[Unicode]

Vivo က 5G ဖုန်းတွေ ဖြစ်တဲ့ X30 နဲ့ X30 Pro တို့ကို ကြေညာလိုက်ပြီး Exynos 980 Processor ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးရဲ့ ဒီဇိုင်း အများစုက တူညီကြပြီး Punch-hole မျက်နှာပြင် ပါလာကြပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အရောင်တွေကလည်း တူကြပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ ၆.၄၄ လက်မ Super AMOLED မျက်နှာပြင်ပါပြီး 2400x1080p Resolution ဖြစ်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါတဲ့အပြင် Face Unlock ကိုလည်း သုံးနိုင်ပါတယ်။ 5G Modem ပါတဲ့ Samsung ရဲ့ ပထမဆုံး Exynos 980 Processor ထည့်သွင်းထားတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ 5G Modem ကို Samsung နဲ့ Vivo တို့ ပူးပေါင်းဖန်တီးထားတာပါ။ 8GB RAM ပါလာပြီး 128GB or 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။

33W Flash Charge ပါတဲ့ 4,350mAh ဘက်ထရီ ပါတဲ့အတွက် အားသွင်းနှုန်းက လန်ထွက်နေမှာပါ။ ဂိမ်းအကြာကြီး ကစားရင်တောင် အပူချိန် မတက်စေမယ့် Liquid-cooling ပါပါတယ်။ နောက်ဆုံးထုတ် FunTouchOS 10 ထည့်ထားပေမယ့် Android 10 မဟုတ်ဘဲ Android 9 Pie အခြေပြုထားတာက သိပ်မမိုက်ပါဘူး။

X30 မှာ အနောက်ကင်မရာ ၃ လုံးပါပြီး 64MP Main , 8MP Ultrawide Angle နဲ့ 50mm Focal Length ပါတဲ့ အကြမ်းစား 32MP Professional Portrait ကင်မရာတွေ ဖြစ်ပါတယ်။ ညဘက်တွေမှာ အလန်းစား ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်တဲ့ Super Night Scene Mode 2.0 ပါပါတယ်။ အလင်းရောင် ဘယ်ဘက်ကနေ ထိုးနေသည်ဖြစ်စေ ဓါတ်ပုံကောင်းတွေ ဖမ်းယူပေးနိုင်တဲ့ Backlight-HDR ထည့်ထားပါတယ်။ ဆော့ဖ်ဝဲ အကူအညီနဲ့ 20x Zoom အထိ ပံ့ပိုးပေးထားပြီး Vivo က Main နဲ့ Portrait ကင်မရာတွေ ပူးပေါင်းပြီး လရဲ့ ပုံရိပ်တွေကို အသေးစိတ် ဖမ်းယူပေးနိုင်တယ်လို့ ပြောပါတယ်။

X30 Pro မှာ 64MP Main , 8MP Ultrawide Angle နဲ့ 32MP Professional Portrait ကင်မရာတွေ အပြင် 5x Optical Zoom ပါတဲ့ 13MP Periscope ကင်မရာ အပို ၁ လုံး ထည့်သွင်းထားပါတယ်။ Periscope Lens က 60x Zoom အထိတောင် ထောက်ပံ့တာက လန်ထွက်နေပါတယ်။ X30 ရဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ အားလုံး ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 32MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။

128GB နဲ့ 256GB မော်ဒယ်တွေအတွက် X30 ကို ၃,၂၉၈ ယွမ်နဲ့ ၃,၅၉၈ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇၁၀,၀၀၀ နဲ့ ၇၇၀,၀၀၀ လောက်အသီးသီး ကျသင့်မှာပါ။ X30 Pro ကို ၃,၉၉၈ နဲ့ ၄,၂၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈၆၀,၀၀၀ နဲ့ ၉၂၀,၀၀၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။ Pro ကို ဒီလ ၂၄ ရက်နဲ့ ရိုးရိုးမော်ဒယ်ကို ၂၈ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gizmochina

[Zawgyi]

5G , Exynos 980 နဲ႔ အလန္းစား Zoom ကင္မရာေတြပါတဲ့ Vivo X30 Series ကို ေၾကညာၿပီ

Vivo က 5G ဖုန္းေတြ ျဖစ္တဲ့ X30 နဲ႔ X30 Pro တို႔ကို ေၾကညာလိုက္ၿပီး Exynos 980 Processor ပါတဲ့ ပထမဆံုး ဖုန္းေတြ ျဖစ္ပါတယ္။ ဖုန္း ၂ လံုးရဲ႕ ဒီဇိုင္း အမ်ားစုက တူညီၾကၿပီး Punch-hole မ်က္ႏွာျပင္ ပါလာၾကပါတယ္။ အေရွ႕နဲ႔ အေနာက္ဘက္ကို ဖန္နဲ႔ ဖံုးအုပ္ထားၿပီး အေရာင္ေတြကလည္း တူၾကပါတယ္။

