Zawgyi

Vivo ကုမၸဏီဟာ သူတုိ႔ရဲ႕ထုတ္ကုန္သစ္ X30 လိုင္းအပ္ကို ဒီဇင္ဘာမွာ မိတ္ဆက္သြားမွာျဖစ္ၿပီး အခုရက္ပုိင္းမွာ Teaser ေတြ တစ္ခုၿပီးတစ္ခု ထုတ္ျပေနပါတယ္။ ဖုန္းရဲ႕ေနာက္ဘက္က Periscope ကင္မရာအပါဝင္ ဓါတ္ပုံေတြကိုလည္း ျမင္ခဲ့ရၿပီးျဖစ္ေပမယ့္ ဒီဖုန္းအတြက္ ပထမဆုံး Lifestyle ဓါတ္ပုံေတြကို ယေန႔မွာတင္လာခဲ့ပါတယ္။

Vivo X30 ဖုန္းကို ဓါတ္ပုံေတြထဲမွာ Red နဲ႔ Pearl White/Aurora အေရာင္ေျပးကာလာတုိ႔ျဖင့္ ျမင္ေတြ႕ရၿပီး ကိုယ္ဟန္ျပသူက တရုတ္ႏုိင္ငံရဲ႕ စူပါေမာ္ဒယ္တစ္ဦးျဖစ္တဲ့ Liu Wen ျဖစ္ပါတယ္။ Vivo ကေတာ့ X30 ဟာ ပရုိဓါတ္ပုံဆရာေတြအတြက္ေရာ၊ သင့္ဝတ္စုံနဲ႔လိုက္ဖက္တဲ့ ဖက္ရွင္ပစၥည္းတစ္ခုအေနနဲ႔ပါ အသုံးဝင္ေစမယ္လို႔ ဆုိထားပါတယ္။

Vivo X30 စမတ္ဖုန္းဟာ 5G ဗားရွင္းလည္း ထြက္လာမွာျဖစ္လုိ႔ တရုတ္ျပည္တြင္းမွာ မ်ဳိးဆက္သစ္နက္ဝပ္ကို ေထာက္ပံ့ေပးမယ့္ ပထမဆုံး X စီးရီး ဟန္းဆက္လည္းျဖစ္လာမွာပါ။ လက္ရွိမွာ 5G ရႏုိင္တဲ့ Vivo ဖုန္းတစ္လုံးပဲ ရွိေသးၿပီး လြန္ခဲ့တဲ့လက မိတ္ဆက္ခဲ့တဲ့ NEX 3 5G ျဖစ္ပါတယ္။

X30 ဖုန္းမွာ Exynos 980 ခ်စ္ပ္ဆက္ကို အသုံးျပဳလာၿပီး Android 10 ကို အေျခခံထားတဲ့ JoviOS (FunTouch OS ကို ျပန္လည္ေျပာင္းလဲထားတဲ့ဗားရွင္း) ပါဝင္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီဟာ သူတို့ရဲ့ထုတ်ကုန်သစ် X30 လိုင်းအပ်ကို ဒီဇင်ဘာမှာ မိတ်ဆက်သွားမှာဖြစ်ပြီး အခုရက်ပိုင်းမှာ Teaser တွေ တစ်ခုပြီးတစ်ခု ထုတ်ပြနေပါတယ်။ ဖုန်းရဲ့နောက်ဘက်က Periscope ကင်မရာအပါဝင် ဓါတ်ပုံတွေကိုလည်း မြင်ခဲ့ရပြီးဖြစ်ပေမယ့် ဒီဖုန်းအတွက် ပထမဆုံး Lifestyle ဓါတ်ပုံတွေကို ယနေ့မှာတင်လာခဲ့ပါတယ်။

Vivo X30 ဖုန်းကို ဓါတ်ပုံတွေထဲမှာ Red နဲ့ Pearl White/Aurora အရောင်ပြေးကာလာတို့ဖြင့် မြင်တွေ့ရပြီး ကိုယ်ဟန်ပြသူက တရုတ်နိုင်ငံရဲ့ စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Liu Wen ဖြစ်ပါတယ်။ Vivo ကတော့ X30 ဟာ ပရိုဓါတ်ပုံဆရာတွေအတွက်ရော၊ သင့်ဝတ်စုံနဲ့လိုက်ဖက်တဲ့ ဖက်ရှင်ပစ္စည်းတစ်ခုအနေနဲ့ပါ အသုံးဝင်စေမယ်လို့ ဆိုထားပါတယ်။

Vivo X30 စမတ်ဖုန်းဟာ 5G ဗားရှင်းလည်း ထွက်လာမှာဖြစ်လို့ တရုတ်ပြည်တွင်းမှာ မျိုးဆက်သစ်နက်ဝပ်ကို ထောက်ပံ့ပေးမယ့် ပထမဆုံး X စီးရီး ဟန်းဆက်လည်းဖြစ်လာမှာပါ။ လက်ရှိမှာ 5G ရနိုင်တဲ့ Vivo ဖုန်းတစ်လုံးပဲ ရှိသေးပြီး လွန်ခဲ့တဲ့လက မိတ်ဆက်ခဲ့တဲ့ NEX 3 5G ဖြစ်ပါတယ်။

X30 ဖုန်းမှာ Exynos 980 ချစ်ပ်ဆက်ကို အသုံးပြုလာပြီး Android 10 ကို အခြေခံထားတဲ့ JoviOS (FunTouch OS ကို ပြန်လည်ပြောင်းလဲထားတဲ့ဗားရှင်း) ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena