Vivo ဟာ X50 စီးရီးသစ်ထဲမှာ ပုံမှန်စတိုင်မဟုတ်တဲ့ ကင်မရာနေရာချမှုနဲ့ နောက်ထပ်ဟန်းဆက်တစ်လုံးကို မိတ်ဆက်လာဦးမှာပါ။ ဒီစမတ်ဖုန်းသစ်မှာ ဒေါင်လိုက်ကင်မရာလေးလုံးကို ၁ – ၂ – ၁ အနေအထားနဲ့ ထူးထူးခြားခြား နေရာချထားပြီး Vivo X50 Pro လို့ ခေါ်ဆိုမှာဖြစ်ကာ ဒီနေ့ သူ့ရဲ့ Specs အပြည့်အစုံပါ Leak ဖြစ်လာခဲ့ပါတယ်။

Vivo X50 Pro ဟာ Snapdragon 765G ချစ်ပ်ဆက်အသုံးပြုထားပြီး 6.56” OLED Display က 90Hz Refresh Rate ရရှိမှာပါ။ မန်မိုရီက 8GB RAM ကို 128 သို့ 256GB Storage နဲ့ တွဲဖက်ရွေးချယ်နိုင်တယ်။ Punch-hole ထဲမှာ 32MP ဆဲလ်ဖီးကင်မရာတစ်လုံးပါဝင်ပါတယ်။

အဓိကကင်မရာကတော့ Sony IMX598 48MP Sensor ဖြစ်ပြီး 8MP Periscope Telephoto + 12MP 2x Optical Zoom + 8MP Ultrawide Sensor သုံးလုံးက ဝန်းရံထားပါတယ်။ ဘက္ထရီက 4,315 mAh ဖြစ်ပြီး 33W အားသွင်းစနစ်နဲ့ပါ။

Vivo X50 Pro ရဲ့ဈေးနှုန်းက ယွမ် ၃၉၉၈ (မြန်မာကျပ်ငွေ ခုနစ်သိန်းရှစ်သောင်းခွဲခန့်) ကျသင့်တယ်လို့ ဆိုထားပေမယ့် 128GB အတွက်လား၊ 256GB မော်ဒယ်အတွက်လား ဆိုတာတော့ မသိရပါဘူး။ ဒီဖုန်းကို ဇွန်လ ၁ ရက်နေ့မှာ မိတ်ဆက်လာတော့မှာဖြစ်တာကြောင့် တနင်္လာနေ့မှ အသေးစိတ်သိရှိရမှာပါ။

Ref – GSMArena