ဖုန္း ၂ လံုးစလံုးမွာ ၆.၄၄ လက္မ Super AMOLED မ်က္ႏွာျပင္ပါၿပီး 2400x1080p Resolution ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ပါတဲ့အျပင္ Face Unlock ကိုလည္း သံုးႏိုင္ပါတယ္။ 5G Modem ပါတဲ့ Samsung ရဲ႕ ပထမဆံုး Exynos 980 Processor ထည့္သြင္းထားတဲ့ ဖုန္းေတြ ျဖစ္ပါတယ္။ 5G Modem ကို Samsung နဲ႔ Vivo တို႔ ပူးေပါင္းဖန္တီးထားတာပါ။ 8GB RAM ပါလာၿပီး 128GB or 256GB Storage ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။

33W Flash Charge ပါတဲ့ 4,350mAh ဘက္ထရီ ပါတဲ့အတြက္ အားသြင္းႏႈန္းက လန္ထြက္ေနမွာပါ။ ဂိမ္းအၾကာႀကီး ကစားရင္ေတာင္ အပူခ်ိန္ မတက္ေစမယ့္ Liquid-cooling ပါပါတယ္။ ေနာက္ဆံုးထုတ္ FunTouchOS 10 ထည့္ထားေပမယ့္ Android 10 မဟုတ္ဘဲ Android 9 Pie အေျချပဳထားတာက သိပ္မမိုက္ပါဘူး။

X30 မွာ အေနာက္ကင္မရာ ၃ လံုးပါၿပီး 64MP Main , 8MP Ultrawide Angle နဲ႔ 50mm Focal Length ပါတဲ့ အၾကမ္းစား 32MP Professional Portrait ကင္မရာေတြ ျဖစ္ပါတယ္။ ညဘက္ေတြမွာ အလန္းစား ဓါတ္ပံုေတြ ရိုက္ကူးေပးႏုိင္တဲ့ Super Night Scene Mode 2.0 ပါပါတယ္။ အလင္းေရာင္ ဘယ္ဘက္ကေန ထိုးေနသည္ျဖစ္ေစ ဓါတ္ပံုေကာင္းေတြ ဖမ္းယူေပးႏုိင္တဲ့ Backlight-HDR ထည့္ထားပါတယ္။ ေဆာ့ဖ္၀ဲ အကူအညီနဲ႔ 20x Zoom အထိ ပံ့ပိုးေပးထားၿပီး Vivo က Main နဲ႔ Portrait ကင္မရာေတြ ပူးေပါင္းၿပီး လရဲ႕ ပံုရိပ္ေတြကို အေသးစိတ္ ဖမ္းယူေပးႏုိင္တယ္လို႔ ေျပာပါတယ္။

X30 Pro မွာ 64MP Main , 8MP Ultrawide Angle နဲ႔ 32MP Professional Portrait ကင္မရာေတြ အျပင္ 5x Optical Zoom ပါတဲ့ 13MP Periscope ကင္မရာ အပို ၁ လံုး ထည့္သြင္းထားပါတယ္။ Periscope Lens က 60x Zoom အထိေတာင္ ေထာက္ပံ့တာက လန္ထြက္ေနပါတယ္။ X30 ရဲ႕ ကင္မရာ လုပ္ေဆာင္ခ်က္ေတြ အားလံုး ပါပါတယ္။ ဖုန္း ၂ လံုးစလံုးမွာ 32MP ဆဲလ္ဖီး ကင္မရာ ထည့္ထားပါတယ္။

128GB နဲ႔ 256GB ေမာ္ဒယ္ေတြအတြက္ X30 ကို ၃,၂၉၈ ယြမ္နဲ႔ ၃,၅၉၈ ယြမ္ အသီးသီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၇၁၀,၀၀၀ နဲ႔ ၇၇၀,၀၀၀ ေလာက္အသီးသီး က်သင့္မွာပါ။ X30 Pro ကို ၃,၉၉၈ နဲ႔ ၄,၂၉၈ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၈၆၀,၀၀၀ နဲ႔ ၉၂၀,၀၀၀ ေလာက္ အသီးသီး တန္ေၾကးရွိပါတယ္။ Pro ကို ဒီလ ၂၄ ရက္နဲ႔ ရိုးရိုးေမာ္ဒယ္ကို ၂၈ ရက္ေန႔မွာ ေရာင္းမွာပါ။

Ref : gizmochina