Vivo ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက X30 Series Flagship စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလအတွင်းမှာ နောက်ထပ် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Vivo X60 Series စမတ်ဖုန်းတွေကို ထပ်မံမိတ်ဆက်ဦးမယ်လို့ ယူဆရပါတယ်။

အခုလည်း တရုတ်နိုင်ငံရဲ့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Vivo X60 Series စမတ်ဖုန်းတွေမိတ်ဆက်မယ့်အချိန်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး Vivo X60 ၊ X60 Pro အပြင် X60 Pro+ ဆိုပြီး ၃ မျိုး ထွက်ရှိလာမှာဖြစ်ပါတယ်။

Vivo X60 Series စမတ်ဖုန်းတွေဟာ Samsung ရဲ့ 5nm Exynos 1080 Chipset ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Chipset ဟာ လက်ရှိထွက်ရှိထားတဲ့ Benchmark တွေအရ Qualcomm Snapdragon 865 ထက်တောင် ပိုကောင်းမွန်နေတာဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ကတော့ 120Hz Refresh Rate Support နဲ့ Display အပေါ်ဘက် အလယ်မှာ Single Punch-hole Selfie Camera ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။

Vivo ရဲ့ X Series စမတ်ဖုန်းတွေဟာ Design ပိုင်းအရရော၊ စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်တဲ့စမတ်ဖုန်းတွေဖြစ်တဲ့အတွက် အခု Vivo X60 Series ဖုန်းတွေကလည်း တော်တော်လေးကို ကောင်းမယ်လို့ ယူဆရပါတယ်။ Camera ပိုင်းမှာလည်း Vivo X50 Series လိုမျိုး Gimbal Camera Setup ပါဝင်လာနိုင်သလို 33W Fast Charging ၊ Origin OS အသစ်တွေကိုပါ အသုံးပြုလာဖွယ်ရှိနေပါတယ်။

Ref – Gizmo China