Vivo က X60 Series ကို ဒီလ ၂၉ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းတွေမှာ Samsung ရဲ့ ပထမဆုံး 5nm Chipset ဖြစ်တဲ့ Exynos 1080 မောင်းနှင်ထားမယ်လို့ သိရပါတယ်။ အခုတော့ Vivo က အဲဒီ စမတ်ဖုန်းတွေရဲ့ တရားဝင် ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး ထွက်လာမယ့် အရောင်တွေကို သိလာရပါပြီ။

Vivo X60 မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Periscope Lens မပါပါဘူး။ အရှေ့ဘက်မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံးကို Punch Hole မှာ ထည့်သွင်းထားပါတယ်။ အရောင်တွေကို ပြောရရင် White, Black နဲ့ Blue-ish Gradient တို့ ဖြစ်ပါတယ်။

Vivo X60 Pro မှာ Pearl White အရောင် မပါလာပေမယ့် Telephoto ကင်မရာ အတွက် Periscope Lens ပါလာမှာ ဖြစ်ပါတယ်။ ရိုးရိုး X60 မှာလို ပြားချပ်တဲ့ မျက်နှာပြင် မဟုတ်ဘဲ ဘေးဘက် ကွေးညွှတ်တဲ့ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Samsung Chipset နဲ့ OriginOS ပါတာကလွဲပြီး ကျန်တဲ့ Specs တွေ အကြောင်းကို မသိရသေးပါဘူး။ ပေါက်ကားနေတဲ့ သတင်းတွေအရ  48MP Main , 13MP Ultrawide နဲ့ 13MP Portrait ကင်မရာတွေ ပါလာနိုင်ပါတယ်။ X60 Pro မှာ 8MP Sensor ကို Periscope အောက်မှာ ထည့်သွင်းထားမှာ ဖြစ်ပြီး 5x Optical နဲ့ 60x Digital Zoom ထောက်ပံ့ထားမှာပါ။ မကြာခင်မှာ Vivo X60 Series ကို တရားဝင် မြင်ရတော့မယ်လို့ ထင်ပါတယ်။

Ref : gsmarena