Vivo X50 Pro ကို ပြီးခဲ့တဲ့ ၁ ပတ်ကကြေညာခဲ့ပြီး အခုတော့ ရောင်းပေးလိုက်ပါပြီ။ တရုတ်က Tmall.com နဲ့ Suning တို့ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး Memory Configuration ၂ ခု ထုတ်လုပ်ထားပါတယ်။ Vivo X50 Pro ရဲ့ ကင်မရာ ဒီဇိုင်းက ဆန်းသစ်ပြီး 48MP Sony IMX598 Sensor ထည့်သွင်းထားပါတယ်။ Gimbal System ပါလာပြီး Stabilization က လက်ရှိ ဖုန်းတွေထဲမှာ ပြိုင်ဖက်ကင်း ဖြစ်လာပါတယ်။ ပင်မ ကင်မရာကို 8MP Ultrawide Angle , 8MP Periscope , 13MP Portrait ကင်မရာ ၃ လုံးနဲ့ အားဖြည့်ထားပါတယ်။

၆.၅၆ လက်မ OLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပြီး 33W Fast Charging ထောက်ပံ့တဲ့ 4,315mAh ဘက်ထရီ ပါလာပါတယ်။ Android 10 မောင်းနှင်ထားပြီး 5G ပါပါတယ်။

Vivo X50 Pro အတွက် အပြာနဲ့ အနက်ရောင် ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၄,၂၉၈ ယွမ်နဲ့ 8/256GB ကို ၄,၆၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၄ သောင်းနဲ့ ၉ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ လက်ရှိမှာ တရုတ်မှာပဲ ရောင်းချပေးထားပြီး Google Services မပါပါဘူး။ နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena