[Unicode]

Vivo X30 ကို လာမယ့် ၁၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ကုမ္ပဏီက မျှဝေထားတဲ့ Teasers တွေမှာ ဖုန်း ဒီဇိုင်းနဲ့ အရောင်တွေကို မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ အဲဒီ ဖုန်းရဲ့ Live Images တွေ ထွက်ပေါ်လာပြီး Pale Coral အရောင်ကို ပြသထားပါတယ်။ Punch Hole မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၄ လုံးကိုလည်း တွေ့ရပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါမယ်ဆိုတာ ပိုသေချာသွားပါပြီ။

Vivo က X30 မှာ Exynos 980 SoC , Dual-mode 5G Support , 3.5mm Headphone Jack နဲ့ 64MP ပင်မ ကင်မရာတွေ ပါမယ်ဆိုတာ အရင်က အတည်ပြုထားပါတယ်။ အဲဒီ ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကိုလည်း မကြာခင်က မျှဝေထားပြီး 60x Zoom စွမ်းရည်က အလန်းစား ဖြစ်ပါတယ်။ လူ့မျက်လုံးနဲ့တောင် မမြင်နိုင်တဲ့ အဝေးက အရာဝတ္တုတွေကို ဖမ်းယူပေးနိုင်မှာပါ။

အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ တရုတ်မှ 3C Authority ကနေ ထွက်ပေါ်ခဲ့ပြီး 33W Rapid Charger ပါမယ်လို့ ပြောထားပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ Vivo X30 မှာ ၆.၅၉ လက်မ AMOLED Full HD+ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 4,500mAh Battery , 8GB RAM နဲ့ 128GB/ 256GB Storage တွေ ပါလာမှာပါ။ အနောက်ဘက်မှာ 64-Megapixel + 8-Megapixel + 13-Megapixel + 2-Megapixel Quad ကင်မရာတွေ တပ်ဆင်ထားမှာပါ။ 32MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားနိုင်ပါတယ်။

Vivo X30 မှာ 90Hz Refresh Rate ပါမယ်လို့ သတင်းထွက်နေပါတယ်။ တရားဝင် ကြေညာဖို့ နီးလာတာနဲ့အမျှ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုပြီး သိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena

[Zawgyi]

Vivo X30 ရဲ႕ Live Images ေတြ ထြက္ေပၚလာ

Vivo X30 ကို လာမယ့္ ၁၆ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ၿပီး ကုမၸဏီက မွ်ေ၀ထားတဲ့ Teasers ေတြမွာ ဖုန္း ဒီဇိုင္းနဲ႔ အေရာင္ေတြကို ျမင္ခဲ့ၾကရၿပီးပါၿပီ။ အခုေတာ့ အဲဒီ ဖုန္းရဲ႕ Live Images ေတြ ထြက္ေပၚလာၿပီး Pale Coral အေရာင္ကို ျပသထားပါတယ္။ Punch Hole မ်က္ႏွာျပင္နဲ႔ အေနာက္ကင္မရာ ၄ လံုးကိုလည္း ေတြ႕ရပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ပါမယ္ဆိုတာ ပိုေသခ်ာသြားပါၿပီ။

Vivo က X30 မွာ Exynos 980 SoC , Dual-mode 5G Support , 3.5mm Headphone Jack နဲ႔ 64MP ပင္မ ကင္မရာေတြ ပါမယ္ဆိုတာ အရင္က အတည္ျပဳထားပါတယ္။ အဲဒီ ဖုန္းနဲ႔ ရိုက္ကူးထားတဲ့ ဓါတ္ပံုေတြကိုလည္း မၾကာခင္က မွ်ေ၀ထားၿပီး 60x Zoom စြမ္းရည္က အလန္းစား ျဖစ္ပါတယ္။ လူ႔မ်က္လံုးနဲ႔ေတာင္ မျမင္ႏုိင္တဲ့ အေ၀းက အရာ၀တၱဳေတြကို ဖမ္းယူေပးႏိုင္မွာပါ။

အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြ တရုတ္မွ 3C Authority ကေန ထြက္ေပၚခဲ့ၿပီး 33W Rapid Charger ပါမယ္လို႔ ေျပာထားပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ Vivo X30 မွာ ၆.၅၉ လက္မ AMOLED Full HD+ မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ 4,500mAh Battery , 8GB RAM နဲ႔ 128GB/ 256GB Storage ေတြ ပါလာမွာပါ။ အေနာက္ဘက္မွာ 64-Megapixel + 8-Megapixel + 13-Megapixel + 2-Megapixel Quad ကင္မရာေတြ တပ္ဆင္ထားမွာပါ။ 32MP ဆဲလ္ဖီး ကင္မရာ ထည့္သြင္းထားႏိုင္ပါတယ္။

Vivo X30 မွာ 90Hz Refresh Rate ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ တရား၀င္ ေၾကညာဖို႔ နီးလာတာနဲ႔အမွ် အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ပိုၿပီး သိလာရမွာ ျဖစ္ပါတယ္။

Ref : gsmarena