Vivo 1937 မော်ဒယ်နံပါတ် ပါတဲ့ Vivo ဖုန်း ၁ လုံးကို Google Play Console မှာ တွေ့လာရပါတယ်။ ဖုန်း နာမည်ကို မဖော်ပြထားပေမယ့် GCF နဲ့ WiFi Certification တွေက မော်ဒယ်နံပါတ်နဲ့ တူတဲ့အတွက် Vivo X50 Lite လို့ ထင်ပါတယ်။ Google Play Console မှာ Vivo X50 Lite ရဲ့ ဓါတ်ပုံကို တွေ့ရပြီး Full HD+ Resolution   မျက်နှာပြင် ပါလာမှာပါ။ 1080x2340p Resolution ဖြစ်ပြီး 480ppi ထောက်ပံ့ထားပါတယ်။

Snapdragon 665 Chipset မောင်းနှင်ထားပြီး Adreno 610 GPU နဲ့ 8GB RAM ပါလာမှာပါ။ Android 10 OS မောင်းနှင်ထားပြီး တခြား Specs တွေနဲ့ ရောင်းမယ့်အချိန်ကို မသိရသေးပါဘူး။ Vivo X50 Lite အပြင် Vivo X50 ကိုပါ ထုတ်လုပ်ရောင်းချနိုင်ပေမယ့် လက်ရှိအချိန်အထိ Vivo X50 သတင်း မထွက်လာသေးပါဘူး။

Vivo ရဲ့ ကုမ္ပဏီခွဲ iQOO က iQOO Z1 စမတ်ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပြီး MediaTek Dimensity 1000+ Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ iQOO Z1 ဟာ တရုတ်မှာ 3C Certification ကို ရထားပြီးပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က V1986A ဖြစ်ပါတယ်။ 44W Fast Charger ပါလာနိုင်ပြီး 120Hz or 144Hz Refresh Rate ထောက်ပံ့တဲ့ Punch Hole မျက်နှာပြင် ထည့်ထားနိုင်ပါတယ်။

Ref : gizmochina