[Unicode]

Vivo က အိန္ဒိယမှာ ဈေးချိုတဲ့ ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Vivo Y11 ဖြစ်ပြီး အဲဒီ ဖုန်းဟာ ပြီးခဲ့တဲ့ လအနည်းငယ်က ဗီယက်နမ်မှာ ကြေညာခဲ့တဲ့ မော်ဒယ်နဲ့ အတူတူပါပဲ။ Vivo Y11 မှာ ၆.၃၅ လက်မ HD+ မျက်နှာပြင်ပါပြီး 1544x720p Resolution ဖြစ်ပါတယ်။ Octa-core Qualcomm Snapdragon 439 Chipset မောင်းနှင်ထားပြီး Adreno 505 GPU ပါပါတယ်။ 3GB RAM နဲ့ 32GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

Vivo Y11 မှာ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါတဲ့ အတွက် ဘက်ထရီ သက်တမ်းက ရှယ်လန်းမှာပါ။ အနောက်ဘက်မှာ 12MP Main နဲ့ 2MP ကင်မရာ ၂ လုံးကို LED Flash ၁ လုံးနဲ့ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါပါတယ်။ Android 9 Pie OS အခြေပြု FunTouch OS မောင်းနှင်ထားပါတယ်။

ဆက်သွယ်မှု အပိုင်းမှာ Dual SIM, 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth v4.0, GPS, GLONASS, OTG နဲ့ micro USB တွေ ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 159.43 x 76.77 x 8.92 mm ဖြစ်ပြီး အလေးချိန်မှာ ၁၉၀.၅ ဂရမ် ရှိပါတယ်။

အိန္ဒိယမှာ ၈,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁၉၀,၀၀၀ လောက်ရှိပါတယ်။ ၂၁ ရက်မှာ အိန္ဒိယက Vivo ရဲ့ ပါတနာဆိုင်အားလုံးကနေ ရောင်းပေးမှာ ဖြစ်ပြီး Jade Green နဲ့ Coral Red အရောင် ၂ မျိုး ထုတ်လုပ်ထားပါတယ်။

Ref : gizmochina

[Zawgyi]

ျမန္မာေငြနဲ႔တြက္ရင္ ၂သိန္းနီးပါး က်သင့္မယ့္ Vivo Y11 ကို အိႏၵိယမွာ ေၾကညာၿပီ

Vivo က အိႏၵိယမွာ ေစ်းခ်ိဳတဲ့ ဖုန္း အသစ္ ၁ လံုးကို ေၾကညာလိုက္ပါတယ္။ Vivo Y11 ျဖစ္ၿပီး အဲဒီ ဖုန္းဟာ ၿပီးခဲ့တဲ့ လအနည္းငယ္က ဗီယက္နမ္မွာ ေၾကညာခဲ့တဲ့ ေမာ္ဒယ္နဲ႔ အတူတူပါပဲ။ Vivo Y11 မွာ ၆.၃၅ လက္မ HD+ မ်က္ႏွာျပင္ပါၿပီး 1544x720p Resolution ျဖစ္ပါတယ္။ Octa-core Qualcomm Snapdragon 439 Chipset ေမာင္းႏွင္ထားၿပီး Adreno 505 GPU ပါပါတယ္။ 3GB RAM နဲ႔ 32GB Storage ထည့္သြင္းထားၿပီး microSD Card စိုက္ႏုိင္ပါတယ္။

Vivo Y11 မွာ အရြယ္ႀကီး 5,000mAh ဘက္ထရီ ပါတဲ့ အတြက္ ဘက္ထရီ သက္တမ္းက ရွယ္လန္းမွာပါ။ အေနာက္ဘက္မွာ 12MP Main နဲ႔ 2MP ကင္မရာ ၂ လံုးကို LED Flash ၁ လံုးနဲ႔ ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္မွာ 8MP ကင္မရာ ၁ လံုး ပါပါတယ္။ Android 9 Pie OS အေျချပဳ FunTouch OS ေမာင္းႏွင္ထားပါတယ္။

ဆက္သြယ္မႈ အပိုင္းမွာ Dual SIM, 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth v4.0, GPS, GLONASS, OTG နဲ႔ micro USB ေတြ ပါပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားပါတယ္။ အရြယ္အစား အျပည့္အစံုမွာ 159.43 x 76.77 x 8.92 mm ျဖစ္ၿပီး အေလးခ်ိန္မွာ ၁၉၀.၅ ဂရမ္ ရွိပါတယ္။

အိႏၵိယမွာ ၈,၉၉၀ ရူပီး သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၉၀,၀၀၀ ေလာက္ရွိပါတယ္။ ၂၁ ရက္မွာ အိႏၵိယက Vivo ရဲ႕ ပါတနာဆိုင္အားလံုးကေန ေရာင္းေပးမွာ ျဖစ္ၿပီး Jade Green နဲ႔ Coral Red အေရာင္ ၂ မ်ိဳး ထုတ္လုပ္ထားပါတယ္။

Ref : gizmochina