[Unicode]

Vivo X30 ကို လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ လေးလုံးတပ်ဆင်ထားမယ့် X30 ရဲ့ ပကတိပုံရိပ်တွေလည်း ထွက်ပေါ်လာခဲ့ပြီးပါပြီ။ X30 ရဲ့ အကြောင်းအရာအတော်များများလည်း ပေါက်ကြားပြီးပါပြီ။

ဒီတစ်ခါထပ်ပြီးထွက်လာတဲ့သတင်းက Vivo X30 ရဲ့ ကင်မရာအကြောင်းပါ။ Vivo ရဲ့ Teaser အရ X30 ဟာ 64MP အဓိကကင်မရာနဲ့ဖြစ်ပါတယ်။ မကြာခင်က ထွက်ပေါ်ခဲ့တဲ့ ကြော်ငြာဗီဒီယိုတွေအရဆိုရင်လည်း Vivo ဟာ X30 မှာ 50 mm lens ပါဝင်လာမယ်လို့ သိရပါတယ်။

Portrait ရိုက်ချက်တွေအတွက်ကတော့ 32MP sensor ဖြစ်မယ်လို့ သိရပါတယ်။ Ultra-wide-angle ကင်မရာကတော့ 8MP ဖြစ်လာဖွယ်ရှိပြီး၊ Periscope ကင်မရာကတော့ 13MP ဆင်ဆာနဲ့ ဖြစ်ဖွယ်ရှိပါတယ်။ ကင်မရာပိုင်းနဲ့ပတ်သက်ပြီးတော့ 60x digital zoom ပါဝင်မယ်ဆိုတာလည်း သိခဲ့ရပြီး ဖြစ်ပါတယ်။ ဒါတွေကတော့ အခုအချိန်အထိ သိရှိရပြီးဖြစ်တဲ့ အချက်အလက်တွေပါ။

ဒီမတိုင်ခင်ထိ Vivo ဟာ X30 ရဲ့ ကျောဘက်ပုံစံတွေကိုပဲ ဖော်ပြခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ အရှေ့ဘက် မျက်နှာပြင်ကိုလည်း မြင်တွေ့ရပါပြီ။ Vivo X30 ရဲ့ အရှေ့ဘက်မျက်နှာပြင်ညာဘက်အပေါ်ထောင့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အရင်က ပေါက်ကြားမှုတွေမှာ မြင်တွေ့ရပေမယ့် အခုမြင်တွေ့ရတာကတော့ တရားဝင်ပုံရိပ်ဖြစ်ပါတယ်။

အခြားအစိတ်အပိုင်းတွေအဖြစ် Vivo VX30 ဟာ Exynos 980 chipset သုံးထားပြီး 5G modem လည်း ပါဝင်မယ်လို့ သိရပါတယ်။ OS ကတော့ JoviOS အဖြစ် နာမည်သစ်နဲ့ ဖြစ်လာဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း FuntouchOS အနေနဲ့ပဲ ဆက်ပြီးသုံးစွဲဦးမယ်လို့လည်း သတင်းထွက်ထားတာကြောင့် စောင့်ကြည့်ရပါဦးမယ်။

Ref: GSM Arena

[Zawgyi]

64MP အဓိကကင္မရာ နဲ႔ Portrait အတြက္ 32MP Sensor ပါဝင္လာမယ့္ Vivo X30

Vivo X30 ကို လာမယ့္ ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာ ျဖန႔္ခ်ိမွာ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာ ေလးလုံးတပ္ဆင္ထားမယ့္ X30 ရဲ႕ ပကတိပုံရိပ္ေတြလည္း ထြက္ေပၚလာခဲ့ၿပီးပါၿပီ။ X30 ရဲ႕ အေၾကာင္းအရာအေတာ္မ်ားမ်ားလည္း ေပါက္ၾကားၿပီးပါၿပီ။

ဒီတစ္ခါထပ္ၿပီးထြက္လာတဲ့သတင္းက Vivo X30 ရဲ႕ ကင္မရာအေၾကာင္းပါ။ Vivo ရဲ႕ Teaser အရ X30 ဟာ 64MP အဓိကကင္မရာနဲ႔ျဖစ္ပါတယ္။ မၾကာခင္က ထြက္ေပၚခဲ့တဲ့ ေၾကာ္ျငာဗီဒီယိုေတြအရဆိုရင္လည္း Vivo ဟာ X30 မွာ 50 mm lens ပါဝင္လာမယ္လို႔ သိရပါတယ္။

Portrait ႐ိုက္ခ်က္ေတြအတြက္ကေတာ့ 32MP sensor ျဖစ္မယ္လို႔ သိရပါတယ္။ Ultra-wide-angle ကင္မရာကေတာ့ 8MP ျဖစ္လာဖြယ္ရွိၿပီး၊ Periscope ကင္မရာကေတာ့ 13MP ဆင္ဆာနဲ႔ ျဖစ္ဖြယ္ရွိပါတယ္။ ကင္မရာပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ 60x digital zoom ပါဝင္မယ္ဆိုတာလည္း သိခဲ့ရၿပီး ျဖစ္ပါတယ္။ ဒါေတြကေတာ့ အခုအခ်ိန္အထိ သိရွိရၿပီးျဖစ္တဲ့ အခ်က္အလက္ေတြပါ။

ဒီမတိုင္ခင္ထိ Vivo ဟာ X30 ရဲ႕ ေက်ာဘက္ပုံစံေတြကိုပဲ ေဖာ္ျပခဲ့တာျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ အေရွ႕ဘက္ မ်က္ႏွာျပင္ကိုလည္း ျမင္ေတြ႕ရပါၿပီ။ Vivo X30 ရဲ႕ အေရွ႕ဘက္မ်က္ႏွာျပင္ညာဘက္အေပၚေထာင့္မွာ Punch-hole နဲ႔အတူ Selfie ကင္မရာကို တပ္ဆင္ထားတာ ျဖစ္ပါတယ္။ အရင္က ေပါက္ၾကားမႈေတြမွာ ျမင္ေတြ႕ရေပမယ့္ အခုျမင္ေတြ႕ရတာကေတာ့ တရားဝင္ပုံရိပ္ျဖစ္ပါတယ္။

အျခားအစိတ္အပိုင္းေတြအျဖစ္ Vivo VX30 ဟာ Exynos 980 chipset သုံးထားၿပီး 5G modem လည္း ပါဝင္မယ္လို႔ သိရပါတယ္။ OS ကေတာ့ JoviOS အျဖစ္ နာမည္သစ္နဲ႔ ျဖစ္လာဖြယ္ရွိပါတယ္။ ဒါေပမယ့္လည္း FuntouchOS အေနနဲ႔ပဲ ဆက္ၿပီးသုံးစြဲဦးမယ္လို႔လည္း သတင္းထြက္ထားတာေၾကာင့္ ေစာင့္ၾကည့္ရပါဦးမယ္။

Ref: GSM Arena