတ်ပုံတင်ထားပြီးဖြစ်ကာ သူ့ရဲ့ဒီဇိုင်းထဲမှာ Notchless Display တစ်ခု ပါဝင်တာကြောင့် ရှေ့ကင်မရာကို Pop-up စတိုင်လ် ထည့်လာမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Vivo X27 Pro နဲ့ အတော်လေးဆင်တူမယ်လို့ ခန့်မှန်းရပြီး နောက်ဘက်မှာ Triple-camera ကို အသုံးပြုလာမှာပါ။

ထွက်ပေါ်လာတဲ့ ဓါတ်ပုံအချို့ထဲမှာတေော့ X30 ကို Vivo က မိတ်ဆက်လာမယ့် ခန်းမအပြင်အဆင်လို့ ယူဆရတဲ့ အခန်းတစ်ခုကို တွေ့ရပါတယ်။ တကယ်လို့ ဒီဖုန်းဟာ Exynos 980 နဲ့ပွဲထွက်လာမယ်ဆိုရင် 5G Modem တစ်ပါတည်း ပါဝင်လာမှာဖြစ်ပြီး 4G ဗားရှင်းမရှိပါဘူး။

လက်ရှိအချိန်မှာတော့ Specs အများစုကို မသိရသေးပါဘူး။ ဒီဇင်ဘာကိုရောက်ဖို့လည်း ကြားထဲမှာ တစ်လလောက် လိုသေးတာကြောင့် Vivo X30 5G နဲ့ပတ်သက်တဲ့ သတင်းတွေကို ဆက်လက်နားစွင့်ထားရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena