Vivo က ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ စမတ်ဖုန်း အသစ်တွေကို ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ Vivo V17 , Vivo S1 Pro နဲ့ Vivo Y9s တို့ ပါဝင်ပါတယ်။ အဲဒီ စမတ်ဖုန်း ၃ လုံးဟာ တူညီကြပြီး မတူညီတဲ့ နိုင်ငံတွေမှာ နာမည်ခွဲ ရောင်းချတာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ ဖုန်းကို ဩစတြေးလျ စတိုးဆိုင် JB Hi-Fi မှာ Vivo X50 Lite နာမည်နဲ့ စာရင်းတင်ထားပါတယ်။

Vivo X50 Lite မှာ Snapdragon 665 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ၆.၃၈ လက်မ AMOLED မျက်နှာပြင် ပါလာပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ microSD Card Slot လည်း တပ်ဆင်ပေးထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို စိန်ပုံစံ တပ်ဆင်ထားပြီး 48MP , 8MP Ultrawide, 2MP Macro နဲ့ 2MP Portrait ကင်မရာတွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ 4,500mAh ဘက်ထရီနဲ့ Android 10 အခြေပြု Funtouch OS 10 ပါလာပါတယ်။ JB Hi-Fi မှာ Nebula Blue နဲ့ Jade Black ၂ ရောင်ထုတ်လုပ်ထားပြီး ဩစတြေးလျ ဒေါ်လာ ၄၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်းခွဲလောက် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena